Wednesday, September 17, 2014

"ကွာခြားချက်"


"ကွာခြားချက်"
။။။။။။။။။။။။။။။။။
သူတော်ကောင်းတွေ
အာဇာနည်တွေက
ပေးဆပ်မှုတွေ
အနစ်နာခံမှုတွေနဲ့
ဘဝကို စွန့်ခွာသွားခဲ့ကြ .... ။

ကျွန်တော်တို့က
လောဘ-ဒေါ သ
အတ္တရမက်တွေနဲ့
ဘဝကို ဖက်တွယ်ထားခဲ့ကြ ... ။

သူတို့ကမလိုချင်လို့
ချမ်းသာကြ .... ။
ကျွန်တော်တို့က လိုချင်လို့
ဆင်းရဲကြ .... ။

ဆရာမောင်ဘုန်းနွယ်(တွံတေး)

PS ....
ကဗျာခေါင်းစဉ်အား ဖော်ပြမထားပါသဖြင့်
မိမိပေးသောခေါင်းစဉ် အတွက်
ဆရာမောင်ဘုန်းနွယ်(တွံတေး) အား
တောင်းပန်အပ်ပါသည်။

ဆောင်းပါးရှင် "မောင်မိုးဦး" ၏
"မိသားစုပန်းချီကားများ" ဆောင်းပါးမှ ...

credit to ..... Popular Journal

No comments:

Post a Comment