Sunday, May 31, 2015

TRUE IMAGES (408)

"ဘယ်နေရာတွေကို သွေးထိုးထားလဲ?"

"အနှစ်နှစ်ဆယ်ကျော် လူငယ်"

"အနှစ်နှစ်ဆယ်ကျော် လူငယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ သမိုင်းဆိုတာ မ "အ" အောင်သင်တာ
(ဒေါက်တာသန်းထွန်း)
ကျောင်းသားဘ၀ တစ်လျောက်လုံး
သင်ရိုးညွန်းတန်း သမိုင်းတွေသင်ရင်း
"အ" ခဲ့ကြတယ်။
.
@ သတင်းစာ တစ်ရက်မဖတ်ရင်
တစ်ရက် ခေတ်နောက်ကျတယ်လို့
ငယ်ငယ်က
စာစီစာကုံးရေးခဲ့ရင်းနဲ့
မြန်မာ့အလင်းနဲ့ ကြေးမုံ
နှစ်ခုပဲ ဖတ်ရင်း
အနှစ်နှစ်ဆယ်လောက်
ခေတ်နောက်ကျခဲ့ကြတယ်။

@ တက္ကသိုလ် .....
အရက်သောက်ပါ
ဖဲရိုက်ပါ
ရည်းစားထားပါ
ပျော်သလိုနေပါ
ဘွဲ့လက်မှတ်တစ်ခုတော့
အချိန်တန်ရင် ရမယ်။

တရားမျှတမှုတို့
ကျောင်းသားအခွင့်အရေးတို့
လွတ်လပ်ခွင့်တို့
မင်းခေါင်းကသာ မတွေးမိရင်ပေါ့ …
မင်းပါးစပ်က ထုတ်မပြောမိရင်ပေါ့။

@ *** ရေးခွင့် ရနေပြီ ဆိုပေမယ့်
    *** ပြောခွင့်ရနေပြီ ဆိုပေမယ့်
ကြောက်တတ်အောင် သင်ကြားခံခဲ့ရလို့
ငါတို့
ဆွံအမှုတွေကြားမှာ
အိပ်ပျော်နေကြဆဲ ..... ။ ။

(ကို ရေဦး)

credit to ... jyein

Saturday, May 30, 2015

TRUE IMAGES (407)

"ပြင်ရခက်အောင် လုပ်ခဲ့လို့ပါ။"

"သတ္တိရှိရဲ့လား?"

"သတ္တိရှိရဲ့လား?"
။။။။။။။။။။။။။။။။။။။

“အဲဒီပုဒ်မ ၅၉ (စ) ပေါ့။

အဲဒီပုဒ်မက ကျွန်မကို သမ္မတ မဖြစ်အောင်
ထည့်သွင်းထားတဲ့ ပုဒ်မပါ။

ပြောင်းမလား၊ မပြောင်းဘူးလား ဆိုတာကတော့
သတ္တိရှိရင် ပြောင်းလိမ့်မယ်။
သတ္တိမရှိရင် မပြောင်းပါဘူး။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... Florwer News Journal
via The Voice Weekly

Friday, May 29, 2015

TRUE IMAGES (406)

"အသင် ... စေတနာပါရဲ့လား?
(သို့) ဟန်ပြ"

"အသင် ... ရိုးသားရဲ့လား?"

"အသင် ... ရိုးသားရဲ့လား?"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   


“ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူတစ်ယောက်
ဖြစ်ဖို့အတွက် ဆိုရင်တော့
အမှန်တကယ်ဖြစ်နေတာတွေကို
အမှန်အတိုင်း လက်ခံဖို့ လိုပါလိမ့်မယ်။

အမှန်တကယ် ဖြစ်နေတာတွေကို
အမှန်အတိုင်း လက်မခံပဲနဲ့တော့
ရိုးသားသူ တစ်ယောက်
ဘယ်နည်းနဲ့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

အမှန်အတိုင်း လက်မခံနိုင်သူ တစ်ယောက်ရဲ့
နှုတ်က ထွက်လာတဲ့ ရိုးသားဟန် နှုတ်ထွက်စကားနဲ့
လုပ်ရပ်များဟာလဲ
အယောင်ဆောင်ဟန်ပြ
အတုအယောင်များသာ ဖြစ်ပါလိမ့်မယ်။”

( အရှင်ဥာဏိကာဘိသ )

ဆောင်းပါးရှင် "အရှင်ဥာဏိကာဘိသ" ၏
"ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ"  ဆောင်းပါးမှ

credit to ... mee-pya-tite

Thursday, May 28, 2015

TRUE IMAGES (405)

"fair play မဖြစ်တာ
သူ(တို့)ချည်းပဲ နိုင်ချင်လို့ပေါ့ကွယ် ..."

"နားလည်မှုလွဲခြင်း"

"နားလည်မှုလွဲခြင်း"
။။။။။။။။။။။။။။။။။။။။။။။

“လူနှစ်ယောက်ရဲ့ ကြားကို
အဆိုးရွားဆုံး ဝေးကွာသွားစေတာကတော့
နားလည်မှုလွဲကြခြင်းကြောင့်ပါပဲ။”      

“The worst distance between two people is
misunderstanding”
(Neetesh Dixit)

credit to ... goodreads

Wednesday, May 27, 2015

TRUE IMAGES (404)

“နောက်ဆုံး … ပြည်သူပိုင်မှာက အခွံ”

"ခေါင်းဆောင်ကောင်းရဲ့ စိတ်ဓါတ်"


"ခေါင်းဆောင်ကောင်းရဲ့ စိတ်ဓါတ်"
။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။

‘‘ကျွန်မတို့ ရွေးကောက်ပွဲနိုင်ချင်ပါတယ်

ဒါပေမဲ့ ရွေးကောက်ပွဲနိုင်တာကို ရွေးမလား?
တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမလား? ဆိုရင်
ကျွန်မတို့ တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမယ်။

ရွေးကောက်ပွဲ နိုင်ခြင်း - ရှုံးခြင်းသည် တစ်ခဏပဲ။

တိုင်းပြည်အတွက် မှန်ကန်တဲ့လမ်းကို မရွေးမိလို့ရှိရင်
နိုင်ငံရဲ့အနာဂတ် အင်မတန်မှ နာသွားမယ်။

အဲဒီ တော့ ကျွန်မတို့ ရွေးကောက်ပွဲ နိုင်ချင်တယ်။
နိုင်အောင်လည်းကြိုး စားမယ်။

ဒါပေမဲ့ …
ဘာလုပ်လုပ် နိုင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတော့
ကျွန်မတို့မလုပ်ဘူး။”

(ဒေါ်အောင်ဆန်းစုကြည်)

ဆောင်းပါးရှင် " မောင်ကြည်" ၏
"ဘာလုပ်လုပ်နိုင်ရင်ပြီးရောလား" ဆောင်းပါးမှ

credit to ... 7daydaily

Tuesday, May 26, 2015

TRUE IMAGES (403)

"အဲဒါ ... အဓိက"

"ဝက္ကလိများ"


"ဝက္ကလိများ"
။။။။။။။။။။။။။။။

@ ဗုဒ္ဒ သက်ရှိထင်ရှားရှိစဉ်က
ဝက္ကလိ အမည်ရှိတဲ့ရဟန်းတစ်ပါး
ဗုဒ္ဒကို ကြည်ညိုလွန်း
အားကြီးတာကြောင့်
မျက်တောင်မခတ် ကြည်ညို
မျက်နှာတော်ကို မဖူးရရင်
ဘ၀င်ညိုစိတ်နွမ်းလို့
နေ့ညမပြတ် ဗုဒ္ဒ ရဲ့မျက်နှာတော်ကို
ဖူးလျှက် ရှိသတဲ့ ... ။

@ ဒီတော့ ဗုဒ္ဓက
“ချစ်သား …
ဒီ … အသုဘခန္ဓာကို
ကြည်ညိုသဒ္ဒါပွားရုံ နဲ့တော့
အားရလို့ကျေနပ်ရင်
မင်းအတွက် အကျိုးမရှိ
ငါဟောသည့်တရား
ဥာဏ်ပိုင်းခြားပြီး ကြိုးထုတ်
တရား အလုပ်ကိုဘဲလုပ်ပါလို့
ဒီလို ဆုံးမလာသတဲ့ ... ။

@ ဒါပေမယ့် ...
စစ်မှန်တဲ့ တရားကိုဘေးချိတ်
လောကီစိတ်နဲ့ ချစ်ခင်ထား
ဗုဒ္ဓဘုရားရဲ့ ဆုံးမစကားကို
မလိုက်နာလို့
နောက်ဆုံးတော့
အဲဒီ ရဟန်းကို
ကျောင်းတော်က နှင်ထုတ်သွား
ဥပေက္ခာ ထားလိုက်ရတာပေါ့ ... ။

@ သြော် .... ခုခောတ်မှာတော့
"ဟိုမှာ ဗုဒ္ဒ ရုပ်ပွားတော်မြတ်
အလွန်တန်ခိုး ထက်သဟေ့
လာဟေ့ သူငယ်ချင်း
လာဘ် လာဘ ပွင့်ပြီး
ဘေးကင်း ရန်စွယ်
မီးကွင်းတယ်ဆို ဘဲ
ရုတ်ရုတ်သဲသဲ ကိုးကွယ်ကြ ... ။

@ သြော် ... လွဲလိုက်တဲ့အယူဝါဒ
ဒုက္ခ ပါလားနော်
ဗုဒ္ဓသာ သက်ရှိထင်ရှားရှိရင်
သင်းတို့ရဲ့ အမှား
ဘယ်လိုများ ချေချွတ်
မကျွတ်လို့ကတော့
သာသနာ ရဲ့ပြင်ပ
နှင်ထုတ်ကြမလား မသိ
တွေးမိပြီး သံဝေဂရ

" သြော် ...
လောဘ ... လောဘ " ။ ။

(ကိုစိုးနိုင်)

credit to .... soenaingu

Sunday, May 24, 2015

TRUE IMAGES (402)

"ဒါကြောင့် ... ဖေါင်းပြီး ပွလာတာကိုး ...."

"ငြိမ်းချမ်းရေး ဆိုတာ"


"ငြိမ်းချမ်းရေး ဆိုတာ"
။။။။။။။။။။။။။။။။။။။။။။။။


“ငြိမ်းချမ်းရေးကို
အင်အားသုံးပြီး
တည်ဆောက်လို့ မရနိုင်ဘူး။
နားလည်မှုနဲ့သာ
တည်ဆောက်ရယူနိုင်ပါမယ်။”

Peace cannot be kept by force.
It can only be achieved by understanding.

(Albert Einstein)

credit to .... Nuclear Age Peace Foundation