Wednesday, September 10, 2014

“အာဏာမရှိသူတို့ ရဲ့ အင်အား”


 
“အာဏာမရှိသူတို့ ရဲ့ အင်အား”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“အာဏာရှင်စနစ်အောက်မှာ အကြာကြီးနေခဲ့တဲ့ ပုဂ္ဂိုလ်များ၊
နောက်ပြီးတော့ …
အာဏာရှင်အနေနဲ့ အကြာကြီး အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်များဟာ
ပြည်သူတွေကို အထင်သေးတတ်ပါတယ်။

ပြည်သူတွေက နားမလည်လို့
ပြည်သူတွေဟာ ပြားပြားဝပ်နေတဲ့ စိတ်ဓာတ် ရှိလို့
နင်းပြားဟာ နင်းပြားပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိလို့
အာဏာရှင် အစိုးရများဟာ တက်လာနိုင်တာ
အကြာကြီး အုပ်ချုပ်နိုင်တာ၊
ဒါကြောင့်မို့လို့ …….
ပြည်သူတွေထဲမှာ အင်အား မရှိဘူးဆိုတဲ့
အဲဒီအမြင်တွေ ရှိတတ်ပါတယ်။

ကျမက ဒီဟာကို တုံ့ပြန်တဲ့နေရာမှာဆိုရင်
ချက်နိုင်ငံက ကျမတို့အများကြီးလေးစားခဲ့တဲ့
ဗာစကာ ဟာဗယ်လ် (Václav Havel) ပြောခဲ့ဖူးတဲ့
The Power of the Powerless
“အာဏာမရှိတဲ့ သူများရဲ့ အင်အား”ပေါ့။
အဲဒီလိုမျိုး ခဏခဏ သုံးခဲ့ပါတယ်။
ဒီအင်အားဟာ ရှိတယ်လို့ ကျမတို့ ယုံကြည်ခဲ့ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ..... DVB

No comments:

Post a Comment