Friday, October 30, 2015

"ပြတ်ပြတ်သားသားနိုင်ဖို့ လိုတယ်"

"ပြတ်ပြတ်သားသားနိုင်ဖို့ လိုတယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ကျွန်မတို့ ပြောင်းလဲချင်တယ်ဆိုတာ
စနစ်ကို ပြောင်းလဲချင်တာပါ။

ကျွန်မတို့ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ
ထိခိုက်စေချင်လို့ မဟုတ်ဘူး။

သို့သော်ငြားလည်း
ကျွန်မတို့ စနစ်ကိုပြောင်းဖို့အတွက်
အစိုးရကိုပဲ ပြောင်းရမှာပါ။”

“အစိုးရပြောင်းဖို့ဆိုတာ
ကျွန်မတို့အဖွဲ့ချုပ် ရွေးကောက်ပွဲ မှာ
ပြတ်ပြတ်သားသားနိုင်ဖို့ လိုတယ်လို့
ပြောချင်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

****************************
(အမေ့စကားကို
လေးစားယုံကြည်လက်ခံတယ်ဆိုရင်
ကျမတို့ငယ်ငယ်က ရွတ်ဆိုခဲ့ကြတဲ့
အောက်က ကဗျာလေးကို
အတွေးများစွာနဲ့ စဉ်းစားပြီး
နှလုံးသွင်းထားကြရအောင် … )
  
ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲ ကျွံနေသည်။
ကူ၍ တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင်
ရွေ့နိုင်ပါသည်။

credit to .... Eleven Media Group

Thursday, October 29, 2015

Tuesday, October 27, 2015

“ပြည်သူ့ဆန္ဒကို မဆန့်ကျင်သင့်ပါ"

“ပြည်သူ့ဆန္ဒကို မဆန့်ကျင်သင့်ပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 
 
“ဝေသန္တရာဟာဆိုရင်
အလွန်တရာမှ မြင့်မြတ်တဲ့
အလောင်းတော်မင်းတရားဖြစ်ပေမယ့်လည်း
ပြည်သူလူထုကို ဆန့်ကျင်ပြီး
ဆင်ဖြူတော်ကို လှူလိုက်တဲ့အခါ
ပြည်နှင်ဒဏ်ခံရတယ်၊

ပြည်သူလူထုရဲ့ဆန္ဒကို
မလိုက်လျောတဲ့မင်းဆိုတာ
မင်းကျင့်တရားဆယ်ပါးနဲ့လည်း မကိုက်ညီဘူး၊

ပြည်သူလူထုကလည်း လက်မခံဘူးဆိုတာ
ကျမတို့ ဗုဒ္ဓဘာသာတရားအရလည်း လက်ခံခဲ့တယ်၊
ခရစ်ယာန်တရားမှာလည်း မင်းကောင်းမင်းမြတ်များဟာ
ဂရုဏာနဲ့ မေတ္တာနဲ့ ဆက်ဆံရမယ်ဆိုတာ ပါပါတယ်၊

ဒါကြောင့်မို့လို့ …
ဘယ်ဘာသာပဲဖြစ်ဖြစ်၊ဘာသာမရွေး၊ လူမျိုးမရွေး
မင်းကောင်းမှန်ရင်
ပြည်သူလူထုကို မဆန့်ကျင်သင့်ပါဘူး။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... လှမ်းဝင့်လို့ချီ ခေတ်သစ်ဆီသို့

Sunday, October 25, 2015

“ပြည်သူ ပေးတဲ့နေရာပဲ ယူပါ”

“ပြည်သူ ပေးတဲ့နေရာပဲ ယူပါ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


"နေရာလုတဲ့ ကိစ္စဆိုတာ အင်မတန်မှ ဆိုးတယ်၊
တစ်ယောက်နဲ့ တစ်ယောက် နေရာပေးချင်တဲ့ စိတ်နဲ့
လုပ်သွားမယ်ဆိုရင် အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားမှာပါ၊

ဒီမိုကရေစီ စနစ်ဆိုတာဟာ
နေရာ မလုရအောင်လို့ ထွင်ထားတဲ့ စနစ်ဖြစ်တယ်၊

ပြည်သူက ပေးတဲ့နေရာပဲ ယူရတယ်၊
ကိုယ်က အာဏာရှိတိုင်း လက်နက်ရှိတိုင်း ပိုက်ဆံရှိတိုင်း
နေရာလုလို့မရတဲ့ စနစ်ဖြစ်ပါတယ်။"

(ဒေါ်အောင်ဆန်းစုကြည်)

credit to ...Tachileik News Agency

Saturday, October 24, 2015

Friday, October 23, 2015

‘‘ကြီးမြတ်သူတွေ ဖြစ်ပါစေ။"

‘‘ကြီးမြတ်သူတွေ ဖြစ်ပါစေ။"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


‘‘ကြီးမြတ်တဲ့သူတွေက
ဘာသာရေးကို
မိတ်ဆွေဖွဲ့ဖို့သုံးတယ်။

သိမ်ဖျင်းတဲ့လူတွေကတော့
ဘာသာရေးကို
တိုက်ခိုက်ဖို့အတွက် သုံးကြတယ်။’’

“For great men,
religion is a way of making friends;
small people make religion
a fighting tool.”

(A.P.J. Abdul Kalam)

credit to .... goodreads & 7day daily

Thursday, October 22, 2015

TRUE IMAGES (468)

“စိတ်ဓါတ်တွေဘဲ ပြောင်းပေးပါ။”

Wednesday, October 21, 2015

"လူကြီးလူကောင်ဆန်တဲ့ လူယုတ်မာများ"

"လူကြီးလူကောင်ဆန်တဲ့ လူယုတ်မာများ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ငါးမျှားချိတ်
တလှုပ်လှုပ်တခါခါ ဖြစ်လာတော့
ကျွန်တော် မကောင်းကြောင်းကို
အားနဲ့အင်နဲ့
အပေါ်ကို မရမက
ဆွဲတင်လိုက်ကြတယ်။

ဒီနေရာက
ကိုယ်ရည်ကိုယ်သွေး တီးလုံးတွေတီးတဲ့
နေရာလား
ဒီစာမျတ်နှာက
ကိုယ့်ဂုဏ်ကိုယ်ဖော်
မသူတော်လား
“မင်းခန့်သူ” က
လှံစိုက်ရာ
နိမ့်ရတဲ့မြေလား
သင်က
လူကြီးလူကောင်းဆန်တဲ့
လူယုတ်မာလား။

ဘ၀ဆိုတာ
ရေပွတ်ပမာ ဆိုတာထဲက
ခင်ဗျားတို့ လိုချင်တာ
ငွေကြေးလား ဂုဏ်ပကာသနလား
ပင်လယ်ကြီးလောက်
ကြီးကျယ်ချင်သလား
ကောင်ကင်ကြီးလောက်
ခမ်းနားချင်သလား

ခင်ဗျားတို့ကိုယ် ခင်ဗျားတို့
ပြိုင်မြင်းလုပ်နေသလား
ဘဂ္ဂဒတ်က အခုထကွဲဗုံးဟာ
ခင်ဗျားတို့လား

ကိုယ့်မျက်လုံးနဲ့ငိုတာ
အားမရသေးဘူးလား
စိတ်ကောင်းရှိဖို့ ပထမဆိုတာကို
နားလည်လား
အနိုင်ရလိုမှုမှာ ဂုဏ်မရှိဘူးဆိုတာ
သိသလား
အမဲရိုးကိုက်ပြီးအော်တာ
သိပ်ဝေးဝေးမရောက်ဖူးဆိုတာ
သိသလား

တိရစ္ဆာန်တွေတောင်မှ
ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ
သိသလား
ခင်ဗျားတို့ကော
ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။

မင်းခန့်သူ (ကျောက်ဆည်)

credit to ... poemscorner

Tuesday, October 20, 2015

Monday, October 19, 2015

"ဘာသာရေးဆိုတာ"

"ဘာသာရေးဆိုတာ"
။။။။။။။။။။။။။။။။။။။။။။။။ 
 

“ဘာသာရေးဆိုတာ ငြိမ်းချမ်းရေးပါ။
ငြိမ်းချမ်းအောင် မလုပ်နိုင်ရင်၊
ငြိမ်းချမ်းရေးကို အထောက်အကူမပြုနိုင်ရင်တော့
ဘာသာရေး မဟုတ်ပါဘူး။
အခြားကိုယ်ရေးကိုယ်တာပဲ ဖြစ်မှာပါ။

ဘာသာရေးဆိုတာ မေတ္တာ ကရုဏာကို
အခြေပြုရပါတယ်။
မေတ္တာ၊ ကရုဏာကို အကောင်အထည်
ဖော်ရပါတယ်။
ဘာသာရေး အခြေခံဟာ မေတ္တာ၊ ကရုဏာရဲ့
ဝန်ဆောင်မှုလုပ်ငန်းပါပဲ။

မေတ္တာ၊ ကရုဏာ ၀န်ဆောင်မှုမပါတဲ့
ဘာသာရေး ဆိုတာ
ကြာလာရင် ကမ္ဘာမှာ နေရာရဖို့ မရှိပါဘူး။”

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

credit to ... Eleven Media Group

Saturday, October 3, 2015

TRUE IMAGES (466)

"ရှေ့ပြောလျှင် နောက်ကြည့်ကြပါ။"

Thursday, October 1, 2015

"၈ရက် ၁၁လ ၂၀၁၅"

"၈ရက် ၁၁လ ၂၀၁၅"
။။။။။။။။။။။။။။။။။။။။။။။။


* ဒီပွဲဟာ ...
ချစ်ကြည်ရေးပွဲ မဟုတ်ဘူး။
ခြေစမ်းပွဲ မဟုတ်ဘူး။
ဖလားလုပွဲ ဖြစ်တယ်။
ရလာဒ်ဟာ သေရေးရှင်ရေးထက်ကို
ပိုအရေးကြီးတယ်။

* ဒီပွဲဟာ ...
ဘေးကထိုင်ကြည့်ရမယ့်
စစ်တုရင်ထိုးပွဲမဟုတ်ဘူး။
ကိုယ်တိုင်ဝင်နွှဲရမယ့်
လွန်ဆွဲပွဲဖြစ်တယ်။
ကိုယ်အားမစိုက်ရင်
သူများဘက်ပါသွားမယ်။

* ဒီပွဲဟာ ...
ထီတစ်စောင်ထိုးပြီး
သိန်းတစ်ထောင်မျှော်ရမယ့်
အောင်ဘာလေထီဖွင့်ပွဲ မဟုတ်ဘူး။
ကိုယ့်ရွေးချယ်မှုအတိုင်း
အလျော်အစားလုပ်မယ့်
တစ်ချပ်မှောက်ဖဲဝိုင်း
ဖြစ်တယ်။
လောင်းကြေးက
ဘဝပေါင်းသန်းခြောက်ဆယ်။

* ဒီပွဲဟာ...
ရှော့ပင်းစင်တာမှာ ဈေးဝယ်သလို
ရွေးချယ်စရာတွေအများကြီး မရှိဘူး။
ပြည်တန်ပတ္တမြားတစ်လုံးကို
လေလံဆွဲသလို
ရှိသမျှပုံအောပြီး ဝယ်ရမယ့်ပွဲ။
အနာဂတ်တွေကိုအပေါင်
ထားထားရတယ်။

* ဒီပွဲဟာ ...
ဒီတစ်စီးလွတ်သွားလည်း
အရေးမကြီးဘူး။
ခဏနေနောက်တစ်စီးလာလိမ့်မယ်ဆိုတဲ့
ဘန်ကောက်က စကိုင်းထရိန်းမဟုတ်ဘူး။
သေချာပြင်ဆင်ပြီးမှ
လွှတ်တင်ရမယ့်
အာကာသလွန်းပြန်ယာဉ်။
အမှားမခံဘူး။
နောက်တစီးမသေချာဘူး။

* ဒီပွဲဟာ...
လမ်းဘေးမျက်လှည့်ပွဲ မဟုတ်ဘူး။
ခလေးကစားတဲ့ မိုနိုပိုလီပွဲ မဟုတ်ဘူး။
လွတ်လပ်ရေးနေ့အပြေးပြိုင်ပွဲ မဟုတ်ဘူး။
သေခွက်ကိုမြှောက်ကစားတဲ့ နတ်ကန္နားပွဲ မဟုတ်ဘူး။

ဓမ္မနဲ့ အဓမ္မ
တစ်ဘက်စီကရိုက်ခွဲကြမယ့်
အသက်လုပွဲဖြစ်တယ်။
ကွဲတဲ့သူတသက်လုံး ရှုံးလိမ့်မယ်... ။

(Okka Kyi Winn)

credit to ... Okka Kyi Winn

TRUE IMAGES (465)

“ဦးနှောက်နဲ့ နှလုံးသားရှိသူတိုင်း …”