Tuesday, July 19, 2016

TRUE IMAGES (518)

“သတိတွေ ရှိပါမှ”

“အတောင်ပံအသစ်နဲ့ ပျံသန်းခြင်း”


“အတောင်ပံအသစ်နဲ့ ပျံသန်းခြင်း”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
ငှက်တစ်မျိုးဖြစ်ပြီးအသက် ၇၀ အထိ အသက်ရှင်နေထိုင်
နိုင်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက်
သူတို့ရဲ့အသက် ၄၀မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက်
အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ
သားကောင်ကိုဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။
နှုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
ကောက်လာပြီး အတောင်တွေကလဲ
အရမ်းလေးလာပါတယ်။
အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။

သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။
ဒီအတိုင်းနေပြီးဘာမှမလုပ်တော့ပဲအသေခံမလား? 
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ဖြတ်သန်းပြီး
အသက်ဆက်ရှင်မလား?
မစွန့်စားပဲသေရတာထက်စာရင်
စွန့်စားပြီးသေရတာကပိုမြတ်ပါလိမ့်မယ်။

ဒါကြောင့်အလွန်မြင့်တဲ့တောင်တစ်ခုဆီပျံသန်းသွားပြီး
အသိုက်တစ်ခုတည်ဆောက်လိုက်ပါတယ်။
ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနေပါတယ်။
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ
ရက်ပေါင်း (150) နှစ်ဝက်နီးပါးကြာပါတယ်။

ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို
ကျောက်ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။
ပြီးတော့နှုတ်သီးအသစ်ထွက်လာတဲ့အထိ 
တိတ်ဆိပ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။

နှုတ်သီးအသစ်ထွက်လာတော့ အဲ့ဒီ နှုတ်သီးနဲ့ပဲ
ခြေသည်းတွေကိုတစ်ခုပြီးတစ်ခုဆွဲနုတ်ရပါတယ်။
ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်
ပါတယ်။

အတောင်ပံအသစ်တွေထွက်လာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက ၁၅၀ ပါပဲ ။
အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ
သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို
နောက်ထပ် နှစ်ပေါင်း ၃၀ မျှ
ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး အသက် ၇၀ ထိ
အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်းလဲမှုကို
ပြောချင်တာပါ။

တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက်
ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချကြရပါတယ်။

ဘဝကိုအောင်အောင်မြင်မြင်နဲ့
ဆက်လက်ဖြတ်သန်းချင်ရင်တော့
ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ ထုံးစံတွေကိုလွှင့်ပစ်ရပါ
လိမ့်မယ်။

ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ
အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။

ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုတ်နိုင်ပြီး
လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့
မလိုလားအပ်တဲ့အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် 
အသိဥာဏ်ရှိတဲ့လူသားတွေကရော 
ကိုယ့်ကိုယ်ကို(change)မလုပ်နိုင်ကြဘူးလား?
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။

လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း
မကောင်းတဲ့စရိုက်တွေကိုမစွန့်လွှတ်နိုင်ကြဘူးလား?
မပြောင်းလဲ နိုင်ကြဘူးလား?
ဒီအတိုင်းဆက်သွားမလား ဆိုတာ
စဉ်းစားစေချင်ပါတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)
(စာပေဟောပြောပွဲမှ)

credit to ... Vegabond

TRUE IMAGES (517)

စည်းလုံးမှုမရှိခဲ့ရင် ... (သို့)
သူတလူ ငါတစ်မင်းဆိုရင် ...

“မင့်အိမ်”

“မင့်အိမ်”
။။။။။။။။။။။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက် မကောင်း
စိတ်ထောင်း ကိုယ်ကြေ၊
တခွေခွေသည်
နေထိ ကြွေမည့် ပန်းယဉ်အိ။

လှိုင်း၏အယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း၊
မင်း ယော်ယမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်။

မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်း တက်ဖာပေါ့ ...
အကာ အခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့ ...
အခွင် အနဲ့၊ အရွဲ့အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

(ဇော်ဂျီ)

credit to ... ဆရာ ဇော်ဂျီ အွန်လိုင်း စာအုပ်စင်

“နှစ်သစ်ဆုတောင်း”

“နှစ်သစ်ဆုတောင်း”
။။။။။။။။။။။။။။။။။။။။။။။

“ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
ဒီနှစ်သစ်ကို
သူငယ်ချင်းအားလုံး
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာနဲ့
ဖြတ်သန်းနိုင်ကြပြီး
ဆန္ဒနဲ့ ဘ၀ ထပ်တူကျပါစေကြောင်း
ဆုတောင်းပေးပါတယ်။”

(mhp)