Saturday, September 20, 2014

"WORK - WORK - WORK"


"WORK - WORK - WORK"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့
“အီဗရာဟင်လင်ကွန်း” ရဲ့အကြောင်း လေးတစ် ခုပါပဲ။
လေ့လာဖူးသူတိုင်း သိနိုင်တဲ့အချက်ကလင်ကွန်းဆိုတာ
ကျောင်းတောင်မှ ဖြစ်ဖြစ်မြောက်မြောက် နေ ခဲ့ရသူ မဟုတ်ဘူး။
သူ့ရဲ့ငယ်စဉ်ဘဝ တစ်လျှောက်လုံးလည်း အလုပ်ကြမ်းသမား
ဘဝနဲ့ ဆင်းဆင်းရဲရဲ ကျော်ဖြတ်ခဲ့ရတဲ့သူ။ ဒါပေမဲ့
နောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ
ထွန်းတောက်ဆုံး သမ္မတတစ် ယောက် ဖြစ်လာခဲ့ရသူပါဆိုတာ
သိကြပါတယ်။


တစ်နေ့ သမ္မတရုံးခန်းမှာ “လင်ကွန်း” အလုပ်လုပ်နေတုန်း
သူ့ရဲ့ရုံးလုလင်ကလေး တစ်ယောက်ဟာ ဘာအ လုပ်မှမလုပ်ဘဲ
“လင်ကွန်း” ကိုပဲ ငေးကြည့်နေတာ တစ်ချိန်လုံးလိုလိုပါပဲ။
ပထမတော့ လင်ကွန်းကလည်း သတိမထားမိပါဘူး။ ဒါပေမဲ့
နောက်တော့ လင်ကွန်းက သတိပြုမိလာပြီး အဲဒီသူငယ်လေးကို
သူ့အနားလာခဲ့ဖို့ လှမ်းခေါ်လိုက်ပါတယ်။

အနားကို ရောက်လာတော့မှ
“မင်းတစ်ချိန်လုံး ငါ့ကိုပဲ စိတ်ဝင်တစား ငေးကြည့် နေတာ
ငါသတိပြုမိတယ်။ အဲဒါ ဘာကြောင့်လဲဆိုတာ
မင်းငါ့ကိုပြောပြနိုင်မလား”
ဆိုတော့ အဲဒီလူငယ်က ချက်ချင်းဆိုသလိုပဲ အားရတက်ကြွစွာနဲ့
“ကျွန်တော်သမ္မကြီးကို အရမ်းလေးစား ကြည်ညိုပါတယ်။
သမ္မတကြီးဟာ သာမန်ဆင်းရဲသား ဘဝကနေ သမ္မတဖြစ်လာတယ်
ဆိုတာလည်း ကျွန်တော်သိပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေတာ
တစ်ခုက မှန်ချင်လည်းမှန်မယ် မှားချင်လည်းမှားမယ်။
သမ္မတကြီးမှာ အရမ်း ကောင်းတဲ့ အရည်အချင်းတစ်ခုခု ရှိနေမယ်လို့
ထင်ပါတယ်။ အဲဒါဘာလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။
ဖြစ်နိုင်ရင် အဲဒီအရည်အချင်းမျိုး ကျွန်တော့်မှာရှိရင် ကောင်းမှာပဲလို့
တွေးပြီး သိချင်နေတာပါပဲ။ အပန်းမကြီး ဘူးဆိုရင် ကျွန်တော့်ကို
ပြောပြပါလား” ဆိုတော့ လင်ကွန်းက ချက်ချင်းဆိုသလိုပဲ
အဲဒီလူငယ်ကို စာရွက် နဲ့ရေးလို့ရမယ့်ဟာ တစ်ခုခု ယူလာခဲ့ရင်
အဲဒီအရည်အချင်းက ဘာလဲဆိုတာ ပြောပြမယ်။ ရေးပြမယ်လို့ ဆိုတော့
လူငယ်က စာရွက်နဲ့ ကလောင်တံကိုယူပြီး လင်ကွန်းကို ပေးပါတယ်။
ဒီတော့လင်ကွန်းက အဲဒီ စာရွက်ပေါ်မှာ စာလုံးသုံးလုံး ရေးပြလိုက်
ပါတယ်။ အဲဒီစာလုံး သုံးလုံးကတော့ WORK . . WORK . . WORK . .
ဆိုတဲ့ စကားလုံးတွေပါပဲ။အဓိပ္ပာယ်ကတော့ “အလုပ်လုပ်ပါ..
အလုပ်လုပ်ပါ.. အလုပ်လုပ်ပါ..” ပေါ့။

နောက်ဆက်တွဲပြောရရင် သေသေ ချာချာလုပ်ပါ။
ဂရုစိုက်ပြီး အမြဲမပြတ်လုပ်ပါ။
အောင်မြင်ပြီးမြောက်တဲ့အထိ မနေမနားလုပ်ပါလို့ ဆိုလိုတာပါပဲ။

မှန်ပါတယ်။

*** “အလုပ်လုပ်ရာမှာ အောင် မြင်မည် မအောင်မြင်မည်မှာ
မိမိတာဝန်မဟုတ်။ စွဲမြဲစွာ ကြိုးစားလုံ့လ ပြုရမည်သာလျှင်
မိမိ၏တာဝန်ဖြစ်သည်” ***
လို့ ဆရာကြီး ဦးပဂျီငိုက ဆိုခဲ့ဖူးပါတယ်။

ဂျပန်စကားပုံ တစ်ခုမှာ လည်း
*** “ကိုယ်ကသာ အကောင်းဆုံးလုပ်ပါ
ကျန်တာကတော့ ကံတရားပဲ” ***
လို့ ဆိုပါတယ်။

ဒါကြောင့် ဒီကနေ့လူငယ်တွေနဲ့ ကြုံတဲ့အခါ လုပ်တော့လုပ်တာပဲ။
ဒါပေမဲ့ ဖြစ်မလာဘူးဆိုပြီး အားလျှော့တဲ့ စကားလေးတွေ
ကြားရတော့
*** “ဖြစ်လာတဲ့ထိအောင် မလုပ်သေးလို့နဲ့ တူပါတယ်” ***
လို့ ပြန်ပြောမိပါတယ်။

(ဘစံကောက်)
ဆောင်းပါးရှင် "ဘစံကောက်" ၏
"ကံကြမ္မာရဲ့ အရှင်သခင်ပဲ ဖြစ်ပါစေ" ဆောင်းပါးမှ

credit to ..... Eleven Media Group

No comments:

Post a Comment