Saturday, September 6, 2014

"ယုံကြည်ချက်ရှိလျှင်"



"ယုံကြည်ချက်ရှိလျှင်"
။။။။။။။။။။။။။။။။။။။။။။။။။။

"ကျွန်မက ပြောရဲတယ်။
၂၀၀၈ ဆန္ဒခံယူပွဲက …
တကယ်ပဲ ပြည်သူထောက်ခံတဲ့ ဆန္ဒခံယူပွဲ မဟုတ်ဘူး။
ပြည်သူရဲ့ ဆန္ဒကို တကယ်ပဲ ရောင်ပြန်ဟပ်တယ်လို့
ယုံကြည်ရင် နောက်ဆန္ဒခံယူပွဲ တစ်ခုကို
ရဲရဲရင့်ရင့်နဲ့ လုပ်ပေးလိုက်ပါ။
အဲဒီလို ရဲရဲရင့်ရင့်နဲ့ လုပ်ပေးတဲ့ ဆန္ဒခံယူပွဲက
တကယ် ပဲ တရားမျှတရမယ်။
တကယ်ပဲ လွတ်လပ်ရမယ်။

အဲဒီလိုလုပ်ပေး လိုက်တဲ့ ဆန္ဒခံယူပွဲမှာ ပြည်သူတွေက
လက်ခံပါတယ်ဆိုရင်တော့ ....
ဒါပြည်သူရဲ့ ဆန္ဒအရ ရေး ဆွဲထားတဲ့ ဥပဒေဆိုတာ
ကျွန်မ တို့ကလည်းလက်ခံရမှာပေါ့”

(ဒေါ်အောင်ဆန်းစုကြည်)

******************************************************

@ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးရှိ
မဲပေး ပိုင်ခွင့်ရှိသူများအနက်မှ ၉၈ ဒသ မ ၁၂ ရာခိုင်နှုန်းက
မဲပေးခဲ့ကြပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံ
ခဲ့ခြင်းဖြစ်သည်ဟု ယခင်အစိုးရ နိုင်ငံတော်အေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။

@ အထက်ပါ ကိန်းဂဏာန်းအချက်အလက် များ သည်
လုံးဝပြည့်စုံ မှန်ကန်မှု့ မရှိသော(ယုတ္တိမတန်သော)
အချက်အလက် များသာဖြစ်သည် ကို ၂၀၁၄ ခုနှစ် သြဂုတ် ၂၉ ရက်
တွင်ဗဟိုသန်းခေါင် စာရင်း ကော်မရှင်၏ ရှေ့ပြေးလူဦးရေ စာရင်း
ထွက်ပေါ်လာသောအခါ .....
"လယ်ပြင်မှာ ဆင်သွားသလို"
ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါပြီ ...... ။

ဆက်စပ် POST .....
"ယုံရခက်ကြီး"
https://www.facebook.com/photo.php?fbid=628624050587834&set=a.176383685811875.36362.100003207339735&type=1&relevant_count=1

refer to ..... 7daydaily

No comments:

Post a Comment