Sunday, September 28, 2014

"ပန်းလက်ဆောင်"

 "ပန်းလက်ဆောင်"
။။။။။။။။။။။။။။။။။။။။။။။။
လူတစ်ယောက်ဟာ မိုင်နှစ်ရာအကွာလောက်မှာနေတဲ့
သူ့အမေဆီကို ပန်းအချို့ ပို့ပေးဖို့အတွက် ပန်းဆိုင်တစ်
ဆိုင်ရှေ့မှာ ကားရပ်လိုက်ပါတယ်။

သူကားထဲကထွက်လိုက်တော့ ပန်းဆိုင်ရဲ့အကာတစ်ခု
အနားမှာ ငိုရှိုက်နေတဲ့ မိန်းမငယ်လေး တစ်ယောက်ကို
သတိပြုမိသွားတယ်။
ဘာဖြစ်လို့လဲလို့ သူကမေးတော့ ကောင်မလေးက
"ကျွန်မအမေအတွက် နှင်းဆီနီတစ်ပွင့် ၀ယ်ချင်လို့ပါရှင်။
ဒါပေမယ့် ကျွန်မမှာ (၇၅) ဆင့်ပဲရှိတယ်။ နှင်းဆီတစ်ပွင့်
က နှစ်ဒေါ်လာ တန်တယ်လေ" လို့ပြန်ဖြေပါတယ်။
အဲဒီလူကပြုံးလိုက်ပြီး
"ငါနဲ့အတူလိုက်ခဲ့ပါ။ ငါ မင်းအတွက် နှင်းဆီပန်းတစ်ပွင့်
ဝယ်ပေးမယ်" လို့ ပြောပါတယ်။
သူဟာ ကောင်မလေးအတွက် နှင်းဆီပန်းဝယ်ပေးပြီး
သူ့အမေအတွက် ပန်းတွေကို မှာလိုက်ပါတယ်။
သူတို့ဆိုင်ထဲကထွက်တော့ သူက ကောင်မလေးကို
အိမ်အပြန် ကားနဲ့လိုက်ပို့ပေးမယ်လို့ ကမ်းလှမ်း
လိုက်ပါတယ်။
ကောင်မလေးက
"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ပို့ပေးပါရှင်။ လူကြီးမင်း ကျွန်မကို
အမေ့ဆီကို ပို့ပေးပါ" လို့ပြောလိုက်ပါတယ်။
ကောင်မလေးဟာ သူ့ကို လောလောလတ်လတ် တူးထားတဲ့
သချိင်္ုင်းမြေပုံကိုလိုက်ပို့ဖို့ ညွှန်ပြခဲ့ပြီး အဲဒီမြေပုံပေါ်မှာ နှင်းဆီပန်း
ကို တင်ထားခဲ့ပါတယ်။
အဲဒီလူဟာ ပန်းဆိုင်ကို ပြန်သွားပြီး သူ့အမေဆီကို ပို့ပေးဖို့
မှာထားတဲ့ အစီအစဉ်ကို ဖျက်သိမ်းပြီး ပန်းစည်းကိုကိုင်ကာ
မိုင်နှစ်ရာကွာဝေးတဲ့ သူ့အမေဆီကို ကားမောင်းပြီး
ထွက်သွားပါတော့တယ်။

မူရင်းစာရေးဆရာ - Anonymous
ကိုကို (B.Agr.Sc)

**************************************************
PS ......
အဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ဆက် တွေးမိတာလေးပါ ....
အများအားဖြင့် သားတွေသမီးတွေဟာ မိအိုဖအိုတွေကို ထားပြီး
မေ့မေ့ပျောက်ပျောက် နေတတ်ကြပါတယ်။
တစ်ရံတစ်ခါ သားတွေသမီးတွေကို
သူတို့ မသေခင် သူတို့အနားအလည်လာပြီး နွေးနွေးထွေးထွေးနေဖို့
မျှော်လင့်တတ်တာ သဘာဝပါ။
တစ်ချိန်က “အမေ့အိမ်” ဆိုတာကနေ
အခုများ “အမေ့ခံအိမ်” အဖြစ်သို့ မရောက်စေလိုပါ။
သူတို့သေပြီးမှ တမ်းတနေမယ်ဆိုရင် ..........။

(mhp)

credit to ...... Ko Ko B.Agr.Sc

No comments:

Post a Comment