Friday, September 5, 2014

"ယုံရခက်ကြီး"


"ယုံရခက်ကြီး"
။။။။။။။။။။။။။။။။။

၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံရှိ
လူဦးရေ ၅၇ သန်းကျော်အနက် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေမှာ ၂၇
သန်းကျော် ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုပေး
ရန် ထောက်ခံသည့် ရာခိုင်နှုန်း မှာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း
ဖြစ်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က
၂၀၀၈ ခုနှစ် မေ လ ၂၆ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

*** “(၆) နှစ် ကြာပြီးနောက်” ***

၂။ ၂၀၁၄ ခုနှစ် သြဂုတ် ၂၉ ရက်တွင်ဗဟိုသန်းခေါင် စာရင်း ကော်မရှင်က
ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် မြန်မာနိုင်ငံ တွင် လူဦးရေ ၅၁ ဒသမ ၄ သန်း
ကျော်ရှိကြောင်း ထုတ်ပြန်သည်။

၃။ ထိုသို့ကွာဟနေခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ် ဝေဖန်မှုများ ထွက်ပေါ်
လာသည်။

ထောက်ပြဝေဖန်မှုများ
။။။။။။။။။။။။။။။။။။။။။။။။။။

@ “အခု သန်းခေါင်စာရင်း ကောက်ယူမှုပေါ်မှာ အခြေခံပြီး ထုတ်ပြန်တဲ့
စာရင်းဟာအမှန်နဲ့ အများဆုံး နီးစပ် နိုင်ပါတယ်။ UNFPA အပါအ၀င် နိုင်ငံ
တကာရဲ့ အကူအညီနဲ့ ထောက်ပံ့ထားတဲ့ စာရင်းဆိုတဲ့ အတွက်ကြောင့် ပေါ့။
စာရင်းဇယားတွေနဲ့ ပတ်သက်လို့က အရင်တုန်းက ခန့်မှန်းစာရင်းနဲ့ပဲ
လုပ်နေကြတော့ အုပ်ချုပ်ရေး ယန္တရားပိုင်းက အလုပ်မလုပ်တဲ့ သဘောပေါ့။

{လူကြီး အလိုကျ ကိန်းဂဏန်းတွေကို လိုသလို ပြောင်းလဲ တာတွေပေါ့။
ဘယ်တုန်းကမှ စာရင်းဇယားတွေဟာ မမှန်ကန်ခဲ့ဘူး။ အောက်ခြေက
တင်လိုက်တဲ့ စာရင်းတွေက အလယ်လောက် ရောက်ရင် လိုအပ်သလို ပြောင်း
လဲလိုက်တဲ့ အခြေအနေ တွေကြောင့်ပေါ့}”

(နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာသောင်းထွန်း)

@ “ပြီးခဲ့တဲ့ ကောက်ခံတဲ့ စာရင်းတွေ ထက်စာရင် လက်ရှိဦးခင်ရီတို့ ကောက်တဲ့
စာရင်းက ယုံကြည်နိုင်ဖွယ် အရှိဆုံးစာရင်း ဇယားလို့တော့ ပြောလို့ရတယ်။ စာရင်းဇယား ကောက်တယ်ဆိုတာ သုံးတဲ့နေရာပေါ်မှာမူတည်တာပဲလေ။
ရွေးကောက်ပွဲအတွက် ဆိုရင်လည်း စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင်၊
မဲပေးပိုင်ခွင့် အပြည့်အ၀ရအောင် လိုလားပါတယ်။
ဒီလိုကွာဟမှုတွေကို ပြောမယ်ဆိုရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်း
သလို ဖြစ်နေတာပေါ့။
{၂၀၀၈ ဖွဲ့စည်းပုံကို မဲပေးစဉ်ကလည်း ကျွန်တော်တို့ ကိုယ်တိုင် ကန့်ကွက်ခဲ့
တာလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီ မဲဆန္ဒနယ်က အကုန်လုံး ထောက်ခံပါတယ် ဆိုတာမျိုးလည်း ဖြစ်သွား တာပေါ့။}”

(ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်)

@ *** ‘‘ဒါဆိုရင် သန်းခြောက်ဆယ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံ
ထောက်ခံတယ်ဆိုတဲ့ ရာခိုင်နှုန်း တွေက ယုံရခက်စရာဖြစ်သွားပြီ” ***

‘‘ကွာဟနေတဲ့ ကိန်းဂဏန်း ကို သေတာ၊မွေးတာနဲ့ မပြောသေးဘူး။ နိုင်ငံခြားရောက်နေတဲ့သူ တွေနဲ့ပဲ ပြောမယ်ဆိုရင် ဒီ ခြောက်နှစ်ကျော်ကာလအတွင်း နိုင်ငံခြား ရောက်တဲ့သူတွေ ခြောက်သန်း
လောက် ရှိနိုင်သလားမေးခွန်း ထုတ်ရမယ်။
{ဘယ်လို မေးခွန်းထုတ်ထုတ်၊ ဖွဲ့စည်းပုံရလဒ်က ယုံမှားစရာအကြောင်း
တရားတွေ အများကြီးတွေ့နေရတယ်}”

(နိုင်ငံရေးစောင့်ကြည့်လေ့လာသူနှင့် ရှေ့နေ ဦးမင်းတေဇ)

@ အထက်ပါ ထောက်ပြဝေဖန်မှုများ နဲ့ post photo ကို နှိုင်းယှဉ်သုံးသပ်ပြီး
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၅၇
သန်းကျော်အနက် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေမှာ ၂၇ သန်းကျော် ရှိပြီး ဖွဲ့စည်းပုံ
အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်း မှာ
၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး
ကော်မရှင်က ၂၀၀၈ ခုနှစ် မေ လ ၂၆ရက်တွင်
ထုတ်ပြန် ကြေညာခဲ့သည် …. ဆိုခြင်းမှာ ?????

“နားလည်ခြင်းများစွာဖြင့် တွေးဆနိုင်ကြပါစေ။”

credit to .... 7Day News Journal / thawthikho &
မြန်မာသံတော်ဆင့်သတင်းဌာန via thithtoolwin

No comments:

Post a Comment