Tuesday, September 29, 2015

"ရယ်ဘွယ်အကောင်းဆုံးသူများ"

"ရယ်ဘွယ်အကောင်းဆုံးသူများ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ကမ္ဘာပေါ်တွင်
ရယ်ဘွယ်အကောင်းဆုံးသူများသည်
"ဘာမဆိုအကုန်သိသူများ"
ဖြစ်ကြသည် ။

သူတို့သည်
တဆင့်ခံအသိပညာတပိုင်းတစများကို
ကောက်ယူကာ
မိမိတို့ကိုယ်ကို "ဇမ္ဗူတလူ" အဖြစ်
ဟိတ်ဟန် ထုတ်ကြသည်။

The most ridiculous person
in the world is
the "knowall"
who picks up a smattering of
hearsay knowledge and
proclaims himself
"the world's Number One authority".

(Mao Zedong)

credit to ... Celebrity Types &
Beautiful thing

Monday, September 28, 2015

Friday, September 25, 2015

"လူလိမ်၊ လူမိုက်၊ လူယုတ်မာ ကောက်ကြောင်း"

"လူလိမ်၊ လူမိုက်၊ လူယုတ်မာ ကောက်ကြောင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လူဖြစ်လာလျှင် လူနှင့် လူ့ပတ်ဝန်းကျင်
မပတ်သက်လို့ မရ။
လူတွေထဲမှာ လူလိမ် လူကောက်တွေ ပါမည်
ဆိုသည်ကို လူတိုင်း နားလည်သည်။

တကယ်တမ်းမှာ လူလိမ်လူကောက်က
လူတွေအားလုံးထဲမှာ လူနည်းစုဖြစ်သည်။
ထို့ကြောင့် လူတိုင်းကို လူလိမ်လူကောက်လို
သဘောထားပြီး ဆက်ဆံလို့ မဖြစ်။

ဤအချက်က ပြု ပြင်ဖို့ မဖြစ်နိုင်သည့်
အမှန်တရားဖြစ်သလို
လူလိမ်လူကောက်များအတွက်
အခွင့်အရေးလည်း ဖြစ်သည်။

လိမ်မည့်သူက စတင် ချဉ်းကပ်ကတည်းက
လိမ်ဖို့ ရည်ရွယ်ရင်း ရှိပြီးဖြစ်၍
အလိမ်ခံရမည့်သူထက် တစ်ပန်းသာပြီးသား
ဖြစ်သည်။
လိမ်ဖို့ ဗျူဟာ အခင်းအကျင်းကို ကြိုတင်တွက်ဆ
စဉ်းစားပြီးသား ဖြစ်သည်။

လူလိမ်လူကောက်များတွင် ဂျို(ချို) ပါသည် မဟုတ်သဖြင့်
အတွေ့အကြုံရင့်သော လူလိမ်ကို
ကြိုတင်သိဖို့ အခွင့်အလမ်းနည်းသည်။

လူလိမ်သည်လည်း အကွက်ကျကျ ဥာဏ်များသည်
ဖြစ်သောကြောင့်
လူယုတ်မာနှင့် သဘောတရားတူသည်ဟု ဆိုနိုင်သည်။
ကွာခြားသည့် အချက်မှာ
လူလိမ်က လိမ်ဖို့ကြိုးစားရုံ သက်သက်ဖြစ်၍
လိမ်၍မရလျှင် လက်လျှော့သွားမည် ဖြစ်သော်ငြား
လူယုတ်မာကတော့ မရမချင်း ဆက်လက်၍
နည်းလမ်းအမျိုးမျိုးနှင့်
ယုတ်မာနေဦးမည်သာ ဖြစ်သည်။
လိုအပ်လျှင် လူမိုက်ကို သုံးပါလိမ့်မည်။

ဥာဏ်နည်းသောကြောင့် လူမိုက်ဖြစ်လာသည်ဖြစ်၍
လူယုတ်မာအယုံသွင်းသလောက်
မစဉ်းမစားလုပ်မည်သာ ဖြစ်သည်။

အမတ်ကြီး ဦးပေါ်ဦး ပြောသလို
ဘုရင်နှင့် လူမိုက်တွင်
ဘုရင်က သတ်သင့် မသတ်သင့် စဉ်းစားဦးမည် ဖြစ်၍
လူမိုက်လောက် ကြောက်စရာမကောင်း။
လူမိုက်ကား စဉ်းစားနေမည် မဟုတ်။
စဉ်းစားတတ်လျှင် လူမိုက်ပင် ဖြစ်လာမည် မဟုတ်။

စဉ်းစဉ်းစားစား မိုက်သည်ဆိုလျှင်လည်း
လူမိုက်မဟုတ်တော့ဘဲ
လူယုတ်မာဟုသာ ဆိုရပေတော့မည်။

ဆောင်းပါးရှင် "Neo" ၏ "လူယုတ်မာ၊ လူမိုက်၊
လူလိမ်၊ လူရိုး၊လူအေး နှင့် လူအ"  ဆောင်းပါးမှ

credit to ... မျှော်လင့်ခြင်းခရီးသည်

PS -

မြန်မာပြည်သူ ပြည်သားအပေါင်း
ရေးရာကိစ္စ အ၀၀တွင်
ချိုမပါတဲ့ လူလိမ်၊လူမိုက်၊
အထူးသဖြင့် လူယုတ်မာတို့ ဘေးမှ
ကင်းဝေးကြပါစေ။

(mhp)

Thursday, September 24, 2015

TRUE IMAGES (463)

“နေရာတိုင်းမှာ မိုးယိုပေါက်တွေ …”

“သမိုင်းမှာ မင်းတရားခံဖြစ်မယ် ”

“သမိုင်းမှာ မင်းတရားခံဖြစ်မယ် ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်။

ငါမမှန်ရင်
ငါတရားခံဖြစ်မယ်။

တရားဆိုတာ
ညှာလဲမညှာ၊
ညာလဲမညာ၊
သာစေ နာစေမရှိ၊
ပကတိ သူ့သဘောသူ ဆောင်ခြင်းပဲ။

ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အတ္ထုပ္ပတ္တိ၊

ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အနာဂတ်၊

မပတ်သက်ချင်လို့ မရ၊
မစပ်ဆက်ချင်လို့ မရ၊
မင်းဘဝကို မင်းကသာပြဌာန်းတယ်။

မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ ။ ။

( တင်မိုး )

credit to ... floating air

Monday, September 21, 2015

Sunday, September 20, 2015

"ရှက်တတ်ကြပါ"

"ရှက်တတ်ကြပါ"
။။။။။။။။။။။။။။။။။။။။

"ထပ်မံထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် 
မဲစာရင်း အမှားများနှင့် ပတ်သက်၍
သူတို့၏ စကားသံများ"       

“မှားပြီးသားကလည်း ထပ်မှားတယ်။
ပြင်တယ်သာ ပြောတယ်။
မှန်ပြီးသားတွေ ပြန်မှားသွားတာကို ကြားရတယ်။
မဲစာရင်းကိုတောင် မှန်အောင် မလုပ်နိုင်ဘူးဆိုရင်
တိုင်းပြည် တစ်ပြည်ကိုဘယ်လိုတည်ထောင်နေကြလဲ
ဆိုတာကို မေးခွန်းတစ်ခု မေးစရာဖြစ်နေတယ်။”

(ဒါရိုက်တာ ၀ိုင်း)

=====
"မဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူနိုင်မယ် ဆိုတာက
ကော်မရှင်က ကိုယ့်တာဝန် ကိုယ်မကျေတာပေါ့။
ရွေးကောက်ပွဲ တစ်ခုဆိုတာက မဲစာရင်းပေါ် အခြေခံပြီး
ရွေးကောက်ပွဲ လုပ်ရတာလေ။
အစကတည်းကမှ ရွေးကောက်ပွဲမှာ မဲစာရင်းက မမှန်ကန်ဘူး၊
၃၀ ရာခိုင်နှုန်းလောက်ပဲ တာဝန်ခံနိုင်မယ်။
ကျန်တဲ့ ၇၀ ရာခိုင်နှုန်းလောက်က တာဝန်မခံ နိုင်ဘူးဆိုရင်
အဲဒီမဲစာရင်းပေါ် အခြေခံပြီးလုပ်တဲ့ ရွေးကောက်ပွဲ
ဘယ်လိုမှန်နိုင်မှာလဲ” 

ဦးဝင်းမြင့်
(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)

=====

"ခဏ ခဏ မှားယွင်းတယ်ဆိုတာ ယုတ္တိမရှိပါဘူး။
လက်ရှိမဲစာရင်း အခြေအနေတွေအရ ဆိုရင်တော့
ဥက္ကဋ္ဌ ဦးတင်အေးအပေါ်မှာ
ဂျာနယ်လစ် တစ်ယောက် အနေနဲ့ရော၊
မဲဆန္ဒရှင်တစ်ယောက် အနေနဲ့ရော
သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို
စနစ်တကျ ကျင်းပပြုလုပ် ပေးနိုင်လိမ့်မယ်လို့
မယုံကြည်ပါဘူး”

ဒေါက်တာ သန်းထွဋ်အောင်
(CEO-Eleven Media Group)

"မဲစာရင်း အမှားများက ရွေးကောက်ပွဲ ကော်မရှင်အပေါ်
သံသယ ပိုများလာစေခဲ့" သတင်းဆောင်းပါး မှ

credit to ... Eleven Media Group

Saturday, September 19, 2015

TRUE IMAGES (461)

"ဖန်သားပြင်ပေါ်က အမျိုးသားရေး"

Friday, September 18, 2015

"ရှုထောင့်"

"ရှုထောင့်"
။။။။။။။။။။။။


ဆရာက ကျောင်းသားတစ်ယောက်ကို
သူ့ရဲ့စားပွဲရှေ့မှာ ထိုင်ခိုင်းပြီး ငါ့ကို [က] တစ်လုံးရေးပြလို့
ပြောပါ တယ်။
ကျောင်းသားကလည်း သူ့ရှေ့က စာရွတ်အလွတ်ထဲမှာ
[က] အကြီးကြီးတစ်လုံး ရေးပြီး ဆရာ့ရှေ့ကို
ထိုးပေးလိုက်ပါတယ်။
ဆရာက သူ့အဖြေကို လက်မခံပါဘူး။
ဆရာ့ဘက်က ကြည့်တော့ သူ့ရဲ့အဖြေက
[ယ] ဖြစ်နေတာကိုး။

နောက်ကျောင်းသားတစ်ယောက်ကို
ဆရာက ခေါ်ပါတယ်။
ခုနကအတိုင်းပဲ [က] ရေးခိုင်းပါတယ်။
ကျောင်းသားကလည်း စာရွက်ပေါ်မှာ [က] လို့ရေးပြီး
စာရွက်ကို ဆရာ့ဘက် တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်။
ဆရာက သူ့အဖြေကို သဘောကျ လက်ခံပါတယ်။

ဒီအဖြစ်အပျက်လေးမှာ
ကျွန်တော်တို့ ဘာကို သွားတွေ့ရသလဲဆိုရင်
ကိစ္စရပ်တိုင်းမှာ Angle of vision လို့ခေါ်တဲ့
ရှုထောင့်အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ။

ဒီအဖြစ်အပျက်လေးမှာဆိုရင်
ကျောင်းသားနှစ်ယောက် လုံးရဲ့အဖြေက
မှန်နေတာပါပဲ။

ဒါပေမဲ့ ဆရာက ပထမကျောင်းသားရဲ့ အဖြေကို
ဘာကြောင့် လက်မခံရတာလဲ။
တစ်ခုတည်း ကွာသွားတာပါ။

ပထမကျောင်းသားက သူ့ဘက်ကအမြင်အတိုင်း
ဆရာ့ကို သွားပြတာကိုး။
ဒုတိယ ကျောင်းသားကတော့ ဆရာ့ရဲ့ရှုထောင့်ကနေ
အမှန်မြင်နိုင်အောင် စာရွက်ကို လှည့်ပြလိုက်တာကိုး။

ဒီနေရာမှာ သတိထားရမှာတစ်ခုက
ဒုတိယကျောင်းသားဟာ ဆရာ့ဘက်ကို [က]မြင်ရအောင်
သူက [ယ]လို့ အမှားကြီးရေး လိုက်တာ မဟုတ်ပါဘူး။
သူလည်း အမှန်ပဲရေးလိုက်ပြီး ဆရာ့ဘက်ကလည်း
အမှန်ပဲ မြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်
အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ။

အဲဒီကျောင်းသားလေးကို နမူနာယူပြီး
ကျွန်တော်တို့လည်း အချို့သောကိစ္စရပ်တွေမှာ
သူ့ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလဲလို့
စဉ်းစားတွေးခေါ်ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ
မြင်ပြ၊ တွေးပြ၊ ဆွေးနွေးပြဖို့ လိုပါလိမ့် မယ်။

အဲဒါမှလည်း ကိုယ်မှန်တယ်ဆိုတာကို
သူနားလည်လက်ခံနိုင်လာမှာပါ။

အဲဒီလိုမဟုတ်ဘဲ ကိုယ်မှန်တယ် ဆိုတာကို
ကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ့ကြည့်ပြီး
ဇွတ်အတင်း ငြင်းခုံနေမယ်ဆိုရင်တော့
လိုလားအပ်တဲ့ အခြေအနေတစ်ခုကို
ဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး။

(Nay Phone Latt)

credit to ... ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

TRUE IMAGES (460)

"ဖြေပါ"

Monday, September 14, 2015

"ဖတ်ပါ၊မှတ်ပါ၊လိုက်နာပါ"

"ဖတ်ပါ၊မှတ်ပါ၊လိုက်နာပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။


(၁) စာမဖတ်တတ်သောသူသည်
“မျက်မမြင်” နှင့် တူ၏။

(၂) စာဖတ်တတ်ပါလျက် မဖတ်သောသူသည်
အသွားရှိပါလျက် မခုတ်ဘဲထားသော “ဓား” နှင့် တူ၏။

(၃) စာဖတ်ပါလျက် မှတ်သားခြင်း မရှိသောသူသည်
“ရေပြင်၌ ရေးထား သော အရုပ်” နှင့် တူ၏။

(၄) မှတ်သားပါလျက် ကျိုးကြောင်းမှန်မှား
မစဉ်းစားသောသူသည်
အစာအာဟာရကို ညက်ညက်ဝါးမစားဘဲ
မျိုချ၍ ၀ါးစားသောသူနှင့် တူ၏။

(၅) ကျိုးကြောင်းမှန်မှား စဉ်းစားပြီး၊
အမှန်ကိုသိပါလျက် လက်ခံကျင့် သုံးခြင်းမရှိသောသူသည်
ဟင်းလျာ၏ အရသာကို မြည်းစမ်းကြည့်ပြီး၊
ကောင်းမှန်းသိပါလျက်
“မစားသုံးသော သူ”နှင့်တူ၏။

(လေးအိမ်စု အရှင်ဝိစိတ္တသာရ)

(ဗုဒ္ဓဓမ္မလောက စာစောင်မှ)

credit to .... Aung Gratis Education Centre

PS -

ထို တူခြင်း (ငါး) မျိုးထဲမပါအောင်
စာကောင်းပေကောင်းများကို
ဖတ်ရုံနှင့်မပြီး
မှတ်သားဖို့လည်း လိုပါသည်။
မှတ်သားထားသည်တို့ကိုလည်း
လိုက်နာကျင့်သုံးနိုင်မှသာ
စာပေ၏တန်ဖိုးကို
ရရှိခံစားနိုင်ပေမည်။

(mhp)

Sunday, September 13, 2015

Saturday, September 12, 2015

"အောင်မြင်တဲ့သူ"

"အောင်မြင်တဲ့သူ"
 ။။။။။။။။။။။။။။။။။။။


သင့်ရဲ့ …
- အတိတ်ကို မိတ်ဆွေဖွဲ့နိုင်ခဲ့မယ် ဆိုရင်
- လက်ရှိအချိန်ကို အာရုံစူးစိုက်နိုင်မယ် ဆိုရင်
- အနာဂါတ်အတွက်ကို အကောင်းမြင်ထားမယ် ဆိုရင်
သင်ဟာ …
အောင်မြင်တဲ့သူ တစ်ယောက်ပါပဲ။

You are a success
when you have made friends with your past,
are focused on the present,
and are optimistic about your future.

(Zig Ziglar)

credit to ... az quotes

Friday, September 11, 2015

Thursday, September 10, 2015

"NLD ကိုဘဲ မဲပေးပါ"

"NLD ကိုဘဲ မဲပေးပါ"
။။။။။။။။။။။။။။။။။။။။။။။။။


“ပြည်သူတွေကို
ကျွန်မ မေတ္တာရပ်ခံချင်တာကတော့
ကိုယ်စားလှယ်လောင်းတွေကို
ပုဂ္ဂိုလ်ရေးရာအရ မကြည့်ဘဲနဲ့
ပါတီအရပဲ ကြည့်စေချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့
၂၀၁၅ မှာ ရွေးချယ်ရာမှာ
ပုဂ္ဂိုလ်တွေကို ရွေးချယ်နေတာမဟုတ်ပါဘူး။
စနစ်တခုကို ရွေးချယ်နေတာပါလို့
ကျွန်မအတန်တန် သတိပေးထား ပါတယ်။

ဒီနိုင်ငံမှာ
စနစ်ပြောင်းနိုင်တဲ့အခြေအနေရှိတဲ့ပါတီဟာ
ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ ဖြစ်တယ်ဆိုတာ
ကျွန်မရဲရဲဝံ့ဝံ့ကြီး ပြောနိုင်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

*********************************
အမေ့စကားနဲ့ ထပ်တူ ဖတ်လိုက်ရတဲ့
ဆောင်းပါးရှင် "မောင်တင်ဦး(မြောင်းမြ)" ၏
"ပြည်သူ့အားနဲ့ ပြောင်းလဲဖို့ တစ်ခဲနက်မဲပေးစို့ "
ဆောင်းပါးမှ အချက်အချို့ကို ကောက်နှုတ်ပါသည်။

"ပြည်သူတွေညီညွတ်မှ"
။။။။။။။။။။။။။။။။။။။။။။။။။။

ဒီကနေ့ပေးရမယ့်မဲဟာ အင်အားအဖြစ်တည်ဆောက်တဲ့
မဲဖြစ်နေတယ်။
စည်းလုံးညီညွတ်မှု (Solidarity) ကိုပြဖို့ မဲပေးတာဖြစ်တယ်။
ပြည်သူဟာ ညီညွတ်တယ်။
ပြည်သူလိုချင်တာ ဒီမိုကရေစီဖြစ်တယ်။
ပြည်သူလိုချင်တာ အပြောင်းအလဲ (Change) ဖြစ်တယ်။
ပြည်သူညီညွတ်ရင် ဘာမဆိုဖြစ်သွားနိုင်တယ်။ ခုလတ်တလော ရေဘေးမှ ပြည်သူတွေရဲ့ညီညွတ်မှုကို
ထင်ထင်ရှားရှားကြီး ပြသလိုက်ပြီ။
ပြည်သူကို ပြည်သူသာ ကူညီနိုင်တယ်ဆိုတာ
သဘောပေါက်လာကြပြီ။
တစ်ယောက်တစ်မျိုးစိတ်ထဲရှိရာ လုပ်ကြလို့ မဖြစ်တဲ့ကာလကို
ရောက်နေပြီ။ မညီညွတ်လို့မရတော့ဘူး။
ဒီတစ်ချီ အပီအပြင် ညီညွတ်ကြရမယ်။

"မျက်စိမှိတ်မဲပေးပါ"
။။။။။။။။။။။။။။။။။။။။။။

အမှန်တကယ်အပြောင်းအလဲ လိုချင်တယ်ဆိုရင်
ပြည်သူတိုင်း၊ ပြည်သူတိုင်းရဲ့ မဲတစ်ပြားစီမှာ
ပြောင်းလဲနိုင်တဲ့ ပါတီကိုသာ တစိုက်မတ်မတ်ကြည့်ပြီး
မဲပေးကြရမယ်။
အခြေအနေအရ မိမိမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းဟာ စိတ်တိုင်းမကျ ဖြစ်နေသည့်တိုင်အောင်
ပြောင်းလဲနိုင်တဲ့ပါတီအမှတ် တံဆိပ်ကိုကြည့်ပြီး
မျက်စိမှိတ်ပေးကြဖို့လိုတယ်။

"ပါတီကိုဘဲရွေးပါ"
။။။။။။။။။။။။။။။။။။။။။

ဒါကြောင့် ယခုလာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ
မိမိမဲဆန္ဒ၊ မိမိရွေးချယ်လိုသောကိုယ်စားလှယ်လောင်းတွေကို
ရွေးချယ်ချင်စိတ်တွေ ခေတ္တချိုးနှိမ်ထားပြီး
အမှန်တကယ်အပြောင်းအလဲ လုပ်ဆောင်နိုင်မည့်  ပါတီကိုသာ တညီတညွတ်တည်း ထောက်ခံမဲ ပေးကြဖို့ ဖြစ်တယ်။
နိုင်ငံတော်ကြီးပြောင်းလဲဖို့ မဲပေးတာလို့သဘောမှတ်ယူကြရမယ်။
ဒါကြောင့် ပါတီကိုရွေးမှ
စုစည်းတဲ့အင်အားတစ်ရပ် ဖြစ်ထွန်းလာမှာ။

"ဗဟိုဦးစီးစနစ်ကို ဖျက်သိမ်းနိုင်မယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အပြောင်းအလဲလုပ်နိုင်တဲ့သူ သမ္မတဖြစ်မှ
ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာမယ်။
ဒီမိုကရေစီနိုင်ငံတော်ဖြစ်မှ
ခေါက်ရိုးကျိုးအမိန့်ကိုသာနာခံတတ်တဲ့
ဗဟိုဦးစီးစနစ်ကို ဖျက်သိမ်းနိုင်မှာ။

credit to .... Eleven Media Group &
News Watch

Wednesday, September 9, 2015

Tuesday, September 8, 2015

"ကိုယ်ကြိုက်တာကိုယ်လုပ်"


"ကိုယ်ကြိုက်တာကိုယ်လုပ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။
မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့
ယောက်ျားဖြစ်သူကို
ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။

ဒါနဲ့ တစ်နေ့ တော့ သူ့ ယောကျာ်းကို
ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေး
လုပ်ပါဦးလား။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီး
လွတ်လိုက်တယ်။

အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။

ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး
တပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေး
ဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။

ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က
“ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " တဲ့ ။
ဒါအတိုဆုံး တရားပဲတဲ့။

ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။
အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ်ကို
ကြိုက်နှစ်သက်လို့ ပဲ တောလိုက်မုဆိုးဘ၀နဲ့ 
ရပ်တည်လာတာ(၅၅)နှစ်တောင် ရှိပါပြီ။
ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလားဘုရား။
ခုလည်းဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့
ဘယ်နှယ့်များ လုပ်ရပါ့လို့  လျှောက်တော့။

ဆရာတော်က ဒီနားလာခဲ့လို့ခေါ်ပြီး
သူ့ ကို အပ်နဲ့ ထိုးလိုက်တယ်။
ဒီတော့ မုဆိုး က “ အား " လို့ ထအော်တာပေါ့။
အဲဒီမှာ ဆရာတော်ကမေးတယ်။
မင်းကို အပ်နဲ့ ထိုးတာကြိုက်လား? တဲ့။
ဒီတော့ မုဆိုးက ပြန်ဖြေတယ်။
ဘယ်ကြိုက်ပါ့မလဲ ဘုရား။
တပည့်တော်က အပ်နဲ့ မပြောပါနဲ့ ၊
မျက်စောင်းထိုးရင်တောင် ကြိုက်တာမဟုတ်ဘူးလို့ 
ပြောသတဲ့။

ဒီမှာပဲ ဆရာတော်က
ဒါဆို မင်းကိုအပ်နဲ့ ထိုးတာတောင် မကြိုက်ဘူးဆိုရင်
လေးနဲ့ ပစ်၊ မြှားနဲ့ ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ
ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို
သွားလုပ်နေတာပဲပေါ့။

*********

လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။
ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး။
သူများ အသက်ကျသတ်တယ်။
ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး။
သူများကျတော့ ညာပြောပြန်တယ်။

တကယ်တော့ ကိုယ်မကြိုက်ဘူးဆိုတဲ့
အလုပ်တွေတိုင်းကို
သူများအပေါ်မှာလုပ်နေတတ်တယ်လေ။
ဒါကြောင့် ဆရာတော်ဟောတဲ့
“ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ”ဆိုတဲ့  တရားလေးဟာ
ပညာပါပြီး ထိရောက်လှပါတယ်။

ဒီတရားလေးကို သိခွင့်ရသွားကြကုန်သော
စာဖတ်သူအပေါင်းတို့လည်း
“နေ့စဉ် ကိုယ်ကြိုက်သောအရာများကိုသာ
သူတစ်ပါးအား
ပြုမူ ပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့
အကောင်းကံများကိုသာ ဖန်တီးနိုင်ကြပြီး
ကောင်းကျိုးတွေရရှိခံစားနိုင်ကြပါစေ။”

(who who)

credit to .... mandalay gazette

Monday, September 7, 2015

Sunday, September 6, 2015

“လူယုတ်မာနှစ်ယောက် ပေါင်းလေသောအခါ”

“လူယုတ်မာနှစ်ယောက် ပေါင်းလေသောအခါ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“သံပရာသီးတို့ကို နှစ်လုံးပေါင်း၍ စားသောအခါ
ပို၍ မချဉ်လာသော်လည်း

လူယုတ်မာတို့ နှစ်ယောက်ပေါင်းမိသောအခါ၌
ပို၍ယုတ်မာသောအမှုကို
ပြုတတ်ကြကုန်၏။”

(အောင်သင်း)

(မင်းကျီကျေးရွာမှ ကျောင်းသားကျောင်းသူများကို
စာဖတ်နည်းဟောပြောပို့ချရင်း
ဆရာကြီးက သူဖတ်ဖူးသော စာကြောင်းကို
ကောက်နုတ်ပြခဲ့ခြင်းသာဖြစ်သည်။)

credit to ... FÔŘÊVÊŘŚ

Saturday, September 5, 2015

Friday, September 4, 2015

"အနိမ့်ဆုံးတာဝန် ထမ်းစေချင်"

"အနိမ့်ဆုံးတာဝန် ထမ်းစေချင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


သစ်ပင်တို့၏ တန်ဖိုး၊ သစ်ပင်တို့ ၏ ကောင်းကျိုးကို
ကျွန်တော်တို့ အကြိမ်ကြိမ် အဖန်ဖန်ကြားဖူးပါသည်။
သို့သော် -
ကျွန်တော်တို့သည် သစ်တစ်ပင်ကိုမျှပင် စိုက်ပျိုးခဲ့ဖူးသူများ
ဖြစ်ကောင်းမှ ဖြစ်ကြပါလိမ့်မည်။

ထို့အတူ -
ဒီမိုကရေစီ၏ ကောင်းကျိုး၊ ဒီမိုကရေစီ၏ တန်ဖိုးကို
ကြိမ်ဖန်များစွာ နားလျှံအောင်ပင် ကြားဖူးကြပါသည်။
သို့တိုင် ဒီမိုကရေစီထွန်းကားရေးအတွက် ဆောင်ရွက်ရာတွင်
သဲတစ်ပွင့်အဖြစ်ပင် ပါဝင်ကောင်းမှ
ပါဝင်ဖူးကြပေလိမ့် မည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ တိုင်းပြည်ကောင်းစေလိုလျှင်
အနိမ့်ဆုံးတာဝန်တစ်ရပ်အနေဖြင့်
သစ်တစ်ပင်စိုက်ဖြစ်အောင် စိုက်ပျိုးရမည်ဖြစ်သကဲ့သို့
ဒီမိုကရေစီရေး၏ အနိမ့်ဆုံးတာဝန်ဖြစ်သော
မဲပေးခြင်းကို မဖြစ်မနေ ဆောင်ရွက်ကြရပါမည်။

အခြားသူများကိုလည်း မဲပေးနိုင်ရေး
စည်းရုံးဆောင်ရွက်ရန်လိုပါသည်။

သစ်တစ်ပင်ရှင်သန်နိုင်မှု အတွက်
ရေသောက်မြစ်သည် အရေးပါသကဲ့သို့
မဲပေးနိုင်မှုအတွက် မဲစာရင်းမှန်ကန်ရေးမှာ
အဓိကကျပါသည်။

အဓိကကျသော မဲစာရင်းမှန်ကန်ရေးအတွက်
အစွမ်းကုန်အားထုတ် ဆောင်ရွက်ကြရန်
နှိုးဆော်တိုက်တွန်းလိုပါသည်။

“နောက်ဆုံးမဲစာရင်း စက်တင်ဘာ ၁၄ ရက်နေ့
ထုတ်ပြန်မည်။”

ဆောင်းပါးရှင် "အောင်စည်" ၏
"သစ်တစ်ပင်" ဆောင်းပါးမှ

credit to ... 7daydaily & RFA

Thursday, September 3, 2015

Wednesday, September 2, 2015

"ပြည်သူသာ အဓိက"

"ပြည်သူသာ အဓိက"
။။။။။။။။။။။။။။။။။။။။။။။။


“ပြည်သူလူထုရဲ့ အင်အားကို
မသုံးနိုင်လို့ရှိရင်
ပြည်သူလူထုရဲ့ အင်အားက ကိုယ့်ဘက်မှာ
မရှိလို့ရှိရင်
နိုင်ငံအတွက် ထိရောက်ပြီးတော့
တန်ဖိုးရှိတဲ့ အလုပ်တွေကို
ဘယ်တော့မှ အောင်မြင်အောင် လုပ်ပေးလို့
မရပါဘူး။”

(ဒေါ်အောင်ဆန်းစုကြည်)  

“ခြင်္သေ့ကို လှည့်မကြည့်ဘဲ
ဒေါင်းကိုသာ မဲပေးပါ။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... DVB & Messenger News Journal

Tuesday, September 1, 2015