Wednesday, September 3, 2014

"ဆန်ကာသုံးခု"


 
"ဆန်ကာသုံးခု"
။။။။။။။။။။။။။။။။။။

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည်သူ့ထံသို့
ပြေးလာပြီး ....
“ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်”
ဟူ၍ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက
“ ခဏနေဦး.... အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့
စစ်ပြီးပြီလား”
ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော
တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍
“တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်။
ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။
ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး။
လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ်၊ မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို
ဒုတိယဆန်ကာနဲ့ စစ်ကြည့်။
ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်။
ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက
အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း။ နောက်ပြီး အကောင်းပြောမယ့်
သတင်းလဲ မဟုတ်ပြန်ဘူး။
သတင်းမှန် ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့
ဘာလို့ ပြောပြချင်ရတာလဲ။
ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ်တာပဲ
အဖတ်တင်မယ်။
မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့စကားကို မယုံနဲ့။
ဖြားယောင်းသွေးဆောင်သူတွေရဲ့စကားတွေ နားထဲ
မ၀င်စေနဲ့။
သူတို့ဟာ စေတနာပါလို့ ပြောတာထက်
သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။
အဲဒီလို လူမျိုးနဲ့ပေါင်းရင်
တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။
ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့
အရင်စစ်ဆေးသင့်တယ်”

*** "အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက်
ကြောက်ဖို့ကောင်းတယ်။
လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ
ထိခိုက်နိုင်တယ်။
တစ်ခြားလူထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို
တစ်ချို့က နှစ်သက် တတ်ကြ တယ်။
စကားကို လူတိုင်းပြောတတ်တယ်။
ဒါပေမယ့် စကားကောင်းတွေကို
လူတိုင်း မပြောတတ်ကြဘူး။" ***

(ညိုလင်းထွဏ်း)

******************************************************
(in short)

Socrates' Three Filters are...
1. Is it True?
2. Is it Good?
3. Is it Useful?

credit to .... nyanhline & grasscity

No comments:

Post a Comment