Thursday, October 2, 2014

TRUE IMAGES (266)


"ရေးချင်မိတဲ့ စာ (၂)"

"သတင်း (၃) ပုဒ်"
။။။။။။။။။။။။။။။။။။။။။

“တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာ ဒီမိုကရေစီရဲ့
အနှစ်သာရပါ။”

ဒီနေ့ သတင်းတွေထဲမှာ တာဝန်ယူမှု တာဝန်ခံမှု နဲ့ ဆိုင်တဲ့
သတင်း (၃) ပုဒ်ကို ဖတ်လိုက်ရပါတယ်။ သူတို့တွေ ဘယ်လို
တာဝန် တွေယူပြီး ဘယ်လို တာဝန် တွေ ခံကြသလဲဆိုတာ
အကျဉ်းချုပ်ပြီး မျှဝေလိုက်ပါတယ်။

(၁) ပထမဆုံးသတင်းက facebook သတင်း ....
facebook ဆိုတာ ကမ္ဘာသြဇာအကြီးဆုံး လူမှု ကွန်ယက် ပါ ။
ဒါပေမယ့်လည်း ….
“Facebook က ၄င်း၏မူဝါဒ အပြောင်းအလဲအပေါ်
ကြေငြာချက်ထုတ် တောင်းပန်” ဆိုပြီး ....
အသုံးပြုသူများ အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် နာမည်အမှန်ဖြင့်သာ
အသုံးပြု ရန် လိုအပ်ကြောင်း မူဝါဒချ မှတ်လိုက်ခြင်းနှင့် ပတ်သက်၍
နားလည်မှု လွဲမှား သွားခဲ့ခြင်းသာ ဖြစ်ကြောင်း Facebook
က ကြေငြာချက်ထုတ် တောင်းပန် လိုက်သည် ဆိုတဲ့
"တာဝန်ယူမှု ရှိတဲ့လုပ်ငန်း ကြီးတစ်ခု" ရဲ့ သတင်းပါ။

(၂)ဒုတိယသတင်းက
“ အမေရိကန် ထောက်လှမ်းရေး ညွှန်မှူး နှုတ်ထွက်”
အမေရိကန် နိုင်ငံမှာ သမ္မတ အိမ်ဖြူတော် အဆောက်အအုံ ဝန်းထဲ
အပြင်လူ ကျုးကျော် ဝင်ရောက်လာမှု တခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့
ထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး Julia Pierson က သူ့မှာ
တာဝန်ရှိကြောင်း ထုတ်ဖေါ် ဝန်ခံခဲ့အပြီး တရက် အကြာမှာပဲ
ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ် ဆိုတဲ့
"အာဏာ ပိုင် အဖွဲ့ အစည်း ရဲ့ အကြီးအကဲတစ်ယောက်"
ဟာ ဘယ်သူမှပြောစရာမလိုပဲ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတဲ့
အသိကိုသက်သေပြတဲ့သတင်းပါ။

(၃) နောက်ထပ်သတင်း တစ် ပုဒ်ကတော့ …
ဟောင်ကောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲ နဲ့ပတ်သက်ပြီးဆန္ဒပြပွဲမှာရောက်ရှိနေတဲ့ ဟောင်ကောင်ရောက်
မြန်မာကျောင်းသားတွေကို မေးမြန်းထား တာထဲက မြန်မာကျောင်းသား
ကိုထွဲအောင် ရဲ့ သုံးသပ်ချက်သတင်းပါ။
ကိုထွဲအောင် က .....

“ဒီဟောင်ကောင်က ကျောင်းသားတွေ ကျနော်မြင်သလောက်ဆိုရင်
တကယ်လည်း ဇွဲရှိကြပါတယ်။ ကျနော် အရမ်းကို အံ့သြမိပါတယ်။
ဒီကကျောင်းသားတွေ စည်းကမ်းရှိမှု၊ စည်းကမ်းလိုက်နာမှု၊ မြို့ကြီးသား
ပီသမှုပေါ့နော်။ သူတို့အခုဒီ ဆန္ဒပြတဲ့ လူတွေကို ပေးဖို့အတွက်
Mask တွေ သူတို့သေချာ ပြင်ဆင်ထားတယ်။
ပြီးလို့ရှိရင် ရေသန့်ဗူးတွေ၊ ရေသန့်ဗူးတောင်မှ ရေခဲစိမ်ထားတဲ့
ရေသန့်ဗူးတွေ။ ပြီးလို့ရှိရင် စားစရာမုန့်တွေ
သူတွေ့သေချာ ပြင်ဆင်ထားတယ်။ First Aid ရှိတယ်၊ ပြီးလို့ရှိရင်
သူတို့ဒီ အရေးတကြီး
ဝင်လာလို့ရတဲ့ လမ်းတလမ်း ဖွင့်ထားပေးတယ်။ Ambulance
အတွက်ပေါ့နော်။ တကယ်လို့ Ambulance က သေရေးရှင်ရေး
ရှိတယ်ဆိုရင် ၀င်လာလို့လွယ်အောင် အဲဒါတွေ သေချာလုပ်ထား
တယ်ခင်ဗျ။
နောက်တခုက သူတို့ရဲ့ Non-violence ကို
promote လုပ်တဲ့ဟာပေါ့နော်။ လူအဲဒီလောက် သောင်းချီပြီး ဒီမှာ ဆန္ဒပြတဲ့ဟာကို ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ဆိုင်ခန်းတွေ၊
ဘာပစ္စည်းတွေကိုမှ ဖျက်လိုဖျက်ဆီး မလုပ်ကြဘူးခင်ဗျ။
အဲဒါကတော့ Non-violence ကို Peacefully Protest
လုပ်တဲ့ဟာ တခုပေါ့နော်။
သူတို့က အမှိုက်ကိုတောင်မှ ဆန္ဒပြတဲ့ သူတွေကပဲ လိုက်သိမ်းတယ်၊
လိုက်ကောက်တယ်။ အမှိုက်ကို ကောက်ပြီးမှ စနစ်တကျ တနေရာမှာ
စွန့်ပစ်ထားတယ်။ အဲဒီလိုမျိုး အမှိုက်ပစ်တဲ့ နေရာမှာပေါ့နော်။
ပလပ်စတစ် ဆိုလို့ရှိရင် ပလပ်စတစ်၊ စာရွက်ဆိုလို့ရှိရင်
စာရွက်ပေါ့နော် Recycle တွေလုပ်လို့ရတဲ့ အမှိုက်ပုံးတွေ
သပ်သပ် အဲဒီလို ခွဲပေးထားတယ်ခင်ဗျ။
သူတို့ရဲ့ မြို့ကြီးသား ပီသမှု၊ ဒါကတော့ တကယ်ကို လေးစားဖို့
ကောင်းပါတယ်ခင်ဗျ။”….. တဲ့
"ဆန္ဒပြတယ်ဆိုပေမယ့်လည်း"
တာဝန်ယူတတ် တာဝန်ခံတတ်ပုံတွေကို
လှစ်ဟပြထားတဲ့သတင်းလေးပါ။

"ဒီမိုကရေစီရဲ့ အနှစ်သာရဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ပါ။"

“ဆက်စပ်ပြီး တွေးဆ/ဆင်ခြင်နိုင်ကြပါစေ။”

(mhp)

credit to ..... ဗွီအိုအေ (မြန်မာပိုင်း) / ဘီဘီစီ (မြန်မာပိုင်း)
& MOI Webportal Myanmar via thithtoolwin

Wednesday, October 1, 2014

TRUE IMAGES (265)

အပစ်ရပ်လက်မှတ်မထိုးရင်
ရွေးကောက်ပွဲမသေချာ ........
"ကလိမ်စေ့ ငြမ်းဆင်မယ့်
နောက်ထပ်ကန့်သတ်ချက်
တစ်ခုလား?"

"အစိုးရ၊ ဥပဒေ နှင့် လွတ်လပ်မှု"

"အစိုးရ၊ ဥပဒေ နှင့် လွတ်လပ်မှု"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
@ " အစိုးရဆိုတာ ဥပဒေကိုခေါ်တာ၊
လူကိုခေါ်တာ မဟုတ်ဘူး။
ဥပဒေက လူတွေကို အုပ်ချုပ်တာ၊
လူက လူတွေကို အုပ်ချုပ်တာ မဟုတ်ဘူး။ "

@ “ဥပဒေဆိုတာ လွတ်လပ်မှုကို
တားဆီ:တဲ့အရာလို့ ဆိုနိုင်ပေမဲ့
ဥပဒေမရှိပဲ လွတ်လပ်မှု မရှိနိုင်ဘူး။
*** စည်းကမ်:နဲ့ လွတ်လပ်မှု၊
တာဝန်နဲ့ လွတ်လပ်မှုတို့ဟာ
တွဲနေတယ်။ ***
ဥပဒေမရှိ စည်းကမ်းမရှိတဲ့
အသိုင်းအဝိုင်းမှာ လုံခြုံမှုမရှိဘူး။
လုံခြုံမှု မရှိရင်လည်း
လွတ်လပ်မှု မရှိတော့ဘူ:။”

(ဆရာတော်ဦးဇောတိက)

ဆရာတော်ဦးဇောတိက ၏ "လွတ်လပ်တဲ့စိတ်"
နှင့် "အသက်ရှင်နေလျက် ဘဝသေနေသူ"
စာအုပ်များမှ .....

credit to ..... yatanavasatemple

TRUE IMAGES (264)


"သေချာ နေလို့ပါ"

"သေချာ နေလို့ပါ"
။။။။။။။။။။။။။။။။။။။။။
ကိုယ်ငယ်ရွယ်စဉ်မှာ
ကြီးသူတွေကို လေးစားပါ။

ကိုယ်အင်အား ရှိချိန်မှာ
အားနည်းသူတွေကို ကူညီပါ။

ကိုယ်အမှား လုပ်မိတဲ့ အခါ
ရဲရဲဝံ့ဝံ့ ၀န်ခံပါ။

တစ်နေ့မှာ ကိုယ်လည်း …..
အိုမှာ၊
အင်အားနည်းမှာ၊
အမှား လုပ်မိမှာ
(သေချာ နေလို့ပါ)

ရေးသားသူ အမည် ဖော်ပြမထားပါ

credit to ...... Messenger News Journal