Friday, April 17, 2015

"မြန်မာ့နှစ်ဦး ဆုတောင်း"

"မြန်မာ့နှစ်ဦး ဆုတောင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။


သင်္ကြန်ရေနဲ့အတူ
မကောင်းမှုတွေ အားလုံး
ဆေးကြော သန့်စင်နိုင်ခဲ့ကြပြီး

“မိတ်ဆွေအပေါင်း …
နှစ်သစ်ကို
စိတ်သစ် လူသစ်နဲ့  
စိတ်၏ ကျန်းမာခြင်း၊
ကိုယ်၏ ချမ်းသာခြင်းတို့နဲ့ အတူ

ဘေးအန္တရာယ်ကင်းရှင်းပြီး …
ပျော်ပျော်ရွှင်ရွှင်၊
အေးအေး ချမ်းချမ်း
ဆက်လက် 
ဖြတ်သန်းနိုင်ကြပါစေ။”

(mhp)

Friday, April 10, 2015

TRUE IMAGES (401)

"သူတို့ ဆီမှာ ... "

"အလှကိုယ်စီ"

"အလှကိုယ်စီ"
။။။။။။။။။။။။။။။။


ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့် ...

မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့် ...

စပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့် ...

ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့် ...

မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့် ...

စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့် ...

မည်သည့်အရာ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ၊ အလှသာတည့် ...

သဘာဝလျှင်
အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏ ...

အလှဝန်တို၊ မငြင်ငြိုနှင့်
ဝန်တိုမှုသာ၊ မလှရာတည့် ...

သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့်
အချိန်အခါ၊ နေရာဒေသ
ဌာနအလျှောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါတကား ... ။ ။

( တင်မိုး )  

credit to ... friendgroup04

Thursday, April 9, 2015

TRUE IMAGES (400)

"အမြစ်တွယ် နေပြီလေ။"

"မြတ်ဗုဒ္ဓနှင့် နီးကပ်သူ"

"မြတ်ဗုဒ္ဓနှင့် နီးကပ်သူ"
။။။။။။။။။။။။။။။။။။။။။။။။။။။


“ရဟန်းတို့ -

အကြင်သူသည် ...
ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်၍
လိုက်နေစေကာမူ
ငါဘုရား၏ တရားကို မလိုက်နာ မကျင့်ကြံ၊
ထိုသူသည် ငါဘုရားနှင့် ယူဇနာများစွာခြား၏။

အကြင်သူသည် ...
ငါဘုရားနှင့် ယူဇနာများစွာ ဝေးကွာ၏။
သို့သော် ငါညွှန်သည့် တရားတို့ကို
လိုက်နာကျင့်ကြံ၏။
ထိုသူသည် ငါဘုရား၏ သင်္ကန်းစွန်းကို
ဆွဲကိုင်လိုက်သူကဲ့သို့ နီး၏။ ”

(မြတ်ဗုဒ္ဓ)

credit to ...  ဗုဒ္ဓကျေးဇူးကျောင်း

Wednesday, April 8, 2015

TRUE IMAGES (399)

"သူ့အပြောနဲ့ သူ့အလုပ်"

“ကိုယ်တွေ့ မှတ်စု”

“ကိုယ်တွေ့ မှတ်စု”
။။။။။။။။။။။။။။။။။။။။။

“ကိုယ်သိတိုင်း ပြောဖို့ မလိုဘူး ။
လိုအပ် သလောက်သာ ပြောပါ ။

တစ်ခွန်းမေးတိုင်း တစ်ခွန်း လိုက်မဖြေပါနဲ့ ။
မလိုအပ်ပဲ မေးရင် လိုအပ်မှ ဖြေပါ ။

မကြားချင်တဲ့ သူက …
ကိုယ်အော်ပြောလည်း ကြားမှာ မဟုတ်ဘူး ။
ကြားချင်တဲ့ သူက …
တိုးတိုးလေး ပြောလည်း သူနားလည်တယ် ။”

credit to ... သိမှတ်ဖွယ်ရာလေးများ

Tuesday, April 7, 2015

TRUE IMAGES (398)

“စေတနာ စစ်ပါရဲ့လား?”

"ရွေးချယ်မှု"

"ရွေးချယ်မှု"
။။။။။။။။။။။။။။   


ဂျယ်ရီ ဆိုတဲ့ သူငယ်လေးဟာ အမြင်ကပ်စရာကောင်းလောက်အောင်ကို
အကောင်းမြင်တတ်တဲ့ သူငယ်လေးပါ။
သူဟာ အမြဲတမ်း လန်းဆန်းတက်ကြွနေပြီးတော့ အမြဲတမ်းလည်း
အကောင်းမြင်တဲ့ စကားလေးတွေကိုဘဲ ပြောဆိုလေ့ရှိပါတယ်။
သူဟာ သူမတူအောင် ထူးချွန်တဲ့ မန်နေဂျာကောင်း
တစ်ယောက်လည်းဖြစ်ပါတယ်။
ဘယ်စားသောက်ဆိုင်မှာလုပ်လုပ် နောက်လိုက်စာပွဲထိုးတွေက
သူ့နားမှာ ၀ိုင်းဝိုင်းလည်နေပြီး သူ့ကို အပြည့်အ၀ ထောက်ခံကြပါတယ်။

ဘာဖြစ်လို့ ဒီလို ထောက်ခံကြလဲဆိုတော့ သူရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ဓာတ်ကလေးကြောင့်ဖြစ်ပါတယ်တဲ့။
သူ့ပင်ကိုယ်စိတ်ထားကိုက လူတွေကို စိတ်ဓာတ်တက်ကြွလာအောင် လုပ်ဆောင်နိုင်စွမ်းရှိနေတာပါ။

တစ်နေ့တော့ကျွန်တော် ဂျယ်ရီ့ကို မေးဖြစ်ပါတယ်။
“ငါ နားမလည်နိုင်ဘူး ဂျယ်ရီ၊
မင်းဟာ အမြဲတမ်းတော့ အကောင်းမြင်နိုင်တဲ့ စိတ်ရှိမယ်မထင်ဘူး။
ဒါပေမယ့် အမြဲတမ်းကို တက်ကြွနေတာဘဲ။
အဲ့ဒီလို တက်ကြွနေအောင် ဘယ်လိုလုပ်လဲ”

ဂျယ်ရီကပြန်ဖြေပါတယ်
“ကျွန်တော် မနက် အိပ်ယာထတိုင်း ထတိုင်းမှာ
ရွေးချယ်စရာ နှစ်ခုရှိပါတယ်။
တစ်ခုက လန်းဆန်း တက်ကြွစွာနဲ့ အိပ်ယာထမလား?
ဒါမှမဟုတ်
တစ်မှိုင်မှိုင် တစ်တွေတွေနဲ့ အိပ်ယာထမလား?
ဆိုတဲ့ နှစ်ခုကိုပါ။
ကျွန်တော်က လန်းဆန်းတက်ကြွစွာ အိပ်ယာထမယ့်နည်းကို ရွေးတယ်။"

"အင်း နောက်ပြီးတော့ စိတ်ညစ်စရာ၊ အဆင်မပြေစရာ
တစ်ခုခုကြုံလာရင်လည်း ရွေးချယ်စရာ နှစ်မျိုးရှိတယ်။
ဒီ စိတ်ညစ်စရာတွေထဲမှာ ကျွန်တော် သားကောင်အဖြစ်ခံမလား?
ဒါမှမဟုတ်
ဒီစိတ်ညစ်စရာတွေကို အတွေ့အကြုံတစ်ခုလို သင်ယူမလား?
ဆိုတာကိုပါ။
ဒီတော့ ကျွန်တော်က အတွေ့အကြုံတစ်ခုကို သင်ယူသလို ခံယူလိုက်တယ်။"

"အမြဲတမ်းလိုလို အခြားတစ်ယောက်ယောက်က
ကျွန်တော့်ကို မကျေနပ်ကြောင်း အပြစ်တင်လာရင်လည်း
ဒီအပြစ်တင်မှု့တွေကို ဒီအတိုင်းဘဲ လက်ခံမှာလား?
ဒါမှ မဟုတ်
အကောင်းမြင်စိတ်နဲ့ကြည့်မလား? ဆိုတာကိုပါ။
ကျွန်တော်ကတော့ အကောင်းမြင်တတ်တဲ့ စိတ်နဲ့ ကြည့်လိုက်တယ်”

“အင်း၊ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် သိပ်မလွယ်လှဘူးနော်” လို့ ကျွန်တော်ကပြန်ပြောလိုက်ပါတယ်။

ဂျယ်ရီက ပြုံးရင်းပြန်ဖြေပါတယ်
“ဟုတ်တယ်၊ သိပ်မလွယ်ပါဘူး။”

“တစ်ကယ်တမ်းတော့ ဘ၀ဆိုတာ ရွေးချယ်မှုတွေနဲ့ပဲ ပြည့်နေတာပါ။
ပြသနာတိုင်းရဲ့ အပေါ်ယံကိုဖယ်လိုက်၊
နောက်ဆုံးမှာ ဘယ်အခြေအနေမဆို တစ်ခုခုတော့ ရွေးချယ်ရမှာဘဲလေ။

ဒီတော့ ခင်ဗျား ကြုံတွေ့နေတဲ့အခြေအနေကို ဘယ်လိုတုန့်ပြန်ချင်တယ်
ဆိုတာကို မူတည်ပြီး ခင်ဗျားရွေးချယ်ရမှာဘဲ။

အဲ့ဒီတော့ ခင်ဗျားရဲ့ရွေးချယ်မှုပေါ်မူတည်ပြီးတော့
ခင်ဗျားဘေးကလူတွေကလည်း ခင်ဗျား အပြုအမူအပေါ်မူတည်ပြီး
တုံ့ပြန်ကြမှာဘဲ။" .... တဲ့ ။

(Aung Htut)

ဆောင်းပါးရှင် "Aung Htut" ၏ "အကောင်းမြင် စိတ်ကလေး တစ်ခု"
ဆောင်းပါးမှ

credit to .... ရွှေအိမ်စည်စာကြည့်တိုက်

Monday, April 6, 2015

TRUE IMAGES (397)

“ဒါတွေအပြင်
ကျုပ်တို့မှာ ဆီးသီးဗန်းလည်း ရှိသေးတယ် …. :-)”

“အခြေခံဥပဒေ မျှတစေချင်”

“အခြေခံဥပဒေ မျှတစေချင်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“တချို့တွေက
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ရွေးကောက်ပွဲ
ဘာဆိုင်လဲ ပြောကြတယ်။
အများကြီး ဆိုင်တာပေါ့။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေက မျှမျှ တတ မရှိရင်
ဒီရွေးကောက်ပွဲဟာ မျှမျှတတ မရှိဘူး။

ရွေးကောက်ပွဲ မျှမျှတတ မရှိလို့ရှိရင်
ပြည်သူတွေ ကိုယ်စားပြုမှုဟာ မစစ်မှန်ဘူး။”

“ဖွဲ့စည်းပုံအခြေခံဥပဒေ မျှတမှု မရှိပါက
ရွေးကောက်ပွဲသည်လည်း  မျှတမှုရှိမည်
မဟုတ်။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to .... Messenger News Journal

Sunday, April 5, 2015

TRUE IMAGES (396)

"သူခိုး ဓါးပြ ထက်ဆိုး ... ဆိုပဲ"

"ပလုံ"

"ပလုံ"
။။။။။။။


*ပလုံ*

ရေထဲကို
ခဲကျသွားတာလည်း ဖြစ်နိုင်တယ် …

ရေထဲက ငါး
ခုန်တက်လာတာလည်း ဖြစ်နိုင်တယ် …

တစ်နေ့မှာ
ငါ့အတ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်
ဘယ်လိုဖြစ်သွားသလဲ မသိဘူး …

*ပလုံ*

(တာရာမင်းဝေ)

credit to .... Thanks ƒor Nothing

PS ...

ကဗျာလေးဖတ်ပြီး
ငယ်ငယ်က ကြားခဲ့ဘူးတဲ့
"အရာအားလုံးဟာ
ဘာတွေ ဘယ်လို ဖြစ်နေနေ
နောက်ဆုံး တစ်နေ့တော့
ပြီးတော့လည်း ပြီးသွားတာ(မှာ)ပဲ" ဆိုတဲ့
သံဝေဂရစရာ စကားလေးတစ်ခွန်းကို
အမှတ်ရမိပါရဲ့ … ။

(mhp)

Saturday, April 4, 2015

TRUE IMAGES (395)

"အမြဲတမ်းလိမ်"

" နောင်တကင်းဖို့"

" နောင်တကင်းဖို့"
။။။။။။။။။။။။။။။။။။။။။


@ ဆန္ဒနဲ့ သိက္ခာကို
ရာခိုင်နှုန်း ညီမျှစွာ ရွေးချယ်ရသည့်အခါ
သိက္ခာကိုသာ ဦးစားပေးပါ။

@ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို
ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
ဖြစ်သင့်တာကိုသာ ဦးစားပေးပါ။

@ လိုချင်တာနဲ့ လိုအပ်တာကို
ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
လိုအပ်တာကိုသာ ဦးစားပေးပါ။

လတ်တလော
သင့်အတွက် အဆင်မပြေလောက်ဘူး ထင်ပေမယ့်
နောင်တစ်ချိန်မှာ
နောင်တ ကင်းလိမ့်မယ်ဆိုတာ
သိလာပါလိမ့်မယ်။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to .... သိမှတ်ဖွယ်ရာလေးများ

Friday, April 3, 2015

TRUE IMAGES (394)

"သိပြီးသား အဖြေ"

"စွန်ကလေးတွေလိုပါပဲ"

"စွန်ကလေးတွေလိုပါပဲ"
။။။။။။။။။။။။။။။။။။။။။။။။။။။


လူတိုင်း လူတိုင်းဟာ လေပေါ်မှာပျံဝဲနေတဲ့
စွန်ကလေးတွေလိုပါပဲ ... ။

ငယ်စဉ်ကလေးဘ၀တုန်းက ဆိုရင် …
သင်ဟာ မိဘတွေရဲ့ လက်ထဲက စွန်ကလေးလိုပါပဲ။

ကျောင်းမှာ စတင် ပညာဆည်းပူးရတဲ့အချိန်ဆိုရင် ...
သင်ဟာ ဆရာတွေရဲ့လက်ထဲက စွန်ကလေးလိုပါပဲ။

လုပ်ငန်းခွင်ဝင်ရောက်ရတဲ့ အချိန်ဆိုရင် ...  
သင်ဟာ အလုပ်ရှင်(သို့) အထက်လူကြီးတွေရဲ့လက်ထဲက
စွန်ကလေးလိုပါပဲ။

မိမိရဲ့ ထာဝရလက်တွဲဖော်နဲ့ ဘ၀ခရီးလမ်းကို
လျှောက်လှမ်းကြရတော့မယ့်အချိန်ဆိုရင် ...
သင်ဟာ သင်ရဲ့ လက်တွဲဖော်ရဲ့ လက်ထဲက
စွန်ကလေးလိုပါပဲ။

အသက်အရွယ် အိုမင်းကြီးရင့်လာတဲ့အချိန်ရောက်တော့ ...
သင်ဟာ သင့်သားသမီးတွေရဲ့ လက်ထဲက
စွန်ကလေးလိုပါပဲ။

အပြာရောင် တိမ်တိုက်တွေပေါ်မှာ
လူးလွန့်ဝဲပျံနေတဲ့
အဲဒီ စွန်ကလေးတွေရဲ့နောက်ကွယ်မှာ
သူ့ကို ထိန်းကျောင်းချည်နှောင်ထားတဲ့
သံယောဇဉ်  စွန်လွတ်ကြိုးလေးကတော့
အချိန်အခါအလိုက် အမြဲတမ်း
တည်ရှိနေမှာ မလွဲဧကန်ပါ။

ဘယ်လောက်ပဲ ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ
အကယ်၍သာ သင်ဟာ စွန်ကလေးဖြစ်ခဲ့မယ်ဆိုရင်
သင့်ကို "မြတ်နိုး တန်ဖိုးထားတဲ့လူတွေ" ဟာ
သင် အဝေးကို လွင့်မျောပြီး ဘေးအန္တရာယ်မကျရောက်အောင်
အားပေးနှစ်သိမ့်ဖို့
သံယောဇဉ် မေတ္တာဆိုတဲ့ စွန်လွတ်ကြိုးအဖြစ်နဲ့ 
ရပ်တည်နေကြမှာပါ .............. ။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to ... လွတ်လပ်ခြင်းကောင်းကင်@Freedom Sky

PS ...
စာပိုဒ်အချို့ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)

Thursday, April 2, 2015

TRUE IMAGES (393)

“မဖြုတ် - မပြုတ်” သီအိုရီ

" နွံ "

" နွံ "
။။။။။။


နှစ်ပေါင်း ၆၀ ကျော် ကြာအောင်
စွဲကပ်လာတဲ့
နာတာရှည် ရောဂါ
နေ့ချင်း ညချင်း ပျောက်ကင်းပြီး
နလန်ထဖို့ဆိုတာ ...
စိတ်ကူးယဉ်လို့ပဲ  ရမယ်။

ဟုတ်တယ် ...
လွတ်လပ်ရေး ရပြီးကတည်းက
သန့်ရှင်းတဲ့ အစိုးရ
ဘယ်တုန်းက ရှိလို့လဲ?

လွတ်လပ်ရေး ရပြီးကတည်းက
အရည်အချင်းရှိတဲ့ အစိုးရ
ဘယ်တုန်းကရှိလို့လဲ?

အတ္တကို ရှေ့တန်းတင်
ငါ့ဆွေ ၊ ငါ့မျိုး
ငါ့ကို ကိုးကွယ်တဲ့သူတွေကိုပဲ
စားပေါက်တွေ ဖန်တီးပေးကြ။

ပုလင်းတူ ဗူးဆို့အထာနဲ့
ဆွေစဉ် မျိုးဆက်တောင်
လက်တို့ပြီး  နေရာပေးနေတော့
တိုင်းပြည် ဘယ်လိုလုပ်
တိုးတတ်မှာလဲ။

လွမ်းမိတယ်ဗျာ ...
ကျုပ်တို့ ဗိုလ်ချုပ်သာ
အသေမစောခဲ့ရင်ပေါ့။

ဘယ်လိုလုပ်မှာလဲ
ဒီပုံ  ဒီစခန်း
ဒီလိုသာ မြန်းနေရင်

နောက်ထပ် နှစ်ပေါင်းတစ်ရာ
(အသက်ရှင်ခွင့်ရရင်)
စောင့်ကြည့်ချင်သေးရဲ့။

ငါတို့တိုင်းပြည်မှာ
အရည်အချင်းရှိတဲ့ လူတွေ
အများကြီးပါပဲ။

ဒါပေမယ့်
လူမှန် နေရာမှန်
မဖြစ်သေးသမျှ
ဆင်းရဲမွဲတေမှုနဲ့
နပန်းလုံးနေရ ဦးမှာပဲ။

(ကိုစိုးနိုင်)

credit to ... ကိုစိုးနိုင်၏ ဘလော့

Wednesday, April 1, 2015

TRUE IMAGES (392)

“ပန်းပွင့်လေးတွေနဲ့
အဆင်ဆိုရင်တော့ …..”

"လူမှန်လျှင်"

"လူမှန်လျှင်"
။။။။။။။။။။။။။


လူနှင့်တိရစ္ဆာန် ကွဲပြားတာက …
တိရစ္ဆာန်တွေမှာ "ရိက္ခာ" သာ လိုသည်၊
"သိက္ခာ" မလို။

လူတွေမှာတော့ "ရိက္ခာ" သာမက
"သိက္ခာ" ပါလိုသည်။

"ရိက္ခာ" သာ အလေးထားပြီး
"သိက္ခာ" ကို အလေးမထားလျှင်ဖြင့်
လူနှင့်တိရစ္ဆာန်
ဘာမျှထူးခြားတော့မည် မဟုတ်ချေ။

(အရှင်သံဝရာလင်္ကာရ)

credit to .... Dhamma Quotes