Monday, September 29, 2014

TRUE IMAGES (263)

"နောင်တစ်ချိန်မှာ ...."

"မျှော်လင့်ချက်များ"

"မျှော်လင့်ချက်များ"
။။။။။။။။။။။။။။။။။။။။။။။
လူတွေဟာ .....
အသက်(၂၀)မှာ အချစ်ကို
မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို
မျှော်လင့်ကြတယ်။
အသက်(၄၀)မှာ အောင်မြင်မှုကို
မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို
မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုံဖို့ကို
မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို
မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင်
ပြန်နိုးလာဖို့ကို
မျှော်လင့်ကြတယ် ..... တဲ့။
(ရေးသားသူ အမည် ဖော်ပြမထားပါ။)
************************************************
PS .....
သူငယ်ချင်းတို့ အားလုံးလည်း
သက်ဆိုင်ရာ "မျှော်လင့်ချက်” တွေနဲ့
ပြည့်ဝကြပါစေ။

credit to ...... shweyoe

Sunday, September 28, 2014

TRUE IMAGES (262)

လက်ချောင်းလေးတွေထဲထည့်ပြီး
လိုသလိုကပြ ဖျော်ဖြေနိုင်တဲ့
"လက်ထိုး ရုပ်သေး" ..........

"ပန်းလက်ဆောင်"

 "ပန်းလက်ဆောင်"
။။။။။။။။။။။။။။။။။။။။။။။။
လူတစ်ယောက်ဟာ မိုင်နှစ်ရာအကွာလောက်မှာနေတဲ့
သူ့အမေဆီကို ပန်းအချို့ ပို့ပေးဖို့အတွက် ပန်းဆိုင်တစ်
ဆိုင်ရှေ့မှာ ကားရပ်လိုက်ပါတယ်။

သူကားထဲကထွက်လိုက်တော့ ပန်းဆိုင်ရဲ့အကာတစ်ခု
အနားမှာ ငိုရှိုက်နေတဲ့ မိန်းမငယ်လေး တစ်ယောက်ကို
သတိပြုမိသွားတယ်။
ဘာဖြစ်လို့လဲလို့ သူကမေးတော့ ကောင်မလေးက
"ကျွန်မအမေအတွက် နှင်းဆီနီတစ်ပွင့် ၀ယ်ချင်လို့ပါရှင်။
ဒါပေမယ့် ကျွန်မမှာ (၇၅) ဆင့်ပဲရှိတယ်။ နှင်းဆီတစ်ပွင့်
က နှစ်ဒေါ်လာ တန်တယ်လေ" လို့ပြန်ဖြေပါတယ်။
အဲဒီလူကပြုံးလိုက်ပြီး
"ငါနဲ့အတူလိုက်ခဲ့ပါ။ ငါ မင်းအတွက် နှင်းဆီပန်းတစ်ပွင့်
ဝယ်ပေးမယ်" လို့ ပြောပါတယ်။
သူဟာ ကောင်မလေးအတွက် နှင်းဆီပန်းဝယ်ပေးပြီး
သူ့အမေအတွက် ပန်းတွေကို မှာလိုက်ပါတယ်။
သူတို့ဆိုင်ထဲကထွက်တော့ သူက ကောင်မလေးကို
အိမ်အပြန် ကားနဲ့လိုက်ပို့ပေးမယ်လို့ ကမ်းလှမ်း
လိုက်ပါတယ်။
ကောင်မလေးက
"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ပို့ပေးပါရှင်။ လူကြီးမင်း ကျွန်မကို
အမေ့ဆီကို ပို့ပေးပါ" လို့ပြောလိုက်ပါတယ်။
ကောင်မလေးဟာ သူ့ကို လောလောလတ်လတ် တူးထားတဲ့
သချိင်္ုင်းမြေပုံကိုလိုက်ပို့ဖို့ ညွှန်ပြခဲ့ပြီး အဲဒီမြေပုံပေါ်မှာ နှင်းဆီပန်း
ကို တင်ထားခဲ့ပါတယ်။
အဲဒီလူဟာ ပန်းဆိုင်ကို ပြန်သွားပြီး သူ့အမေဆီကို ပို့ပေးဖို့
မှာထားတဲ့ အစီအစဉ်ကို ဖျက်သိမ်းပြီး ပန်းစည်းကိုကိုင်ကာ
မိုင်နှစ်ရာကွာဝေးတဲ့ သူ့အမေဆီကို ကားမောင်းပြီး
ထွက်သွားပါတော့တယ်။

မူရင်းစာရေးဆရာ - Anonymous
ကိုကို (B.Agr.Sc)

**************************************************
PS ......
အဲ့ဒီဇာတ်လမ်းလေးကိုဖတ်ပြီး ဆက် တွေးမိတာလေးပါ ....
အများအားဖြင့် သားတွေသမီးတွေဟာ မိအိုဖအိုတွေကို ထားပြီး
မေ့မေ့ပျောက်ပျောက် နေတတ်ကြပါတယ်။
တစ်ရံတစ်ခါ သားတွေသမီးတွေကို
သူတို့ မသေခင် သူတို့အနားအလည်လာပြီး နွေးနွေးထွေးထွေးနေဖို့
မျှော်လင့်တတ်တာ သဘာဝပါ။
တစ်ချိန်က “အမေ့အိမ်” ဆိုတာကနေ
အခုများ “အမေ့ခံအိမ်” အဖြစ်သို့ မရောက်စေလိုပါ။
သူတို့သေပြီးမှ တမ်းတနေမယ်ဆိုရင် ..........။

(mhp)

credit to ...... Ko Ko B.Agr.Sc

TRUE IMAGES (261)

“ဆင်ဆိုတော့လဲ တိရစ္ဆာန်ပဲပေါ့နော် ….”

“လူငယ်များသို့ ….”

“လူငယ်များသို့ ….”
။။။။။။။။။။။။။။။။။။။။။။။

@ ယနေ့ လူငယ်တွေ ညံ့နေရင်
နောင်အခါ ….
လူကြီးလူညံ့တွေ ဖြစ်လာမည်။

@ လူငယ်တွေ ကောင်းမှ
လူကြီးလူကောင်း
ထွန်းကားလာမည်။

@ လူကြီး လူညံ့များကို
တွေ့ရလျှင် ….
“ငါတို့သည်
သူတို့နှယ် မဖြစ်စေရ” ဟူသော
လူငယ့်သတိ၊
လူငယ့်အားမာန်
လူငယ့်အဓိဌာန်
ပြည့်စေသင့်သည်။

(စာရေးဆရာ အောင်သင်း)

credit to ..... စာရေးဆရာ အောင်သင်း

TRUE IMAGES (260)

“စမ်းသပ်တွေ့ရှိချက်”

“ဦးဟန်သာမြင့်နဲ့ VOA တွေ့ဆုံမေးမြန်းခန်း”

“ဦးဟန်သာမြင့်နဲ့ VOA တွေ့ဆုံမေးမြန်းခန်း”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဦးရွှေမန်းကို သမ္မတအဖြစ် ဒီချုပ် ထောက်ခံမည်ဟု နိုင်ငံခြားသတင်းဌာန
ရေးသားချက်ကို ငြင်းဆို” ဟုခေါင်းစဉ်တပ်ထားတဲ့သတင်း မျိုးကို
7 Days Journal အပါအ၀င် ဂျာနယ်အတော်များများမှာ အလားတူပုံစံမျိုးကို
ဖတ်လိုက်ရပါတယ်။

ဂျာနယ်တွေထဲမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စု
လွှတ်တော်နာယကသူရဦးရွှေမန်းကိုသမ္မတအဖြစ်ထောက်ခံမည်” ဆိုတဲ့
အချက်ကိုပဲဇောင်းပေးပြီးဖေါ်ပြသလိုဖြစ်နေလို့ [14 Sep 2014 နေ့စွဲပါ]
VOA က NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဟန်သာမြင့် ကို
တွေ့ဆုံမေးမြန်း ခဲ့စဉ်တုန်းက ဦးဟန်သာမြင့်ရဲ့ သဘာဝကျတဲ့
သဘောထားနဲ့ သူ့ရဲ့ ချင့်ချင့်ချိန်ချိန်ပြောခဲ့ဘူးတာကို
ဖတ်ခဲ့ဘူးလို့ ပြန်ရှာပြီးတင်ပေးတာပါ။

အဲ့ဒီမှာ ဦးဟန်သာမြင့် ပြောသွားတာက ......
“ဒေါ်အောင်ဆန်းစုကြည် မရှိရင် အစားထိုးနိုင်တဲ့ ခေါင်းဆောင်တွေ
မရှိဘူးလားဆိုတော့ မဟုတ်ဘူး။ အပြင်မှာလည်း ရှိနိုင်တယ်။
အတွင်းထဲမှာလည်း ရှိနိုင်ပါတယ်။ ဒါတွေကတော့ ကျနော်တို့အနေနဲ့
ဒီလို အခုလိုပေါ့ အကုန်လုံးက လှုပ်ရှားနေတဲ့ အချိန်ကာလကြီးမှာ၊
ရွေ့ လျားနေတဲ့ အချိန်ကာလကြီးမှာ ကျနော်တို့က ဘယ်သူက
ဒေါ်အောင်ဆန်းစုကြည်ပြီးရင်၊ ဒုတိယခေါင်းဆောင်က ဘယ်သူ?
တတိယခေါင်းဆောင်က ဘယ်သူ? ဘယ်အလွှာက ဘယ်လိုဆိုတာကို
မပြောတာ ကောင်းတယ်လို့ ထင်ပါတယ်။”

*********************************************************
"တွေ့ဆုံမေးမြန်းခန်း” အပြည့်အစုံ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅
ရွေးကောက်ပွဲအတွက် တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်နိုင်ရေးကို
မဟာမိတ် တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က ပြောပါတယ်၊ NLD ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်တဲ့ တိုင်းရင်းသားဆက်ဆံရေးကော်မတီက မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေ ခေါင်းဆောင်တွေနဲ့ လစဉ်ဆွေးနွေးမှုတွေလည်း
လုပ်ဆောင်နေတယ်လို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ ဦးဟံသာမြင့်က ပြောပါတယ်၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ
ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သူ့ကိုယ်ပိုင်အမြင်အရ ထိထိရောက်ရောက်
ဖြစ်လာမယ်လို့ မထင်ဘူးလို့ ဆိုပါတယ်၊ ၂၀၁၂ ရွေးကောက်ပွဲ ကတိတွေ
အပေါ် NLD ပါတီရဲ့ ဆောင်ရွက်မှု၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်
မှုတွေကို ကိုသားညွန့်ဦး က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသားညွှန့်ဦး ။ ။ အန်ကယ်ဦးဟန်သာမြင့် အခုလို VOA
လာပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးတင်ပါတယ်။ ကျနော် အရင်ဆုံး
မေးချင်ပါတယ်။ အန်ကယ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပါတီကို တရားဝင်မှတ်ပုံတင်ခဲ့တယ်။ အခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲလည်း လာပါတော့မယ်။ အဲဒီတော့ ပြီးခဲ့တဲ့ကာလ
ရွေးကောက်ပွဲဝင်ဖို့အတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူထုကို ပြောခဲ့တာတွေရှိတယ်။ ဘာတွေလုပ်မလဲဆိုတာတွေ အဲဒါကို
အန်ကယ် အမြင်နဲ့ NLD အနေနဲ့ ဘယ်လောက်အထိ
လုပ်နိုင်ပြီလို့ သုံးသပ်မိပါသလဲ။
ဦးဟံသာမြင့်။ ။ ၂၀၁၂ ရွေးကောက်ပွဲမှာ ကျနော်တို့ ပြောခဲ့တဲ့ဟာ (၃) ခု
ရှိပါတယ်။ တခုက တရားဥပဒေစိုးမိုးရေး၊ နောက် ငြိမ်းချမ်းရေး အဲဒါတွေက
တတ်နိုင်တဲ့ကိစ္စတွေ အကုန်လုံးကတော့ ကျနော့်အနေနဲ့ လုပ်ခဲ့တယ်။ ဒါပေမဲ့ အောင်မြင်တာလည်းရှိမယ်။ တိုးတက်တာလည်းရှိမယ်။ မတိုးတက်
လာဘဲ ရပ်နေတာလည်းရှိမယ်။ တချို့ ကိစ္စတွေက ဆိုကြပါစို့ ငြိမ်းချမ်းရေး
အတွက် National Reconciliation ကို ပြောခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စတွေက
ကျနော်တို့ကနေ စပြီးတော့ ဦးဆောင်ပြီး လုပ်လို့ရတဲ့အလုပ် မဟုတ်ဘူး။
မလုပ်တဲ့အခါကြတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင်တော့ ကျနော်တို့ရဲ့ 
ပါဝင်ဆောင်ရွက်မှုက နည်းသေးတယ်လို့လည်း ပြောလို့ရတယ်။
သို့သော် ဥပဒေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စ။ အဲဒီကိစ္စကိုတော့ ကျနော်တို့အနေနဲ့ တော်တော်ကြီးလုပ်ဆောင်နိုင်တယ်လို့ ယူဆတယ်။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါ။ ဖွဲ့စည်းပုံပြင်
ဆင်ရေးကိစ္စဆိုရင် လွှတ်တော်ထဲမှာ လုပ်သလို၊ လွှတ်တော်ပြင်ပမှာလည်း
အခုဆိုရင် လက်မှတ်ထိုးနေတာတွေလည်း လုပ်နေတယ်။ ဒါ ဘယ်လောက်
ထိ သွားနေသလဲ။ ခရီးရောက်နေပြီလို့ ပြောနိုင်လဲ။
ဦးဟံသာမြင့်။ ။ ခရီးရောက်တယ် မရောက်ဘူးဆိုတာတော့ နှစ်ခုရှိတာပေါ့။ တဖက်က ပြည်သူလူထုရဲ့  ဖွဲ့စည်းပုံအခြေခံပေါ်မှာ ရှိနေတဲ့ Awareness
ခေါ်မယ်။ သူတို့ရဲ့  အသိအမြင်ကို ကျနော်တို့ အများကြီး မြှင့်တင်နိုင်ခဲ့တယ်။ လက်မှတ်ထိုးတဲ့ကိစ္စနဲ့ ကျန်တဲ့ကိစ္စတွေ ဟောပြောပွဲတွေ လုပ်တဲ့ဟာနဲ့ အများကြီး မြှင့်တင်နိုင်ခဲ့တယ်။ ဒါကလည်း ဖွဲ့စည်းပုံပြင်ဆင်တဲ့နေရာမှာ
လူထုရဲ့ အား။ ဒီဖက်မှာ လုပ်နိုင်တယ်။ လွှတ်တော်ဖက်မှာလည်း ကျနော်တို့
အနေနဲ့ အမတ်များက ပါရမယ့်နေရာတွေမှာ ပါခွင့်ရသလောက် ပါခဲ့တယ်။
ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ ဆွေးနွေးတာ ဘာတွေဆိုတာကို ထုတ်ဖော်
မပြောပေမဲ့ သူတို့အနေနဲ့ တော်တော်ကို အကြိတ်အနယ် ဆွေးနွေးပြီးတော့
လိုအပ်တဲ့ input ထည့်နိုင်တယ်လို့ ယူဆပါတယ်။
ဦးသားညွှန့်ဦး ။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စက ပထမ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ထဲမှာလုပ်ဖို့ ကြိုးပမ်းတာ တွေ့ရပါတယ်။ ဒါပေမဲ့
နောက်ပိုင်းမှာ (၄၃၆) ပြင်ဆင်ရေးဆိုတဲ့ လှုပ်ရှားမှုတွေ လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေ ပေါ်လာတော့ ဒါက လွှတ်တော်ထဲမှာ လုပ်လို့မရလို့
အပြင်ထွက်လုပ်ရတဲ့ သဘောလား။
ဦးဟံသာမြင့်။ ။ လွှတ်တော်ထဲမှာ လုပ်လို့မရလို့ မဟုတ်ဘူး။ လွှတ်တော်ထဲမှာ
လည်း ကျနော်တို့ ဆက်လုပ်မယ်။ အပြင်ကလည်း လုပ်မယ်ဆိုတဲ့ သဘောပါ။
ဒါက အားနှစ်ဖက်လုံးက လုပ်ရမယ်။ ဒီလိုပဲ ပြည်သူလူထုရဲ့  Opinion ဆိုတာ လွှတ်တော်ထဲကိုလည်း သိရမယ်ဆိုတဲ့သဘောနဲ့ လုပ်တာပါ။
အဲဒီတော့ နှစ်ဖက်စလုံးက တပြိုင်တည်းလုပ်တဲ့ကိစ္စက တစ်ခုချင်း ခွဲလုပ်တာ
မဟုတ်ပါဘူး။ တပြိုင်တည်းလုပ်တဲ့ ကိစ္စပါ။
ဦးသားညွှန့်ဦး ။ ။ ပြင်ပမှာလုပ်တဲ့ဟာက လွှတ်တော်ထဲကို ဘယ်လောက်အထိ
ထိရောက်မှု ရှိတယ်လို့ ယူဆပါသလဲ။
ဦးဟံသာမြင့်။ ။ ဒါကလဲ ကျနော်တို့ ပြောလို့မရဘူး။ လွှတ်တော်ကို တင်ထား
တယ်။ လွှတ်တော်ထဲမှာရှိတဲ့ ကော်မတီတွေရှိတယ်။ သူတို့ဆက်ပြီးတော့
ဒီကိစ္စကို ဆက်ဆောင်ရွက်ပါမယ်။ သူတို့ လုပ်ဆောင်ချက်တွေက
လွှတ်တော်ရဲ့  လုပ်ထုံလုပ်နည်းအရ အပြင်ကို မပေါက်ကြားဘူးဆိုတော့
ကျနော်တို့လည်း သိခွင့်မရှိဘူး။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက ၂၀၁၅ ရွေးကောက်ပွဲဆိုရင် နောက်နှစ်ဆို
ရောက်ပါတော့မယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးက တကယ်ပြောမယ်ဆိုရင်
(၁) နှစ်လောက်ပဲ အချိန်ရပါတယ်။ အဲဒီတော့ အလားအလာ ဘယ်လို ရှိပါသလဲ။
ဦးဟံသာမြင့်။ ။ အလားအလာကတော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ ဖြစ်နိုင်
သလောက် လုပ်ဖို့ဟာပဲ ကျနော်တို့မှာ ရှိတယ်။ ကျနော့်ရဲ့  Personal ကိုယ်ပိုင်
အမြင်နဲ့ ကြည့်မယ်ဆိုရင် ကျနော်ကတော့ ဖြစ်လာလိမ့်မယ်၊
ထိထိရောက်ရောက် ဖြစ်လာလိမ့်မယ်လို့တော့ မထင်ဘူး။ သို့သော် ကျနော်တို့အနေနဲ့က ရွေးကောက်ပွဲက ရွေးကောက်ပွဲပဲ။ ဒီဖွဲ့စည်းပုံအခြေခံပြင်ဖို့ ဖြစ်တာမဖြစ်တာဆိုတာက နောက်တပိုင်း။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုကိုတော့
လုပ်ရမယ်လို့တော့ ယူဆတယ်။ ဒါက ကျနော့်ရဲ့  ကိုယ်ပိုင်အမြင်ပါ။
ဦးသားညွှန့်ဦး ။ ။ ကိုယ်ပိုင်အမြင်တခု ထပ်မေးချင်ပါတယ်။ အန်ကယ်အမြင်ပေါ့
NLD အမြင် မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကိစ္စက လက်ရှိ ဖွဲ့စည်းပုံအရဆိုရင် အကန့်အသတ် အများကြီးရှိတယ်။ ဒါကို ပြင်ဖို့လည်း
ပြောတယ်။ တချို့  အာဏာရ တာဝန်ရှိသူတွေ။ သမ္မတကိုယ်၌ကလည်း
အများလက်ခံရင် ပြိုင်လို့ရပါတယ်ဆိုတဲ့ စကားပြောလာတာရှိတယ်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် တကယ်တမ်း သမ္မတ ယှဉ်ပြိုင်နိုင်မယ့်
အလားအလာလမ်း ပွင့်လာပြီလို့ အန်ကယ် မြင်ပါသလား။
ဦးဟံသာမြင့်။ ။ ဒီကိစ္စကို ပြောရတာခက်တယ်။ ဘာကြောင့်လဲဆိုတော့
ဗမာပြည်မှာ အခုဖြစ်နေတဲ့အတိုင်းဆိုရင် ပြောရင်တော့ လွှတ်တော်မှာ ဘယ်နှစ်ရာခိုင်နှုန်း၊ ပြည်သူလူထု referendum ဘာတို့ ပြောနေပေမဲ့
တကယ့်တကယ်တော့ ဆုံးဖြတ်ချက်ကို တကယ်လုပ်နေတဲ့လူက
နည်းနည်းလေးပါ။ အဲဒီ နည်းနည်းလေးတွေက ဘယ်လို စဉ်းစားမလဲ။
သူတို့ စဉ်းစားပုံက ဘယ်လို ပြောင်းသွားမလဲဆိုတာကို ကျနော်တို့လည်း
မှန်းလို့မရဘူး။
ဦးသားညွှန့်ဦး ။ ။ နည်းနည်းလေးဆိုတာ ဘယ်လို နည်းနည်းလေးလဲ။
ဦးဟံသာမြင့်။ ။ လူအနည်းစုသာ ဖြစ်တယ်ပေါ့။ လက်တစုပ်စာလို့တော့
ကျနော် မပြောပါဘူး။ ဒါပေမဲ့ လုပ်နေတဲ့လူက အနည်းစုပါ။
ဒီ အနည်းစုက ဆုံးဖြတ်နေကြတာပါ။
ဦးသားညွှန့်ဦး ။ ။ ကာလုံကို ဆိုလိုတာလား။
ဦးဟံသာမြင့်။ ။ ကာလုံတင် မကဘူးပေါ့။ အပြင်မှာကော အတွင်းမှာကော
ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွင်းမှာရှိတဲ့လူ၊ ဖွဲ့စည်းပုံအခြေခံအပြင်မှာ
ဘာမှရေးမထားသော်လည်း အာဏာရှိနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒီလူတွေရဲ့  စဉ်းစားတဲ့ပုံက ပြောင်းသွားရင်၊ ရုတ်တရက် ပြောင်းသွားရင် ဒါတွေက အများကြီး ပြောင်းသွားနိုင်ပါတယ်။ ဒါကို ကျနော်တို့က အခု
ပုံသေချပြီးတော့ တွက်လို့မရပါဘူး။
ဦးသားညွှန့်ဦး ။ ။ ဒီလိုမျိုး ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲ၊
တိုင်းပြည်အနာဂတ် ကိစ္စတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အနေနဲ့ လက်ရှိ အာဏာရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုအားကောင်းလာလား။ အခု ရွေးကောက်ပွဲနီးလာတော့ နောက်ဆုတ်သွား
လား။ ဘယ်လို အခြေအနေ ရှိပါလဲ။
ဦးဟံသာမြင့်။ ။ ပိုပြီးတော့ လှုပ်ရှားမှု များလာတယ်လို့ပဲ ပြောပါရစေ။ ရှေ့ တိုးလား၊ နောက်ဆုတ်လားဆိုတော့ ကျနော်လည်း သိပ်ပြီးတော့ မသိဘူး။
ဦးသားညွှန့်ဦး ။ ။ ကျနော်ဆိုလိုတာက ပူးပေါင်းဆောင်ရွက်မှုပါ။
ဦးဟံသာမြင့်။ ။ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့က ပိုပြီးတော့ လှုပ်ရှားမှု များတယ်
လို့ပဲ ပြောပါရစေ။ Interaction များတယ်လို့ ဒီလိုပဲ ပြောရမှာပေါ့။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက အမျိုးသားဒီမိုကရေစီပါတီ ကိစ္စပါ။ ပါတီကိစ္စ
ဆိုတော့ တကယ်တမ်း ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြီးဆုံး အတိုက်အခံပါတီလို့ ပြောလို့ရပါတယ်။ ပါတီတည်ဆောက်ရေးနဲ့ ပတ်သက်လို့
အန်ကယ်တို့ ဘယ်လို ပြင်ဆင်ထားပါသလဲ။ ဝေဖန်သံတွေလည်း
တချို့ ကြားရလို့ပါ။
ဦးဟံသာမြင့်။ ။ ပါတီ တည်ဆောက်ရေးနဲ့ ပတ်သက်လို့တော့ ၂၀၁၃ ခုနှစ်တုန်းက
ကျနော်တို့ ညီလာခံတစ်ခု လုပ်ခဲ့တယ်။ အဲဒီ ညီလာခံလုပ်တုန်းက ကျနော်တို့ အတွေ့အကြုံကတော့ ညီလာခံလုပ်ရတာ တော်တော်လည်း ခက်ခက်ခဲခဲ ရှိတယ်။
အဲဒီတုန်းက လုပ်ခဲ့ပြီးတော့ အကုန်လုံးကို တတ်နိုင်သမျှ ရွေးကောက်ပွဲပုံစံနဲ့ပဲ
လုပ်ခဲ့တယ်။ တတ်နိုင်သမျှဆိုတာ အကုန်လုံးပါပဲ။ အကုန်လုံးကို ရွေးကောက်တဲ့
ပုံစံနဲ့ မဲပေးတဲ့ပုံစံနဲ့ လုပ်လာပြီးဆိုတော့ ဒီအပေါ်မှာပဲ အခြေခံပြီးတော့
လိုအပ်သလို အားဖြည့်တာတို့၊ ပြုပြင်ပြောင်းလဲတာတို့၊ ဒါလေးတွေပဲ လုပ်ရမယ်။
ဒါကြီးကို အစက ပြန်ဖျက်ပြီးတော့ နောက် အပေါ်ကနေ ဆင်းလာတဲ့ပုံ လုပ်လို့
မဖြစ်တော့ပါဘူး။ အခုတော့ ဒီအတိုင်းပဲ ဆက်လုပ်နေပါတယ်။ အဲဒီတော့
၂၀၁၅ ခုနှစ် မတိုင်ခင်မှာ ကျနော့်အမြင်ပေါ့ ကိုယ်ပိုင်အမြင်နဲ့ ပြောရရင်
၂၀၁၅ မတိုင်ခင်မှာ ဒီလိုပဲ ပါတီညီလာခံ နောက်ထပ်တခု ထပ်လုပ်လို့ရမလား
ဆိုရင် မလုပ်သင့်ဘူးလို့ ကျနော် ထင်ပါတယ်။
ဦးသားညွှန့်ဦး ။ ။ လုပ်သင့်တာလား၊ မလုပ်သင့်တာလား။
ဦးဟံသာမြင့်။ ။ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
ဦးသားညွှန့်ဦး ။ ။ ဘာကြောင့်ပါလဲ။
ဦးဟံသာမြင့်။ ။ ဘာကြောင့် မလုပ်သင့်ဘူးဆိုရင် ကျနော်တို့အနေနဲ့လုပ်ရင်
ရွေးကောက်ပွဲအပေါ်မှာ အားစိုက်ပြီး လုပ်ရမယ့်အချိန်မှာ ကျနော်တို့ပါတီထဲမှာ တခါ ရွေးကောက်ပွဲလုပ်လို့ရှိရင် ဖြစ်လာမယ့် အကျိုးနဲ့အမြတ်နဲ့ ပေးရမယ့်
resource, သုံးရမယ့် ကျနော်တို့ရဲ့  အင်အားနဲ့ဆိုရင် မမျှဘူးလို့
ကျနော်ထင်တယ်။
ဦးသားညွှန့်ဦး ။ ။ နောက်တချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လတ်တလောအားဖြင့် နိုင်ငံတကာမှာ၊ ပြည်တွင်းမှာ တကယ့်ခေါင်းဆောင်မှု၊ လူအားလုံး ထောက်ခံတယ်၊သိသာထင်ရှားတဲ့ ခေါင်းဆောင်မှုက ဒေါ်အောင်
ဆန်းစုကြည် ဖြစ်နေတယ်။ တချို့ ဝေဖန်သံတွေက ဒေါ်အောင်ဆန်းစုကြည်
အပြင် နောက်ထပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်မှုတွေ မထွက်လာဘူးလားဆိုတဲ့ ဒုတိယတန်းခေါင်းဆောင်၊ တတိတန်းခေါင်းဆောင်
ဒါမျိုးတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ စဉ်းစားချက်
ရှိပါသလား။
ဦးဟံသာမြင့်။ ။ ဒုတိယတန်းခေါင်းဆောင်၊ တတိတန်းခေါင်းဆောင်ဆိုတာ
က နှစ်ခုရှိတယ်။ ကျနေုာ်တို့ အဖွဲ့ချုပ်ရဲ့  ဖွဲ့စည်းပုံအရဆိုရင်တော့ ဒေါ်အောင်ဆန်း
စုကြည်ပြီးရင် CEC ဆိုတာရှိတယ်။ နောက် ဒုတိယတန်းခေါင်းဆောင်ပေါ့။ ဒါက ဖွဲ့စည်းပုံအရ ပြောတာ။ တကယ် သြဇာရှိတာ၊ မရှိတာ။ နိုင်ငံရေးအားဖြင့် သြဇာ
ရှိတာ၊ မရှိတာ။ သက်ရောက်မှု ရှိတာမရှိတာကို ပြောတာမဟုတ်ပါဘူး။
နောက်တခါ ပြောမယ်ဆိုရင် ကျနော်တို့ရဲ့  Movement ကြီးတခုလုံးကို ကြည့်ရအောင်။ ဒေါ်အောင်ဆန်းစုကြည် မရှိရင် အစားထိုးနိုင်တဲ့ ခေါင်းဆောင်တွေ မရှိဘူးလားဆိုတော့ မဟုတ်ဘူး။ အပြင်မှာလည်း ရှိနိုင်တယ်။ အတွင်းထဲမှာလည်း
ရှိနိုင်ပါတယ်။ ဒါတွေကတော့ ကျနော်တို့အနေနဲ့ ဒီလို အခုလိုပေါ့ အကုန်လုံးက
လှုပ်ရှားနေတဲ့ အချိန်ကာလကြီးမှာ၊ ရွေ့ လျားနေတဲ့ အချိန်ကာလကြီးမှာ
ကျနော်တို့က ဘယ်သူက ဒေါ်အောင်ဆန်းစုကြည်ပြီးရင်၊ ဒုတိယခေါင်းဆောင်က
ဘယ်သူ၊ တတိယခေါင်းဆောင်က ဘယ်သူ၊ ဘယ်အလွှာက ဘယ်လိုဆိုတာကို မပြောတာ ကောင်းတယ်လို့ ထင်ပါတယ်။
ဦးသားညွှန့်ဦး ။ ။ နောက်တခုက တိုင်းရင်းသားပါတီတွေနဲ့ ဆက်စပ်မှုပါ။ အရင်
တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ CRPP ဆိုပြီး
တိုင်းရင်းသားပါတီတွေနဲ့ တော်တော်ကို နီးနီးစပ်စပ် တွဲပြီးတော့ လုပ်ခဲ့တာမျိုးတွေ
ရှိပါတယ်။ အခုက တချို့ အမြင်က သီးခြားလို့သက်သက်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က သက်သက်၊ တိုင်းရင်းသားပါတီတွေက သက်သက်လို ဖြစ်နေပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ ဆက်ဆံမှု၊ နီးနီးစပ်စပ် ဆက်ဆံမှု၊ မဟာမိတ်ပြုနိုင်မှု အနေအထား ဘယ်လို ရှိပါသလဲ။
ဦးဟံသာမြင့်။ ။ ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒါကတော့ မသိလို့ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ ဒါကို လူသိများအောင် မလုပ်ဘူး။ မလုပ်တဲ့အခါကြတော့
ကျနော်တို့က CRPP မှာ ပါလာတဲ့ပုဂ္ဂိုလ်များ၊ အဲဒီခေါင်းဆောင်များ အကုန်လုံး
ကို ဖိတ်ပြီးတော့ တွေ့နေကြပါတယ်။ လတိုင်းလတိုင်း ပထမအပတ် စနေနေ့မှာ
တွေ့နေပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်ထဲမှာ တိုင်းရင်းသားဆက်ဆံရေး ကော်မတီ
ဆိုတာ ဖွဲ့ထားတာရှိတယ်။ ဆက်ဆံရေးကော်မတီရဲ့ ခေါင်းဆောင်က
ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ အတွင်းရေးမှူးက ဦးထွန်းထွန်းဟိန်၊ ဒေါ်နန်း
ခင်ထွေးမြင့် တို့လို ပုဂ္ဂိုလ်တွေလုပ်တယ်။ ဒီပုဂ္ဂိုလ်တွေကလည်း UNFC က
အစည်းအဝေးခေါ်ရင် သွားကြတယ်၊ လုပ်ကြတယ်။ Peace Center က အစည်းအဝေးခေါ်လည်း သွားတယ်ဆိုတဲ့ သဘောမျိုးနဲ့ တတ်နိုင်သမျှ
တိုင်းရင်းသားများနဲ့ အဆက်မပြတ် ချိတ်ဆက်လုပ်ဆောင်နေပါတယ်။
ဦးသားညွှန့်ဦး ။ ။ လာမယ့် ရွေးကောက်ပွဲအတွက် တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီး
ဆောင်ရွက်ဖို့ အလားအလာ ရှိပါသလား။
ဦးဟံသာမြင့်။ ။ ကျနော်တို့မှာ ချထားတဲ့ ပေါ်လစီတွေ ရှိပါတယ်။
ကျနော်တို့နဲ့ တောက်လျှောက်တွဲလာတဲ့ အခုနပြောတဲ့ CRPP ပြောလို့ CRPP က ခေါင်းဆောင်များနဲ့ ပတ်သက်လို့ ပါတီက ရွေးကောက်ပွဲဝင်မယ့် ကိစ္စတွေနဲ့
ပတ်သက်လို့ ကျနော်တို့ ဘာလုပ်ရမလဲဆိုတာကို ချထားတာ ရှိပါတယ်။
ဒါပေမဲ့ ဒါတွေကို ကျနော်တို့ရဲ့  မဟာမိတ်များဖြစ်တဲ့ CRPP က လူတွေတောင်
မပြောသေးလို့ ထုတ်ပြောလို့ မဖြစ်ပါဘူး။
ဦးသားညွှန့်ဦး ။ ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တချို့ အကန့်အသတ် လုပ်လာတာ
ရှိပါတယ်။ ဥပမာ ရွေးကောက်ပွဲ ကော်မရှင်က ဟိုတလောကဆိုရင် ပါတီစည်းရုံးရေး
တွေနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ။ အခု ရွေးကောက်ပွဲ နီးလာတော့ ဒီလို အကန့်အသတ်မျိုးတွေ ကြုံရပါသလား။
ဦးဟံသာမြင့်။ ။ ရွေးကောက်ပွဲ နီးလာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတော့
မဟုတ်ဘူး။ အခုကတော့ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုတာ
မရှိတော့ဘူးပေါ့။ မရှိတော့ ဒီမေးခွန်းကို သိပ်ပြောလို့ မရဘူး။ ၂၀၁၅ ရွေးကောက်ပွဲ
ကတော့ နည်းနည်းဝေးသေးတယ်။ အကန့်အသတ်ဆိုတာတော့ ၁၉၉၀ ခုနှစ်
ကလည်း ကြုံခဲ့တာပဲ။ ၂၀၁၂ ရွေးကောက်ပွဲတုန်းကလည်း ကြုံခဲ့တာပဲ။ သို့သော် ဒီအကန့်အသတ်တွေ ကြားထဲကပဲ ကျနော်တို့လည်း ဖြစ်အောင် လုပ်ခဲ့ကြတယ်။
ဒါကတော့ သိပ်ပြီးတော့ ပြောနေရမယ့် ပြဿနာ၊ ကြောက်နေရမယ့် ပြဿနာကြီး
တခုလို့ မယူဆဘူး။
ဦးသားညွှန့်ဦး ။ ။ ရွေးကောက်ပွဲမှာတော့ တကယ်တမ်း လက်ရှိ အာဏာရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အဓိက ယှဉ်ပြိုင်ရမှာပေါ့။ သူတို့ကတော့ နေရာပေါင်းစုံပြိုင်မယ်။
တဖက်မှာ တိုင်းရင်းသားနယ်မြေတွေ။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နေရာမျိုးတွေမှာဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာဆို အာဏာရ
ပါတီတောင် မနိုင်ပါဘူး။ သူတို့ တိုင်းရင်းသားပါတီတွေ နိုင်ကြပါတယ်။ နိုင်ကြတော့ အန်ကယ်တို့အနေနဲ့ တိုင်းရင်းသားပါတီတွေကို ပြိုင်ဖက်လို မြင်လား၊
ပူးပေါင်းဆောင်ရွက်မလား။ ဘယ်လို သဘောထားပါသလဲ။
ဦးဟံသာမြင့်။ ။ အခုန မေးသွားတဲ့မေးခွန်းနဲ့ တဆက်တည်းပါပဲ။ ကျနော်တို့က
အရင်ဆုံး ကျနော်တို့နဲ့ မဟာမိတ်အမြဲတမ်း လုပ်လာခဲ့တဲ့ တိုင်းရင်းသားပါတီတွေကို အရင်စဉ်းစားမယ်။ သူတို့အတွက် ကျနော်တို့ ဘာလုပ်ပေးရမလဲ။ ဘယ်လို လုပ်ကြမလဲဆိုတာကို ပေါ်လစီ ချထားပြီးသာ ရှိပါတယ်။ အဲဒါပြီးမှ အခုနပြောတဲ့ တခြားတိုင်းရင်းသားပါတီများနဲ့ ပတ်သက်ပြီး ဆက်ပြီးစဉ်းစားပါမယ်။
ဦးသားညွှန့်ဦး ။ ။ ကျနော် နောက်ဆုံး မေးခွန်းမေးချင်ပါတယ်။ အန်ကယ့်အမြင်ပါပဲ။ အကယ်၍များ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ အာဏာရပါတီက မဲမသမာမူတွေလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများကြီးရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အကယ်၍ မဲမသမာမူတွေ ဖြစ်လာခဲ့ရင် NLD ဘာလုပ်မလဲ။
ဦးဟံသာမြင့်။ ။ ဒါတွေက ပြောရတာ ခက်တော့ခက်တာပေါ့။ ဖြစ်လာမယ်၊ ဘာဖြစ်မလဲဆိုတာ ပြည်သူလူထုက ရွေးကော်ပွဲပေါ် ဘယ်လို မြင်သလဲဆိုတာ ပိုအရေးကြီးတယ်။ မသမာမူ တကယ်လုပ်သလား။ လုပ်တာကို အကုန်လုံး ပြည်သူ
လူထုက ကွင်းကွင်းကြီး မြင်နေရင်တော့ အခြေအနေ တမျိုးဖြစ်မှာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ပြည်သူလူထုမြင်တာ မဟုတ်ဘဲနဲ့ တခြားနည်းနဲ့လုပ်သွားနိုင်ရင်
လည်း ပြည်သူလူထုရဲ့  ခံယူချက်က ဒါက တရားတယ်လို့ ယူဆရင်တော့
ကျနော်တို့က ဒါကို လက်ခံရမယ့်သဘောရှိတယ်။
ဦးသားညွှန့်ဦး ။ ။ လူထုရဲ့  အဆုံးအဖြတ်ပေါ့။ ကျေးဇူးအများကြီး တင်ပါတယ်။

PS .... “ဆက်စပ်ပြီး တွေးဆ/ဆင်ခြင်နိုင်ကြပါစေ။”

credit to ..... burmese.voanews & 7daydaily

Friday, September 26, 2014

TRUE IMAGES (259)

ဒီလိုပဲ “နားလှည့်ပါးရိုက်”
လုပ်ပေါင်းများပြီ။

“၂၁ ရာစုမှာ အကြမ်းဖက်သမားတွေ အတွက် နေရာ မရှိဘူး”

“၂၁ ရာစုမှာ အကြမ်းဖက်သမားတွေ အတွက် နေရာ မရှိဘူး”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(ISIS News in Brief)

@ *** “အမေရိကန်က ISIS အပြင် အယ်လ်ကိုင်ဒါ ကိုပါ စတင်
တိုက်ခိုက်” *** (24 September 2014)
အလက်ပိုမြို့ အနောက်ပိုင်းတွင် လျှို့ဝှက် တပ်စွဲထားသော
ခိုရာဆန် အဖွဲ့သည် လူသိနည်း လှသော်လည်း လက်နက်ခဲယမ်း
မီးကျောက် စုံလင်လှသော အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့ဖြစ်ရာ
ယမန်နေ့ နံနက်တွင်အမေရိကန်က လေကြောင်းမှ ရှစ်ကြိမ် အထိ
တိုက်ခိုက် ခဲ့ပြီး လေ့ကျင့်ရေး စခန်းများ၊ ဖောက်ခွဲရေး နှင့်
လက်နက်ခဲယမ်း မီးကျောက် ထုတ်လုပ်ရေး စက်ရုံတစ်ရုံ၊
ဆက်သွယ်ရေး အဆောက်အအုံ တစ်လုံးနှင့် ကြီးကြပ် ကွပ်ကဲရေးရုံး
အဆောက်အအုံ များကို ဖျက်ဆီး နိုင်ခဲ့ကြောင်း
ပင်တဂွန် က ပြောသည်။

@ "IS အပေါ် အမေရိကန်နဲ့ အာရပ် ၅ နိုင်ငံ တိုက်ခိုက်"
(23 September 2014)
အခု စစ်ဆင်မှုမှာ ဆွန်နီ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်၊
ကာတာ၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က ပထမဆုံး ပါဝင်
ပံ့ပိုး ခဲ့ကြတယ်။ဆီးရီးယား အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ရှိတဲ့ IS
အဖွဲ့ရဲ့ လေ့ကျင့်ရေး ကွင်းတွေ၊ ကွပ်ကဲရေး အဆောက်အအုံတွေ၊
ယာဉ်တွေနဲ့ သိုလှောင်ရုံတွေ ပျက်စီး သွားတယ်။

@ "IS အစွန်းရောက် အဖွဲ့ကို ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ"
(20 September 2014)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဦးဆောင်ကျင်းပတဲ့
လုံခြုံရေးကောင်စီ စည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံ
စလုံးက တညီတညွတ်ထဲ အတည်ပြုပေးလိုက်ပါတယ်။
အစ္စလာမ် စစ်သွေးကြွတွေက အီရတ်နဲ့ တခြား နိုင်ငံသားတွေကို
သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ အဓမ္မပြုကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်
တာတွေ လုပ်ဆောင်နေတဲ့အတွက် အပြင်းအထန် မခံမရပ်နိုင်
ဖြစ်မိတယ်လို့ ၀န်ကြီး ကယ်ရီက ပြောပါတယ်။

@ "အီရတ်အမျိုးသမီးငယ် များကို ISIS အစ္စလာမ္မစ် စစ်သွေးကြွများက
ကျွဲ ၊ နွားများကဲ့သို့ လေလံတင် ရောင်းချလျက်ရှိ"
(16 September 2014)
ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ၄င်းတို့ သိမ်းပိုက် ခဲ့သည့်
ဒေသများ အတွင်းမှ အမျိုးသမီးငယ် ထောင်ပေါင်း များစွာကို
အဓမ္မ ပြုကျင့်ခြင်း၊ နှိပ်စက်ခြင်း နှင့် အစ္စလာမ် ဘာသာသို့ အတင်းအဓမ္မ
ကူးပြောင်း စေခြင်း စသည် တို့ကို လုပ်ဆောင် ခဲ့သည့်အပြင်
လွန်ခဲ့သည့် နှစ်လ အတွင်းက အမျိုးသမီးငယ် များစွာကို စစ်သွေးကြွ များထံ လေလံတင် ရောင်းချ ခဲ့ကြောင်း ဖော်ပြချက် အရ သိရသည်။
ထို့ပြင် အသက် ၁၂ နှစ်နှင့် ၁၃ နှစ် အရွယ် အမျိုးသမီးငယ် များကိုလည်း
အစွန်းရောက် စစ်သွေးကြွများ နှင့် လက်ထပ်ရန် အဓမ္မ ဖိအားပေး
လုပ်ဆောင် ခဲ့ကြခြင်းကြောင့် အမျိုးသမီး တချို့မှာ ၄င်းတို့ကို သတ်ရန်
စစ်သွေးကြွ များထံ တောင်းဆိုခဲ့ ကြသည်ဟု ဖော်ပြချက်တွင်
ပါရှိသည်။

@ "Syria ရှိ ISIS အစွန်းရောက် အုပ်စုအပေါ် လေကြောင်း တိုက်ခိုက်မှု
အမေရိကန်စတင်" (16 September 2014)
ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွအဖွဲ့ရဲ့ ပစ်မှတ်တွေကို အမေရိကန်က
လေကြောင်း တိုက်ခိုက်ရာမှာ ဆီးရီးယား အနေနဲ့ ၀င်ရောက်မနှောင့်ယှက်ဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။IS ကို နှိမ်နင်းရာမှာ
အီရတ်နိုင်ငံကို အကူအညီပေးဖို့ အမေရိကန်နဲ့အတူ နိုင်ငံပေါင်း ၃၀
လောက်က ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့
ကတိပြုထားကြပါတယ်။

@ "ဗြိတိန်တစ်ယောက်ကို ခေါင်းဖြတ်တဲ့ Video IS ထုတ်ပြန်"
(14 September 2014)
ဗြိတိသျှနိုင်ငံသား *** ကူညီထောက်ပံ့ရေးဝန်ထမ်း David Haines *** ကို သတ်ဖြတ်လိုက်ကြောင်း Islamic State အစ္စလာမ်စစ်သွေးကြွအဖွဲ့က
ပြောပါတယ်။

@ "IS အစွန်းရောက်တွေ အပေါ် စစ်ဆင်နွှဲနေကြောင်း ကန် ကြေညာ"
(13 September 2014)
အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းပြီး
Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်သွားမယ်လို့
ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ
သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုသွားပါတယ်။

@ "ISIS အစွန်းရောက်အုပ်စုကို ချေမှုန်းမည့် အမေရိကန် စစ်ရေးဗျုဟာ
အိုဘာမား ချပြ" (11 September 2014)
*** Islamic State အစွန်းရောက်အုပ်စုဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး
အန္တရာယ်ဖြစ်တယ်။
စစ်သွေးကြွတွေ ဘယ်နေရာမှာပဲ ရောက်ရောက် လိုက်လံ တိုက်ခိုက်မှု
လုပ်သွားမယ်။
“၂၁ ရာစုမှာ အကြမ်းဖက်သမားတွေ အတွက် နေရာ မရှိဘူး” ***
ဆိုတာကို ပြောချင်တယ်။
(Barack Obama)

@ "နောက်ထပ် အမေရိကန် သတင်းထောက် IS သတ်ဖြတ်"
(3 September 2014)
IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ က အင်တာနက် မှာထုတ်ပြန် လိုက်တဲ့ ဗီဒီယို မှာ
အမေရိကန် TIME မဂ္ဂဇင်း၊ Foreign Policy နဲ့ Christian Science
Monitor စာစောင်တွေ မှာ ရေးသားတဲ့ အမေရိကန် သတင်းထောက်
Steven Sotloff ကို ခေါင်းဖြတ်တဲ့ ပုံ ပြသ လိုက်ပါ တယ်။

@ "Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး"
(23 August 2014)
Islamic State အစွန်းရောက်အဖွဲ့က စစ်သွေးကြွတွေ အမေရိကန်
သတင်းထောက် James Foley ကို သတ်ဖြတ်ခဲ့တာဟာ အမေရိကန်
ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုက်ရိုက်ကျူးလွန်တဲ့
သဘောဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။

@ "အမေရိကန်သတင်းထောက် ခေါင်းဖြတ်ခံရဗွီဒီယို IS ထုတ်ပြန်"
(Aug 20, 2014)
အီရတ်မှာ အမေရိကန်က ဝင်ရောက် စွက်ဖက်နေတာကို ရပ်အောင်
လုပ်တာလို့ဆိုပြီး သတင်းထောက် James Wright Foley ကို ခေါင်းဖြတ်
သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေကနေ
ထုတ်ပြန်ခဲ့ပါတယ်။

@ "မိုဆူးလ် ရေကာတာကို ပြန်သိမ်းနိုင်ပြီလို့ အီရတ် ပြော"
(18 August 2014)
အီရတ်နိုင်ငံ မြောက်ပိုင်းက မဟာဗျူဟာ ကျတဲ့ မိုဆူးလ် ရေကာတာကို
ဂျီဟတ်ဒစ် အိုင်အက်စ် စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည်
သိမ်းယူနိုင်ခဲ့ပြီလို့ အီရတ်နဲ့ ကာ့ဒ် အရာရှိ တွေက ပြောပါတယ်။

@ "အကြမ်းဖက်အဖွဲ့တွေအရေး ကုလမှာ ဆုံးဖြတ်"
(16 August 2014)
အစွန်းရောက် အကြမ်းဖက် အဖွဲ့တွေ အတွက် လူသစ် စုဆောင်းပေး တဲ့၊
ငွေကြေးနဲ့ လက်နက် ထောက်ပံ့တဲ့၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အပေါ် ပစ်မှတ်ထား
ကန့်သတ် အပြစ် ယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက် ကို၊ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ၊ တခဲနက် ထောက်ခံ အတည်ပြု လိုက်ပါတယ်။

@ "အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွ ခံတပ်ကို အမေရိကန် ဖြိုခွင်းခဲ့"
(15 August 2014)
အီရတ်နိုင်ငံ Sinjar တောင်ပေါ်မှာရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့
ခံတပ်ကို အမေရိကန်က ဝေဟင်တိုက်ခိုက်မှုကနေ ဖြိုခွင်းပစ်နိုင်ခဲ့ပြီလို့
အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ပြောပါတယ်။

@ "အစ္စလာမ် အစွန်းရောက်အန္တရာယ် ညီညွတ်စွာ တိုက်ဖျက်ဖို့ အိုဘားမား
တိုက်တွန်း" (12 August 2014)
အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဖက်ခြမ်း ဒေသတွေမှာ ခြိမ်းခြောက်လာတဲ့
အစ္စလာမ်မစ် သူပုန်တွေကို တိုက်ခိုက် နှိမ်နင်းနေတဲ့ အီရတ်တပ်ဖွဲ့ တွေမှာ
အီရတ်ပြည်သူတွေ ၀င်ရောက်ပူးပေါင်းဖို့ အရေးကြီး တယ်လို့ အမေရိကန်
သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

@ "ဆူနီဂျီဟတ်ဒစ်တွေကို အစ္စလမ်မစ်နိုင်ငံ ထူထောင်ခွင့်မပြုလို့
အိုဘားမားပြော" (10 August 2014)
ဆီရီးယားနဲ့ အီရတ်မှာ ဆူနီဂျီဟတ်ဒစ်တွေ သီးခြားအစ္စလမ်မစ်နိုင်ငံတခု
ထူထောင်တာကို သူခွင့်မပြုနိုင်ဘူးလို့ အမေရိကန်သမ္မတ အိုဘားမားက
ပြောလိုက်ပါတယ်။

@ "အီရတ်စစ်သွေးကြွတွေကို ကန် လေကြောင်းတိုက်ခိုက်
(8 August 2014)
အီရတ် နိုင်ငံ မြောက်ပိုင်းက မြို့တွေကို သိမ်းယူထားတဲ့ အစ္စလာမစ်
စစ်သွေးကြွတွေ အပေါ် အမေရိကန်က လေကြောင်း တိုက်ခိုက်မှု
စတင် လိုက်ပါတယ်။"

@@@ "IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ"
http://www.thithtoolwin.com/2014/09/is_5.html
 
PS .....
"သာမာန်အစ္စလာမ်ဘာသာဝင်နဲ့ အစ္စလာမ် (အစွန်းရောက်ဝါဒီ)
နှစ်ခုကို မရောထွေးစေလိုပါ။”

credit to .... thithtoolwin / PyiChitThar / ဘီဘီစီ (မြန်မာပိုင်း) /
ဗွီအိုအေ (မြန်မာပိုင်း) & ABC Radio Australia

TRUE IMAGES (258)


"လွတ်လပ်သော နိုင်ငံဖြစ်ဖို့ဆိုရင်"


"လွတ်လပ်သော နိုင်ငံဖြစ်ဖို့ဆိုရင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“မည်သည့်
ပွင့်လင်း လူ့အဖွဲ့အစည်း (Open Society) မဆို
အခြေခံအုတ်မြစ်သည် အရာနှစ်ခုသာဖြစ်သည်။
ယင်းမှာ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်နှင့်
တရားဥပဒေ စိုးမိုးရေးဖြစ်သည်။
ယင်းအရာနှစ်ခု မရှိပါက
လွတ်လပ်သော နိုင်ငံတစ်ခုလည်း
ရှိလိမ့်မည်မဟုတ်ပါ။”

“Two things form the bedrock
of any open society –
freedom of expression and rule of law.
If you don't have those things,
you don't have a free country.” .
(Salman Rushdie)

credit to .... The Daily Eleven &
brainyquote

Monday, September 22, 2014

TRUE IMAGES (257)


"ပိန်မသာ လိမ်မသာ"

"ပိန်မသာ လိမ်မသာ"
။။။။။။။။။။။။။။။။။။။။။။။။။
“စာမဖတ်တဲ့ လူဆိုတာ
စာမတတ်တဲ့ လူနဲ့
ပိန်မသာ လိမ်မသာ ပါပဲ။”

Those Who Do Not Read Are
No Better Off Than
Those Who Cannot.
(Chinese Proverb)

credit to ..... Messenger News Journal
& quotes

Sunday, September 21, 2014

TRUE IMAGES (256)

  “ကိုယ့်မျက်ချေး ကိုယ်မြင်အောင်
အရင်ကြည့် ….. တဲ့”

"ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ်"


"ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။
(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။
(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
ဝုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီ…လို့။
(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
*** စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။ ***
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။
(၅)
*** “ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။
ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာ
ကောင်းတာမရှိဘူးလေ…။ ***
(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ… "
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်…။
“မေမေ၀ယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
ဝလုံး ၀ိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…”
(မင်းခိုက်စိုးစန်)

PS .....
September 21
"International Day of Peace"
"အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့"နဲ့ အတူ
ဒိုချစ်တဲ့မြန်မာပြည်ကြီး အေးချမ်း သာယာပြီး
ငြိမ်းချမ်းကြပါစေ ....။

credit to ..... poemscorner

Saturday, September 20, 2014

TRUE IMAGES (255)

“နဖါချေး ပိတ်နေလို့လား???
မသိဘူးနော် ….”

"WORK - WORK - WORK"


"WORK - WORK - WORK"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိကန်နိုင်ငံရဲ့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့
“အီဗရာဟင်လင်ကွန်း” ရဲ့အကြောင်း လေးတစ် ခုပါပဲ။
လေ့လာဖူးသူတိုင်း သိနိုင်တဲ့အချက်ကလင်ကွန်းဆိုတာ
ကျောင်းတောင်မှ ဖြစ်ဖြစ်မြောက်မြောက် နေ ခဲ့ရသူ မဟုတ်ဘူး။
သူ့ရဲ့ငယ်စဉ်ဘဝ တစ်လျှောက်လုံးလည်း အလုပ်ကြမ်းသမား
ဘဝနဲ့ ဆင်းဆင်းရဲရဲ ကျော်ဖြတ်ခဲ့ရတဲ့သူ။ ဒါပေမဲ့
နောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ
ထွန်းတောက်ဆုံး သမ္မတတစ် ယောက် ဖြစ်လာခဲ့ရသူပါဆိုတာ
သိကြပါတယ်။


တစ်နေ့ သမ္မတရုံးခန်းမှာ “လင်ကွန်း” အလုပ်လုပ်နေတုန်း
သူ့ရဲ့ရုံးလုလင်ကလေး တစ်ယောက်ဟာ ဘာအ လုပ်မှမလုပ်ဘဲ
“လင်ကွန်း” ကိုပဲ ငေးကြည့်နေတာ တစ်ချိန်လုံးလိုလိုပါပဲ။
ပထမတော့ လင်ကွန်းကလည်း သတိမထားမိပါဘူး။ ဒါပေမဲ့
နောက်တော့ လင်ကွန်းက သတိပြုမိလာပြီး အဲဒီသူငယ်လေးကို
သူ့အနားလာခဲ့ဖို့ လှမ်းခေါ်လိုက်ပါတယ်။

အနားကို ရောက်လာတော့မှ
“မင်းတစ်ချိန်လုံး ငါ့ကိုပဲ စိတ်ဝင်တစား ငေးကြည့် နေတာ
ငါသတိပြုမိတယ်။ အဲဒါ ဘာကြောင့်လဲဆိုတာ
မင်းငါ့ကိုပြောပြနိုင်မလား”
ဆိုတော့ အဲဒီလူငယ်က ချက်ချင်းဆိုသလိုပဲ အားရတက်ကြွစွာနဲ့
“ကျွန်တော်သမ္မကြီးကို အရမ်းလေးစား ကြည်ညိုပါတယ်။
သမ္မတကြီးဟာ သာမန်ဆင်းရဲသား ဘဝကနေ သမ္မတဖြစ်လာတယ်
ဆိုတာလည်း ကျွန်တော်သိပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖြစ်နေတာ
တစ်ခုက မှန်ချင်လည်းမှန်မယ် မှားချင်လည်းမှားမယ်။
သမ္မတကြီးမှာ အရမ်း ကောင်းတဲ့ အရည်အချင်းတစ်ခုခု ရှိနေမယ်လို့
ထင်ပါတယ်။ အဲဒါဘာလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။
ဖြစ်နိုင်ရင် အဲဒီအရည်အချင်းမျိုး ကျွန်တော့်မှာရှိရင် ကောင်းမှာပဲလို့
တွေးပြီး သိချင်နေတာပါပဲ။ အပန်းမကြီး ဘူးဆိုရင် ကျွန်တော့်ကို
ပြောပြပါလား” ဆိုတော့ လင်ကွန်းက ချက်ချင်းဆိုသလိုပဲ
အဲဒီလူငယ်ကို စာရွက် နဲ့ရေးလို့ရမယ့်ဟာ တစ်ခုခု ယူလာခဲ့ရင်
အဲဒီအရည်အချင်းက ဘာလဲဆိုတာ ပြောပြမယ်။ ရေးပြမယ်လို့ ဆိုတော့
လူငယ်က စာရွက်နဲ့ ကလောင်တံကိုယူပြီး လင်ကွန်းကို ပေးပါတယ်။
ဒီတော့လင်ကွန်းက အဲဒီ စာရွက်ပေါ်မှာ စာလုံးသုံးလုံး ရေးပြလိုက်
ပါတယ်။ အဲဒီစာလုံး သုံးလုံးကတော့ WORK . . WORK . . WORK . .
ဆိုတဲ့ စကားလုံးတွေပါပဲ။အဓိပ္ပာယ်ကတော့ “အလုပ်လုပ်ပါ..
အလုပ်လုပ်ပါ.. အလုပ်လုပ်ပါ..” ပေါ့။

နောက်ဆက်တွဲပြောရရင် သေသေ ချာချာလုပ်ပါ။
ဂရုစိုက်ပြီး အမြဲမပြတ်လုပ်ပါ။
အောင်မြင်ပြီးမြောက်တဲ့အထိ မနေမနားလုပ်ပါလို့ ဆိုလိုတာပါပဲ။

မှန်ပါတယ်။

*** “အလုပ်လုပ်ရာမှာ အောင် မြင်မည် မအောင်မြင်မည်မှာ
မိမိတာဝန်မဟုတ်။ စွဲမြဲစွာ ကြိုးစားလုံ့လ ပြုရမည်သာလျှင်
မိမိ၏တာဝန်ဖြစ်သည်” ***
လို့ ဆရာကြီး ဦးပဂျီငိုက ဆိုခဲ့ဖူးပါတယ်။

ဂျပန်စကားပုံ တစ်ခုမှာ လည်း
*** “ကိုယ်ကသာ အကောင်းဆုံးလုပ်ပါ
ကျန်တာကတော့ ကံတရားပဲ” ***
လို့ ဆိုပါတယ်။

ဒါကြောင့် ဒီကနေ့လူငယ်တွေနဲ့ ကြုံတဲ့အခါ လုပ်တော့လုပ်တာပဲ။
ဒါပေမဲ့ ဖြစ်မလာဘူးဆိုပြီး အားလျှော့တဲ့ စကားလေးတွေ
ကြားရတော့
*** “ဖြစ်လာတဲ့ထိအောင် မလုပ်သေးလို့နဲ့ တူပါတယ်” ***
လို့ ပြန်ပြောမိပါတယ်။

(ဘစံကောက်)
ဆောင်းပါးရှင် "ဘစံကောက်" ၏
"ကံကြမ္မာရဲ့ အရှင်သခင်ပဲ ဖြစ်ပါစေ" ဆောင်းပါးမှ

credit to ..... Eleven Media Group

TRUE IMAGES (254)

  "စေ့စေ့လေးတွေးရင်
ရေးရေးလေးတော့ပေါ်လာပါလိမ့်မယ်"

"ခေါင်းဆောင် နဲ့ အာဏာရှင်တို့ကြား ခြားနားချက်"


"ခေါင်းဆောင် နဲ့ အာဏာရှင်တို့ကြား ခြားနားချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ အာဏာရှင်က လူတွေကို မောင်းသည်။
ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။

@ အာဏာရှင်က အာဏာကို အားကိုးသည်။
ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့်
စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။

@ အာဏာရှင်က ကြောက်အောင် လုပ်သည်။
ခေါင်းဆောင်က စိတ်အားထက်သန်အောင်
လုပ်သည်။

@ အာဏာရှင်က “ငါ” ဟု သုံးသည်။
ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။

@ အာဏာရှင်က ပြသနာ ဖြစ်လျှင်
အပြစ်တင်သည်။
ခေါင်းဆောင်က ပြသာနာကို ကုစားသည်။

@ အာဏာရှင်က “သွားကြ” ဟု ပြောသည်။
ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။

(မူရင်း “အထက်လူကြီး” ဟူသောစကားရပ်ကို
“အာဏာရှင်” ဟူသောစကားရပ်ဖြင့်
အစားထိုးပါသည်။)

(Wingate Sai)
*************************************
ဆက်စပ်ပြီး စဉ်းစားမိတာလေးပါ။ …..

@ ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့်
စိတ်ကောင်းစေတနာကောင်းကို အားကိုးပြီး ….
“တပ်မတော်သည်
တိုင်းပြည်အတွက်
တိုင်းပြည်သည်
တပ်မတော်အတွက်မဟုတ် ….”
ဟု ဆိုခဲ့သည်။

@ အာဏာရှင်ကတော့ အာဏာကို အားကိုးပြီး ……
“ပြောတာ နားမထောင်ရင်
ထုတ်ထားတဲ့ အမိန့်ကို ဖီဆန်ရင်
ဓားဓား ချင်း၊ တုတ်တုတ်ချင်း ရင်ဆိုင်ရလိမ့်မယ်။
စစ်တပ်ဆိုတာ သေနတ်ကို
မိုးပေါ်ထောင်ပြီး ပစ်ရိုးထုံးစံ မရှိဘူး။
တည့်တည့်ပစ်မှာ …..”
ဟု ပြောခဲ့သည်။

credit to ..... Wingate Sai / hotnewsweekly
& justfreeman

Wednesday, September 17, 2014

TRUE IMAGES (253)



"ကွာခြားချက်"


"ကွာခြားချက်"
။။။။။။။။။။။။။။။။။
သူတော်ကောင်းတွေ
အာဇာနည်တွေက
ပေးဆပ်မှုတွေ
အနစ်နာခံမှုတွေနဲ့
ဘဝကို စွန့်ခွာသွားခဲ့ကြ .... ။

ကျွန်တော်တို့က
လောဘ-ဒေါ သ
အတ္တရမက်တွေနဲ့
ဘဝကို ဖက်တွယ်ထားခဲ့ကြ ... ။

သူတို့ကမလိုချင်လို့
ချမ်းသာကြ .... ။
ကျွန်တော်တို့က လိုချင်လို့
ဆင်းရဲကြ .... ။

ဆရာမောင်ဘုန်းနွယ်(တွံတေး)

PS ....
ကဗျာခေါင်းစဉ်အား ဖော်ပြမထားပါသဖြင့်
မိမိပေးသောခေါင်းစဉ် အတွက်
ဆရာမောင်ဘုန်းနွယ်(တွံတေး) အား
တောင်းပန်အပ်ပါသည်။

ဆောင်းပါးရှင် "မောင်မိုးဦး" ၏
"မိသားစုပန်းချီကားများ" ဆောင်းပါးမှ ...

credit to ..... Popular Journal

Tuesday, September 16, 2014

TRUE IMAGES (252)


"ပြောင်းလဲမှုကို ဘယ်သူတွေလုပ်မလဲ?"


 
"ပြောင်းလဲမှုကို ဘယ်သူတွေလုပ်မလဲ?"
။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။

ဆိုရှယ်ကွန်ရက်ဖြစ်တဲ့ Facebook ပေါ်မှာ အိန္ဒိယနိုင်ငံက ရိုက်ကူးပြီး
တင်ထားတဲ့ ဗီဒီယိုပြကွက်လေး တစ်ခုကို မျှဝေထားတာကြောင့်
ကြည့်ဖြစ်လိုက်ပါတယ်။ ဗီဒီယိုပညာပေး ပြကွက်လေး အမည်က
“I am that change” ပါ။ ရိုက်ကူးတင်ဆက်လိုက်တဲ့ ဒါရိုက်တာက Sukumar ဖြစ်ပြီးတော့ ပြသချိန် သုံးမိနစ်လောက် အတွင်းမှာ ရင်ကို
ထိသွားစေတဲ့ ပညာပေး ဗီဒီယိုကားတိုလေး တစ်ခုလို့ ဆိုချင်ပါတယ်။

I am that change ဆိုတဲ့ ဇာတ်လမ်းတိုလေးဟာ
မကောင်းမှု မှန်သမျှ၊
ကိုယ်ကျင့်သိက္ခာနဲ့ မညီမှု မှန်သမျှ၊
လူ့ကျင့်ဝတ်ကို ဖောက်ဖျက်မှု မှန်သမျှကို
ဘယ်သူတွေက ပြုပြင်ပြောင်းလဲခိုင်းသည် ဆိုစေ
ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှု မရှိရင် မရနိုင်ဘူးလို့
ဖော်ကျူးထားပါတယ်။
ဒါကြောင့်လည်း ပြောင်းလဲမှုဆိုတာ ကိုယ်တိုင်လုပ်မှ ရမှာလို့
ဆိုချင်ပါတယ်။ ဆရာတော်ကြီးတစ်ပါးက ကိုယ်ကျင့်တရား ဆိုတာကို
အဓိပ္ပာယ်ဖွင့်သွားတာ အလွန်သဘောကျမိပါတယ်။
"ကိုယ်ကျင့်တရားဆိုတာ ကိုယ်တိုင်ကျင့်ရတဲ့ တရား" .... တဲ့။

ကားမောင်းရင်း ဖုန်းပြောလာတယ်။ ယာဉ်ထိန်းရဲက တားတယ်။
ယာဉ်ထိန်းရဲကို ပိုက်ဆံထောင်ပြတယ်။

စာမေးပွဲ စစ်နေတယ်။ မဖြေနိုင်လို့ အခက်တွေ့နေတယ်။
ဘေးက ဖြေနိုင်သူက အဖြေလွှာကို တွန်းပို့လိုက်တယ်။

လမ်းပေါ်မှာ ကလေးတစ်ယောက်နဲ့ မိခင်တစ်ယောက် လမ်းလျှောက်
လာတယ်။ ကလေးက အချိုရည်ဘူး သောက်လာတယ်။ ကုန်သွားတော့
အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ဘူးခွံက အမှိုက်ပုံးထဲ မရောက်ဘဲ
အောက်ကို ကျသွားတယ်။ ကလေးမိခင်က လှည့်တောင်မကြည့်ဘဲ
ကလေးကို လက်ဆွဲပြီး ထွက်သွားတယ်။

ပွဲတစ်ခုမှာ လူတိုင်း လုံခြုံရေးစက်ကို ဖြတ်ဝင်ကြရတယ်။ နာမည်ကြီး မင်းသားတစ်ယောက် ရောက်လာတယ်။ အစောင့်တွေက လုံခြုံရေး
စက်ဘေးက တားဆီးကြိုးကို ဖြုတ်ပေးပြီး လွတ်လပ်စွာ ဝင်စေတယ်။

"နေရာတိုင်းမှာ အမှုမဲ့ အမှတ်မဲ့ဆိုတဲ့ သဘောတရားလေးတွေဟာ
ဘာမှ မဖြစ်လောက်ပါဘူးလို့ ထင်ရပေမယ့် ဒီလို မှတ်တမ်းနဲ့ ကြည့်လိုက်ရချိန်မှာ သေးသေးလေးက အကြီးကြီး ဖြစ်သွားတယ်။"

@ လာဘ်ပေးတာကို အိတ်ထဲ ကောက်ထည့်လိုက်တာ လူမမြင်ရင်
ဘာမှမဖြစ်ပေမယ့် လူမြင်သွားရင် တိုင်းပြည်နဲ့ လူမျိုးအားလုံးကို
သိမ်းကျုံး ထိခိုက်စေတယ်။

@ စာမေးပွဲမှာ ခိုးချတယ် ဆိုတာလည်း၊ စာမေးပွဲမှာ အောင်မှတ်
ကောင်းကောင်း ရနိုင်ပေမယ့် စိတ်ဓာတ်မှာတော့
သုည ဖြစ်သွားနိုင်တယ်။

@ အမှိုက်တစ်စကို ဘာမှမဖြစ်လောက်ဘူး ထင်ပြီး ပစ်လိုက်တာဟာ
ကိုယ့်ဂုဏ်သိက္ခာကို လမ်းဘေးရောက်သွားအောင် လုပ်လိုက်သလို
ဖြစ်သွားနိုင်တယ်။

@ ငါ ဗီအိုင်ပီပဲလေ ဆိုပြီး ထင်တိုင်း လုပ်လိုက်တဲ့ ကိစ္စတစ်ခုဟာ
အများအမြင်မှာတော့ သုံးစားမရတဲ့ တန်ဖိုးမဲ့သူ
တစ်ယောက် ဖြစ်သွားစေနိုင်တယ်။

လာဘ်ယူမလား၊ ခိုးချမလား၊ စည်းကမ်းမဲ့မှာလား၊ ဂရုမစိုက်လုပ်မှာလား
ဆိုပြီး အထင်အမြင်သေးစိတ်နဲ့ ဗီဒီယိုကို ဆက်ကြည့်လိုက်တော့ .....

ရဲက လာဘ်ပေးတဲ့ ငနဲဆီကို ချလန်ဖြတ်ပိုင်းဖြတ်ပြီး
ပစ်ပေါက်လိုက်တယ်။

ခိုးချဖို့ ပေးတဲ့စာရွက်ကို ကောင်မလေးက ခေါင်းခါပြီး ပြန်တွန်းပေး
လိုက်တယ်။

သူ့ကြောင့် လမ်းဘေးကျသွားတဲ့ ဘူးခွံကို မိခင်ဆီကနေ လက်ဖြုတ်ကာ
ပြန်ပြေးလာပြီး ကလေးက အမှိုက်ပုံးထဲ ပြန်ထည့်တယ်။

နာမည်ကျော် ရုပ်ရှင်မင်းသားက လုံခြုံရေးဂိတ်ပေါက်က မဟုတ်ဘဲ
ဖြတ်လာမိတာကို မှားမှန်းသိပြီးတော့ ပြန်ထွက်၊ ဂိတ်ပေါက်ကိုဖြတ်၊
သူ့ကိုလည်း အခြားသူတွေလိုပဲ အရှာခံတယ်။

ဒါတွေအားလုံးဟာ သုံးမိနစ်စာ ပြကွက်ထဲမှာ ဆက်တိုက် ရင်ကိုထိအောင်
လုပ်နိုင်ဖို့ အနုပညာလိုပါတယ်။ ပြောင်းလဲမှုတွေကို တစ်ဦးချင်း တစ်ယောက်ချင်းကနေ ပြောင်းရမှာပါ။

*** ငယ်စဉ်ကတည်းက ကြားဖူးတဲ့ ပုံပြင်ထဲကလို နို့အိုးချပြီး
တစ်ရွာလုံး နို့လာဖြည့်ခိုင်းတာကို၊ တစ်ဦးချင်းစီက
“မဖြစ်လောက်ပါဘူးလေ” “မသိလောက်ပါဘူးလေ”
ဆိုပြီး ရေတွေချည်း လာဖြည့်နေတာကြောင့် နို့အိုးကနေ
ရေအိုးဖြစ်သွားရတဲ့ ဇာတ်လမ်းကို လူတိုင်းသိကြမှာပါ။ ***

ပြောင်းလဲမှုဆိုတာ ကိုယ်တိုင်လုပ်ရပါလိမ့်မယ်။
ဘယ်တော့လုပ်လုပ် နောက်မကျပါဘူး။
ဘယ်အချိန်လုပ်လုပ် ဂုဏ်ရှိပါတယ်။
ဘယ်နေရာမှာလုပ်လုပ် မြင့်မြတ်ပါတယ်။
ပြောင်းလဲမှုအတွက် အချိန်မဆိုင်းပါနဲ့။
ခုပဲ စလုပ်လိုက် ကြရအောင်လား။

(အယ်ဒီတာ)
The Voice Daily Editor's Word

credit to ..... The Voice Weekly &
Best 4 U

TRUE IMAGES (251)


"လူပျင်းနဲ့ လူဖျင်း"


"လူပျင်းနဲ့ လူဖျင်း"
။။။။။။။။။။။။။။။။။။။။။။

လူမှာ “နာမည်ပျက်၊ ဘဝပျက်” ဆိုပြီး
အပျက်နှစ်မျိုးရှိတယ်။

အလုပ်မလုပ်တတ်သူက လူဖျင်း။
ကြိုးစားလို့ရသေးတယ်။
အလုပ်မလုပ်တဲ့သူကျတော့ လူပျင်း။

ဖျင်းတာက နာမည်ပျက်ရုံ။
ပျင်းတာကျတော့ နာမည်လည်း ပျက်၊
ဘဝလည်း ပျက်ရော။

ဘုန်းကြီးတို့တော့ အလုပ်လုပ်နေမှ ကျေနပ်တယ်။
ဘယ်တော့မှ လူပျင်းအဖြစ် မခံနိုင်ဘူး။

(ဓမ္မဒူတအရှင်ပညာဇောတ ဆရာတော်ကြီး)

PS .....
“တို့တတွေ မပျင်းကြဖို့
ဆရာတော်ကြီး ရဲ့ ရိုးရှင်းသော
ဩ၀ါဒပါ။”

credit to ..... ထေရဝါဒ ရနံ့

Sunday, September 14, 2014

TRUE IMAGES (250)

“လုံးဝ ပ(ပျောက်) သွားစေဖို့လား ??? ”

“ကြီးမြတ်တဲ့ သတ်္တိ”


“ကြီးမြတ်တဲ့ သတ်္တိ”
။။။။။။။။။။။။။။။။။။။။။။။
“သတ်္တိဆိုတာ အမျိုး မျိုးပါ၊
စစ်မြေပြင်မှာ တိုက်ရဲတဲ့ သတ်္တိဆိုတာလည်း
တန်ဖိုးထားရမယ့် သတ်္တိပါ။

သို့သော်လည်း .....
နောက်ဆုံး ကျတော့ တိုက်ရဲ ခိုက်ရဲတဲ့ သတ်္တိတွေထက်
အားလုံ အထက်မှာရှိတဲ့ သတ်္တိဟာ
စိတ်ဓာတ် အင်အား သတ်္တိပဲ ဖြစ်ပါတယ်၊

မှန်ကန်တဲ့ အရာကို လုပ်ရဲတဲ့ သတ်္တိထက်
ကြီးတဲ့ သတ်္တိ မရှိပါဘူး"
လို့ ကျွန်မ ပြောပါရစေ ...... ။

(ဒေါ်အောင်ဆန်းစုကြည်)

PS ....
" ကြီးမြတ်တဲ့ သတ်္တိ ” ရှိသူအပေါင်းအား
ဤနေရာမှ ....
လေးစား ဦးညွှတ် ဂုဏ်ပြု ပါသည် ။

ဆောင်းပါးရှင် "သော်နေဇော် (ဥပဒေ)" ၏
"လက်နက်က အာဏာ ဖြစ်နေသမျှ ယုံကြည်မှု မရနိုင်"
ဆောင်းပါးမှ

credit to ... messengernewsjournal

Saturday, September 13, 2014

TRUE IMAGES (249)


"စစ်ပွဲများ (၁)"


"စစ်ပွဲများ (၁)"
။။။။။။။။။။။။။။။။။

အဖေ
ရှေ့တန်းတိုက်ပွဲက
ပြန်လာပြီဆို
ကျွန်တော်တို့တစ်အိမ်လုံး
မီးကုန်ယမ်းကုန်
ပျော်ကြတယ်။

ဘာဘီကျူး
မီးပုံကြီးအောက်မှာ
အဖေ့ပခုံးပေါ်ကကြယ်တွေ
တလက်လက်တောက်ပ။

အမေက
အဖေ့ဦးထုပ်ကို
အသာအယာလှမ်းချွတ်ကာ
ခြေဖျားလေးအသာထောက်
အဖေရဲ့နဖူးကို
ညင်ညင်သာသာလေးမော့နမ်းလို့။

ကျွန်တော်တို့က
အဖေ့ပေါင်ပေါ်ကို
အလုအယက်တက်ထိုင်ကာ
အဖေ့ရင်ဘတ်ထဲတိုးဝင်
အဖေ့အောင်ပွဲတွေကို
အငမ်းမရတူးစွခဲ့ကြတယ်။

ဘေးအိမ်က
ရေဒီယိုထဲမှာတော့
ခြေပြတ်လက်ပြတ်တွေ
မိဘမဲ့သွားတဲ့
ကလေးတွေ
ပျောက်ဆုံးနေတဲ့
အလောင်းတွေနဲ့
အပျက်အစီးတွေအကြောင်း
တစ်ညလုံးတင်ဆက်လို့။ ။

(ခရမ်းပြာထက်လူ)

credit to ..... PURPLE GYPSY

Thursday, September 11, 2014

TRUE IMAGES (248)


"အကြွေး"


 
"အကြွေး"
။။။။။။။။။။။။

အသိတစ်ယောက်ရှိပါတယ်..။
သူ့ အကျင့်က ပိုက်ဆံချေးပြီးရင် ပြန်မဆပ်တတ်ပါဘူး။
အချိန်ကြာလို့ ကိုယ်က သတိပေးရင်တော့ပြောရှာပါတယ်...
" အာ.. မေ့နေလို့ ကွာ...ဘာတွေဝယ်လိုက်တာ
ကုန်သွားတယ်... ဘယ်သူ့ ကိုချေးလိုက်ရလို့  "
နဲ့ ပေါ့။

ကျွန်တော်လည်း ဒီကောင်နောက် တစ်ခါလိုရင်တော့ လား...
ဆိုပြီး ဒဏ်ခတ်ထားလိုက်ပါတယ်။
ကိုယ်မှာ သုံးစရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ကိုယ် ချေးထားတဲ့ပိုက်ဆံကို ပြန်လိုချင်တာ
သဘာဝကျမယ်လို့ ထင်ပါတယ်...။

ဒီမှာ ကျွန်တော်စဉ်းစားမိပါတယ် .....
ကိုယ်တိုင်တောင် ဒီလောက်ပိုက်ဆံကို ပြန်မဆပ်လို့ ဆိုပြီး
ဒဏ်ခတ်သလို သဘာဝတရားကြီးကရော
မိဘအကြွေးမဆပ်သူတွေကို ဒဏ်မခတ်နိုင်ဘူးလားပေါ့ ....
ကျွန်တော်ဥာဏ်မှီသလောက် အကြွေးမဆပ်ဖြစ်တဲ့
အကြောင်းရင်းတွေကိုစဉ်းစားကြည့်တော့...

(၁) သတိမေ့နေလို့ မဆပ်ဖြစ်တဲ့လူတွေရှိမယ်..
(၂) ဆပ်ခွင့်မရလိုက်လို့ မဆပ်ရသူရှိမယ်...
(၃) ဆပ်နိုင်တဲ့ အခြေနေရှိပါရက်နဲ့  တစ်ခြားကိစ္စတွေ
အတွက်ကုန်ပြီး မဆပ်ဖြစ်တာရှိမယ်...
(၄) မိမိကိုယ်တိုင် ဆင်းရဲကျပ်တည်းစွာရုန်းကန်နေရတဲ့
အတွက် မပြေလည်လို့  ပြန်မဆပ်နိုင်တာရှိမယ်...
(၅) ဆပ်ဖို့ မလိုအပ်ဘူးထင်လို့  ပြန်မဆပ်သူတွေရှိမယ်...
(၆) အကြွေးသစ်တွေချည်းပဲ ပေးနေရလို့ 
ကြွေးဟောင်းကို ပြန်မဆပ်နိုင်တာရှိမယ်။
(၇) အကြွေးဆိုတာ ပြန်ဆပ်သင့်တယ် ဆိုတဲ့
အသိပညာဥာဏ် မရှိလို့ မဆပ်ဖြစ်တာရှိမယ်...

ဒိအထဲက တစ်မျိုးမျိုးမှာ အကျူံးဝင်နေသူတွေအတွက်ဆို
ကောင်းမယ်မထင်ပါဘူး။
"အကြောင်းတရားကြောင့် အကျိုးတရားတွေဖြစ်တဲ့ဆက်စပ်မှု့ "
ကို နားမလည်ရင်တော့ ဒီကမ္ဘာလောကကြီးမှာ
သားသမီးကပြန်စောင့်ရှောက်တာမခံရတဲ့ အသက်ကြီးရွယ်အိုတွေ ဒုနဲ့ ဒေး တွေ့ နေရအုံးမယ်ထင်ပါတယ်။

ငယ်ငယ်က သင်ခဲ့ဘူးတဲ့ ဘုရားအလောင်း ကျေးမင်း နဲ့ 
လယ်ပိုင်ရှင်ပုဏ္ဏားအမေးဖြေကို ကြားဘူးကြမယ်ထင်ပါတယ်။

" ပုဏ္ဏား ....
ငါ့မှာ မိအို ဖအိုတွေ ရှိပါတယ်။ သူတို့အတွက် နှုတ်သီးနဲ့ ချီသွားပြီး သူတို့အား ကျေးဇူးကြွေးဟောင်းကို ဆပ်ပေးပါတယ်။"

" ပုဏ္ဏား ....
ငါ့မှာ အတောင်မပေါက်သေးတဲ့ သားငယ်၊ သမီးငယ် လေးတွေ
လည်းရှိပါတယ်။ ငါကျွေးမွေး ပြုစုစောင့်ရှောက်ထားတဲ့ သူတို့က ငါ့ကို ပြန်ပြီး ကျွေးမွေး ပြုစုစောင့် ရှောက်ကြ ပါလိမ့်မယ်။
ဒါကြောင့် ငါဟာ သူတို့အား ကြွေးသစ်ကို ပေးပါတယ်။"

"အဲဒီလက်ပံပင်မှာ တောင်ပံကျိုးတဲ့ အခြားငှက်တွေ
အလွန်အားနည်းနေတဲ့ ငှက်တွေ ရှိပါသေးတယ်။
သူတို့အား ကုသိုလ်ပြုလို လို့ ချီပေးသွားပါယတ်။
အဲဒီ အလှုကို ပညာရှိတွေက ရွှေအိုးလို့ ဆိုကြပါတယ်။"

သူငယ်ချင်းတို့ ရော .....

ကြွေးဟောင်းတွေဆပ်ဖြစ်လား...?
ကြွေးသစ်တွေချည်းပေးနေသူလား...?
ဒါမှမဟုတ် ရွှေအိုးတွေမြုပ်နေသူလား......?

(ကိုပုလေး)

credit to .... myanmarinsingapore

Wednesday, September 10, 2014

TRUE IMAGES (247)


“အာဏာမရှိသူတို့ ရဲ့ အင်အား”


 
“အာဏာမရှိသူတို့ ရဲ့ အင်အား”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“အာဏာရှင်စနစ်အောက်မှာ အကြာကြီးနေခဲ့တဲ့ ပုဂ္ဂိုလ်များ၊
နောက်ပြီးတော့ …
အာဏာရှင်အနေနဲ့ အကြာကြီး အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်များဟာ
ပြည်သူတွေကို အထင်သေးတတ်ပါတယ်။

ပြည်သူတွေက နားမလည်လို့
ပြည်သူတွေဟာ ပြားပြားဝပ်နေတဲ့ စိတ်ဓာတ် ရှိလို့
နင်းပြားဟာ နင်းပြားပဲဆိုတဲ့ စိတ်ဓာတ်မျိုးရှိလို့
အာဏာရှင် အစိုးရများဟာ တက်လာနိုင်တာ
အကြာကြီး အုပ်ချုပ်နိုင်တာ၊
ဒါကြောင့်မို့လို့ …….
ပြည်သူတွေထဲမှာ အင်အား မရှိဘူးဆိုတဲ့
အဲဒီအမြင်တွေ ရှိတတ်ပါတယ်။

ကျမက ဒီဟာကို တုံ့ပြန်တဲ့နေရာမှာဆိုရင်
ချက်နိုင်ငံက ကျမတို့အများကြီးလေးစားခဲ့တဲ့
ဗာစကာ ဟာဗယ်လ် (Václav Havel) ပြောခဲ့ဖူးတဲ့
The Power of the Powerless
“အာဏာမရှိတဲ့ သူများရဲ့ အင်အား”ပေါ့။
အဲဒီလိုမျိုး ခဏခဏ သုံးခဲ့ပါတယ်။
ဒီအင်အားဟာ ရှိတယ်လို့ ကျမတို့ ယုံကြည်ခဲ့ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ..... DVB

Tuesday, September 9, 2014

TRUE IMAGES (246)


"ငါနဲ့ ငါ့နိုင်ငံ"



"ငါနဲ့ ငါ့နိုင်ငံ"
။။။။။။။။။။။။။။။

ငါနဲ့ ငါ့နိုင်ငံမှာ

ကာရာအိုကေ
ယဉ်ကျေးမူတွေ
ထွန်းကားတယ်

မာစပ်
ယဉ်ကျေးမူတွေ
ထွန်းကားတယ်

တစ်ယောက်ကို
တစ်ယောက်
မလေးစားမူတွေ
ထွန်းကားတယ်

မညီညွတ်မူတွေ
ထွန်းကားတယ်

နိုင်ငံရေးသမားတွေ
အကျဉ်းချခံရမူတွေ
ထွန်းကားတယ်

ပါးစပ်ပြော
ဒီပလိုမေစီတွေ
ထွန်းကားတယ်

အာဏာရှင်ဆန်ဆန်
ကျင့်ကြံမူတွေ
ထွန်းကားတယ်

အမိုက်အလွယ်တကူ
ပြစ်တတ်တဲ့အကျင့်တွေ
ထွန်းကားတယ်

ကွမ်းတတွေး
အလွယ်တကူထွေးမူတွေ
ထွန်းကားတယ်

ဦးနှောက်ယိုစီးမူတွေ
ထွန်းကားတယ်

ခုတော့
အဲဒီလိုနဲ့
ငါနဲ့ ငါ့နိုင်ငံမှာ
အသင့်လုပ်ပြီးသား
ယဉ်ကျေးမူနဲ့
တစ်ခါသုံးဒီမိုကရေစီပါ
ထွန်းကားလာလေရဲ့။

(THUKUMA)

credit to .... thukuma

Sunday, September 7, 2014

TRUE IMAGES (245)


"၂၆+၂၃+၃ ဆိုတော့ ....."

"ဘဝ အခွင့်အရေး"


 
"ဘဝ အခွင့်အရေး"
။။။။။။။။။။။။။။။။။။။။။။။

လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။
နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်
ကျရောက်နိုင်ကြောင်း၊သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါ
တွေ ကြီးမြင့်နိုင်တဲ့၊လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်
အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ
သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။
ဒါပေမယ့် နှစ်လရာသီတွေသာပြောင်းသွားတယ်။
သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း
တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။
နတ်မင်းကြီးကိုတွေ့တာနဲ့ သူက
"နတ်မင်းကြီး.... အရှင်ပြောတော့ကျွန်တော်သူဌေးဖြစ်မယ်ဆို၊
ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို
အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ
ဘာမှလည်းမရခဲ့ဘူး" လို့ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက
"အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။
ဒါပေမယ့်ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်"
လို့ ပြောတော့ လူငယ်က
"အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး"
လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့
တယ်မဟုတ်လား?
ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီးအသင်
သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့
သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က
အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။"

"နောက်တစ်ခုရှိသေးတယ်....အသင်မှတ်မိရဲ့လား!
မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းကအိမ်တော်တော်များများ
ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။
လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့်
အသင်သွားမကူညီခဲ့ဘူး။
အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊
လုယက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို
အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း
အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊
အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်
လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့
မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား?
အဲဒီကောင်မလေးက အသင့်ကို
အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။
သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့
ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။
ဖွင့်ပြောရင်လည်း အသင်ကိုသူချစ်လာနိုင်မှာမဟုတ်ဘူး။
လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး
အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။
အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ်
အသင်ဖြတ်ကျော်စေခဲ့တာပဲမဟုတ်လား !"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့
ဝန်ခံနေခဲ့တယ်။
သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။
ဘဝတစ်ခုကိုပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး
အသင်မှာရှိပေမယ့်
အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့
လည်ပတ်နေပါတယ်။

အဲဒီအခွင့်အရေးတွေထဲမှာ
အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ
ပါနိုင်ပါတယ်။

ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့
ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး
အခွင့်အရေးကိုလက်လွတ်လိုက်တတ်ကြတယ်။

*** “အငြင်းဆန်ခံရမှာကိုကြောက်ပြီး
လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။

အလှောင်ခံရမှာကိုကြောက်ပြီး
လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။

ဆုံးရှုံးရမှာကိုကြောက်ပြီး
တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။

မအောင်မြင်မှာကိုကြောက်ပြီး
မစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ ….
အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ
တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။”

(နိုင်းနိုင်းစနေ ဘာသာပြန်သည်။)

credit to .... Siriyatanar Dhamma Center

Saturday, September 6, 2014

TRUE IMAGES (244)


"အရှက်(ဟိရီ) နှင့် အကြောက် (ဩတ္တပ္ပ)
ကင်းမဲ့လောက်အောင် .............."

"ယုံကြည်ချက်ရှိလျှင်"



"ယုံကြည်ချက်ရှိလျှင်"
။။။။။။။။။။။။။။။။။။။။။။။။။။

"ကျွန်မက ပြောရဲတယ်။
၂၀၀၈ ဆန္ဒခံယူပွဲက …
တကယ်ပဲ ပြည်သူထောက်ခံတဲ့ ဆန္ဒခံယူပွဲ မဟုတ်ဘူး။
ပြည်သူရဲ့ ဆန္ဒကို တကယ်ပဲ ရောင်ပြန်ဟပ်တယ်လို့
ယုံကြည်ရင် နောက်ဆန္ဒခံယူပွဲ တစ်ခုကို
ရဲရဲရင့်ရင့်နဲ့ လုပ်ပေးလိုက်ပါ။
အဲဒီလို ရဲရဲရင့်ရင့်နဲ့ လုပ်ပေးတဲ့ ဆန္ဒခံယူပွဲက
တကယ် ပဲ တရားမျှတရမယ်။
တကယ်ပဲ လွတ်လပ်ရမယ်။

အဲဒီလိုလုပ်ပေး လိုက်တဲ့ ဆန္ဒခံယူပွဲမှာ ပြည်သူတွေက
လက်ခံပါတယ်ဆိုရင်တော့ ....
ဒါပြည်သူရဲ့ ဆန္ဒအရ ရေး ဆွဲထားတဲ့ ဥပဒေဆိုတာ
ကျွန်မ တို့ကလည်းလက်ခံရမှာပေါ့”

(ဒေါ်အောင်ဆန်းစုကြည်)

******************************************************

@ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးရှိ
မဲပေး ပိုင်ခွင့်ရှိသူများအနက်မှ ၉၈ ဒသ မ ၁၂ ရာခိုင်နှုန်းက
မဲပေးခဲ့ကြပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံ
ခဲ့ခြင်းဖြစ်သည်ဟု ယခင်အစိုးရ နိုင်ငံတော်အေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။

@ အထက်ပါ ကိန်းဂဏာန်းအချက်အလက် များ သည်
လုံးဝပြည့်စုံ မှန်ကန်မှု့ မရှိသော(ယုတ္တိမတန်သော)
အချက်အလက် များသာဖြစ်သည် ကို ၂၀၁၄ ခုနှစ် သြဂုတ် ၂၉ ရက်
တွင်ဗဟိုသန်းခေါင် စာရင်း ကော်မရှင်၏ ရှေ့ပြေးလူဦးရေ စာရင်း
ထွက်ပေါ်လာသောအခါ .....
"လယ်ပြင်မှာ ဆင်သွားသလို"
ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါပြီ ...... ။

ဆက်စပ် POST .....
"ယုံရခက်ကြီး"
https://www.facebook.com/photo.php?fbid=628624050587834&set=a.176383685811875.36362.100003207339735&type=1&relevant_count=1

refer to ..... 7daydaily

Friday, September 5, 2014

TRUE IMAGES (243)


"ယုံရခက်ကြီး"


"ယုံရခက်ကြီး"
။။။။။။။။။။။။။။။။။

၁။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံရှိ
လူဦးရေ ၅၇ သန်းကျော်အနက် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေမှာ ၂၇
သန်းကျော် ရှိပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုပေး
ရန် ထောက်ခံသည့် ရာခိုင်နှုန်း မှာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း
ဖြစ်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က
၂၀၀၈ ခုနှစ် မေ လ ၂၆ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

*** “(၆) နှစ် ကြာပြီးနောက်” ***

၂။ ၂၀၁၄ ခုနှစ် သြဂုတ် ၂၉ ရက်တွင်ဗဟိုသန်းခေါင် စာရင်း ကော်မရှင်က
ရှေ့ပြေးလူဦးရေ စာရင်းအဖြစ် မြန်မာနိုင်ငံ တွင် လူဦးရေ ၅၁ ဒသမ ၄ သန်း
ကျော်ရှိကြောင်း ထုတ်ပြန်သည်။

၃။ ထိုသို့ကွာဟနေခြင်းနှင့် ပတ်သက်၍ မေးခွန်းထုတ် ဝေဖန်မှုများ ထွက်ပေါ်
လာသည်။

ထောက်ပြဝေဖန်မှုများ
။။။။။။။။။။။။။။။။။။။။။။။။။။

@ “အခု သန်းခေါင်စာရင်း ကောက်ယူမှုပေါ်မှာ အခြေခံပြီး ထုတ်ပြန်တဲ့
စာရင်းဟာအမှန်နဲ့ အများဆုံး နီးစပ် နိုင်ပါတယ်။ UNFPA အပါအ၀င် နိုင်ငံ
တကာရဲ့ အကူအညီနဲ့ ထောက်ပံ့ထားတဲ့ စာရင်းဆိုတဲ့ အတွက်ကြောင့် ပေါ့။
စာရင်းဇယားတွေနဲ့ ပတ်သက်လို့က အရင်တုန်းက ခန့်မှန်းစာရင်းနဲ့ပဲ
လုပ်နေကြတော့ အုပ်ချုပ်ရေး ယန္တရားပိုင်းက အလုပ်မလုပ်တဲ့ သဘောပေါ့။

{လူကြီး အလိုကျ ကိန်းဂဏန်းတွေကို လိုသလို ပြောင်းလဲ တာတွေပေါ့။
ဘယ်တုန်းကမှ စာရင်းဇယားတွေဟာ မမှန်ကန်ခဲ့ဘူး။ အောက်ခြေက
တင်လိုက်တဲ့ စာရင်းတွေက အလယ်လောက် ရောက်ရင် လိုအပ်သလို ပြောင်း
လဲလိုက်တဲ့ အခြေအနေ တွေကြောင့်ပေါ့}”

(နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာသောင်းထွန်း)

@ “ပြီးခဲ့တဲ့ ကောက်ခံတဲ့ စာရင်းတွေ ထက်စာရင် လက်ရှိဦးခင်ရီတို့ ကောက်တဲ့
စာရင်းက ယုံကြည်နိုင်ဖွယ် အရှိဆုံးစာရင်း ဇယားလို့တော့ ပြောလို့ရတယ်။ စာရင်းဇယား ကောက်တယ်ဆိုတာ သုံးတဲ့နေရာပေါ်မှာမူတည်တာပဲလေ။
ရွေးကောက်ပွဲအတွက် ဆိုရင်လည်း စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင်၊
မဲပေးပိုင်ခွင့် အပြည့်အ၀ရအောင် လိုလားပါတယ်။
ဒီလိုကွာဟမှုတွေကို ပြောမယ်ဆိုရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်း
သလို ဖြစ်နေတာပေါ့။
{၂၀၀၈ ဖွဲ့စည်းပုံကို မဲပေးစဉ်ကလည်း ကျွန်တော်တို့ ကိုယ်တိုင် ကန့်ကွက်ခဲ့
တာလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီ မဲဆန္ဒနယ်က အကုန်လုံး ထောက်ခံပါတယ် ဆိုတာမျိုးလည်း ဖြစ်သွား တာပေါ့။}”

(ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်)

@ *** ‘‘ဒါဆိုရင် သန်းခြောက်ဆယ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံ
ထောက်ခံတယ်ဆိုတဲ့ ရာခိုင်နှုန်း တွေက ယုံရခက်စရာဖြစ်သွားပြီ” ***

‘‘ကွာဟနေတဲ့ ကိန်းဂဏန်း ကို သေတာ၊မွေးတာနဲ့ မပြောသေးဘူး။ နိုင်ငံခြားရောက်နေတဲ့သူ တွေနဲ့ပဲ ပြောမယ်ဆိုရင် ဒီ ခြောက်နှစ်ကျော်ကာလအတွင်း နိုင်ငံခြား ရောက်တဲ့သူတွေ ခြောက်သန်း
လောက် ရှိနိုင်သလားမေးခွန်း ထုတ်ရမယ်။
{ဘယ်လို မေးခွန်းထုတ်ထုတ်၊ ဖွဲ့စည်းပုံရလဒ်က ယုံမှားစရာအကြောင်း
တရားတွေ အများကြီးတွေ့နေရတယ်}”

(နိုင်ငံရေးစောင့်ကြည့်လေ့လာသူနှင့် ရှေ့နေ ဦးမင်းတေဇ)

@ အထက်ပါ ထောက်ပြဝေဖန်မှုများ နဲ့ post photo ကို နှိုင်းယှဉ်သုံးသပ်ပြီး
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၅၇
သန်းကျော်အနက် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေမှာ ၂၇ သန်းကျော် ရှိပြီး ဖွဲ့စည်းပုံ
အခြေခံ ဥပဒေမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်း မှာ
၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး
ကော်မရှင်က ၂၀၀၈ ခုနှစ် မေ လ ၂၆ရက်တွင်
ထုတ်ပြန် ကြေညာခဲ့သည် …. ဆိုခြင်းမှာ ?????

“နားလည်ခြင်းများစွာဖြင့် တွေးဆနိုင်ကြပါစေ။”

credit to .... 7Day News Journal / thawthikho &
မြန်မာသံတော်ဆင့်သတင်းဌာန via thithtoolwin

Thursday, September 4, 2014

TRUE IMAGES (242)


"နာနေစရာ မလိုပါဘူး"



"နာနေစရာ မလိုပါဘူး"
။။။။။။။။။။။။။။။။။။။။။။။။။။

“တချို့လူတွေက ပြောကြတယ်။
ပညာရှိပုဂ္ဂိုလ်ကြီးတွေနဲ့ မတွေ့လိုက်ရတာ
နာတယ်တဲ့။
နာနေစရာ မလိုပါဘူး။

အဲဒီပညာရှိကြီးတွေရဲ့
ဘဝလမ်းညွှန်ပေးထားတဲ့
စာအုပ်တွေကို ဖတ်နေတဲ့အချိန်ဟာ
ပညာရှိကြီးနဲ့ တွေ့ရတဲ့အချိန်လို့ မှတ်ပါ။”

(အမရပူရ တောင်မြို့၊ မဟာ ဂန္ဓာဆရာတော်
ရှင်ဇနကာဘိဝံသ)

credit to .... Dhamma Quotes

Wednesday, September 3, 2014

TRUE IMAGES (241)


"သူရဲကောင်းကြီးတဲ့"


 
"သူရဲကောင်းကြီးတဲ့"
။။။။။။။။။။။။။။။။။။။။။။။။။

လွန်ခဲ့သော သုံးလေးလခန့်က ဖြစ်ပါသည်။
ကျွန်တော်နေသည် က စမ်းချောင်း။ ရန်ကုန်မြို့တွင်းက
ဘတ်စ်ကား စီးပြီး ပြန်လာခဲ့သည်။ မိုးကလည်း ခပ်ဖွဲဖွဲ
ရွာနေသည်။

ဘတ်စ်ကားပေါ် တက်လိုက်တော့ ထိုင်ခုံနေရာလွတ်မရှိ။
သို့သော် ကိစ္စမရှိ။ ဒီလိုပဲ သွားနေကျ လာနေကျ ဖြစ်သည်။
မကြာမီပင် ကျွန်တော့်အနီးက အမျိုးသမီးတစ်ယောက် ဆင်းရန်
ထလိုက်သည်။ ကျွန်တော်လည်း ထိုနေရာကို အသာ ပင်
ဝင်ထိုင်လိုက်ပါသည်။

ခဏလောက် ရှိတော့ နောက်ခုံတန်းတွင် ထိုင်နေသူက
ကျွန်တော့်ပခုံးကို လက်နှင့် အသာတို့လိုက် ပါသည်။
လှည့်ကြည့်လိုက်တော့ဆယ့်သုံးလေးနှစ်ခန့်မိန်းကလေး
တစ်ယောက်ဖြစ်နေသည်။ သူက-

“ဘဘ သမီးက ရှေ့နှစ်မှတ်တိုင် လောက်ဆိုရင် ဆင်းတော့မှာ။
သမီးနေရာကို လာပြီးထိုင်ပါ။ ဘဘထိုင်ခုံနေရာက မိုးယိုနေတယ်”
သူက ပြောရင်းဆိုရင်းပင် ထိုင်ရာကထပြီး နေရာပေးလိုက်ပါသည်။

ကျွန်တော်ကလည်း ရှေ့ခုံက နောက်ခုံသို့ ပြောင်းပြီးနေရာယူ
လိုက်ပါသည်။ သူကိုကြည့်လိုက်တော့ ခုနှစ်တန်း ရှစ်တန်း
အရွယ်လေး ဖြစ်သည်။ ကျောင်းသို့မဟုတ် ကျုရှင်သွားမလို့ထင်
သည်။ ကျောပိုးအိတ် ကလေးလည်း ပါသည်။

“ကျေးဇူးတင်တယ်နော် သမီးလေး”
“ရပါတယ် ဘဘ”

နောက်မှတ်တိုင် ရောက်တော့ သူဆင်းသွားသည်။ ကျွန်တော့်ဘက်ကို
လှည့်လို့မျှပင် ကြည့်ဖော်မရတော့။ သူ့တာဝန်ပြီးဆုံး သွားပြီဟု
သဘောထား လိုက်ပုံရသည်။ သူဆင်းသွားတော့မှ ကျွန်တော်၏
တက္ကသိုလ်ကျောင်းသား ဘ၀ကို ပြန်လည်သတိရမိသည်။

ထိုစဉ်အခါက တက္ကသိုလ်နှင့် သိမ်ကြီးဈေး ကို အသွားအပြန် ဆွဲသော
ဘတ်စ်ကားလိုင်းကို “နဂါးလိုင်း” ဟုခေါ်သည်။
ဘတ်စ်ကားအမိုးတွင် နဂါး တံဆိပ်ကို ထောင်ထားသောကြောင့်ဖြစ်
သည်။ ယခုခေတ်ကဲ့သို့ လိုင်းနံပါတ်တွေမရှိသေး။
အရုပ်တွေနှင့် သင်္ကေတပြုထားလေ့ရှိသည်။
ကျွန်တော်တို့ နဂါးကားလိုင်းက ဘတ်စ်ကားပေါ်တွင် မတ်တပ်
ရပ်နေရသောသက်ကြီးရွယ်အို ဟူ၍ မရှိစေရ။ ကလေးတွဲလောင်းပါ
လာသော မတ်တတ်ရပ်ခရီးသည်ဟူ၍မရှိစေရ။ နီးရာ ကျောင်းသားက နေရာဖယ်ပေးလိုက်သည်ချည်းပင်ဖြစ်သည်။
ရေးမထားသောဥပဒေသဖွယ် ဖြစ်နေခဲ့ပါလေသည်။

ယခု ကျွန်တော် အဖိုးကြီးဘ၀ ရောက်သည့်တိုင်အောင် ထိုအကျင့်
စွဲနေပါလေသည်။ မိန်းကလေး ပျိုပျိုသန်သန် အရွယ် ကို ကျွန်တော် နေရာဖယ်ပေးချင်မှ ပေးမည်ဖြစ်သော်လည်း ကလေး
ချီလာသောမိခင်၊ ဖခင် တစ်ယောက်ယောက်အနားမှာ ရောက်လာလျှင်
နေရာဖယ်ပေးလိုက်သည် ချည်းပင် ဖြစ်ပါသည်။
ထို့အတူ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ယောက်
အနားရောက်လာလိုက်လျှင် လည်း ချက်ချင်း နေရာက ထပေးလိုက်
မိတတ်ပါသည်။

ခုနင်က ကျွန်တော့်ကို နေရာပေးလိုက်သော သမီးငယ်ကလေးကို
လည်း ကျေးဇူးတင်နေမိသည်။

လွန်ခဲ့သော သုံးလေးရက်ခန့်က ဖြစ်ပါသည်။
ကျွန်တော့် မြေးဦးမကလေးက ဒုတိယ နှစ် တက္ကသိုလ်ကျောင်းသူ
ဖြစ်နေပါပြီ။ သူတို့ကျောင်းက အတော်လေး
ခရီးလှမ်းလေတော့ ကျောင်းဖယ်ရီစီးပြီး ကျောင်းတက်ကြရသည်။
သူပြောတာလေးကို နားထောင်ကြည့်ပါဦး။

“ဖိုးဖိုးကြီးရယ် သမီးတို့က ဖယ်ရီကို အလုအယက်ဦးအောင်
သွားကြရတာ။ နေရာကိုလဲ ဦးအောင် တက်ကြရတာပါပဲ။ နေရာရတဲ့
အခါလဲ ရပါတယ် မရရင်တော့လဲ မတ်တပ်ပေါ့။ ဟိုတစ်နေ့ကပေါ့။
သမီးကတော့နေရာရပါတယ်။ နေရာ မရတဲ့ ကျောင်းသား ကျောင်းသူ
တွေလဲ ပါတတ်ပါတယ်။ကျောင်းသားတွေမှာ နေရာမရရင် ဘာမှ
မထူးခြားပေမဲ့ မိန်းကလေး တစ်ယောက်ထဲနေရာမရရင်
အတော်လေးကို ကြောင်တယ်။

အဲ့ဒီမှာ မိန်းကလေးတစ်ယောက် က နေရာမရလို့ မတ်တပ်ရပ်ပြီး
လိုက်လာရတယ်။ အဲ့ဒီတော့ သူ့အနားမှာထိုင်နေတဲ့ ကျောင်းသားက မနေတတ်မထိုင်တတ်ဖြစ်လာတယ်ထင်ပါရဲ့ အဲ့ဒီ ကျောင်းသူကို
နေရာဖယ်ပေးလိုက်တယ်။မိန်းကလေးကလဲ ၀င်ထိုင် လိုက်တာပေါ့။
ဒီတော့ ဘာဖြစ်တယ် ထင်သလဲ။

နောက်ပိုင်းက ကျောင်းသားတွေက
"သူရဲကောင်းကြီး၊ လူစွမ်းကောင်းကြီး" နဲ့ အော်ကြတယ်။
ဟိုကျောင်းသားခမျာမှာ သူတို့ဘက်ကိုလှည့်မကြည့်ဝံ့ဘူး။
နောက်တော့ သူ့ဘာသာသူကားအပြင်ဘက်ကို မျက်နှာလွဲပြီး လိုက်လာ
တာ လမ်းတစ်လျှောက်လုံးပဲ။ သမီးလေ၊ဒေါသလဲဖြစ်တယ်၊
စိတ်လဲ မကောင်းဘူး။”

စာဖတ်သူတော့ဖြင့်မသိ ကျွန်တော်ဖြင့် မြေးမလေး၏ စကားကို
နားထဲက မထွက်နိုင်အောင် ဖြစ်နေမိသည်။

“ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ” ဆိုတဲ့မေးခွန်းတွေကလည်း ခေါင်းထဲတွင် တရစပ်ပေါ်လာနေမိသည်။

စင်စစ်နေရာပေးလိုက်သော ကျောင်းသား၏အပြုအမူမှာ ရှက်စရာအမှုလား။
ယောက်ျားလေး တစ်ယောက်အနေနှင့် လုပ်သင့် လုပ်ထိုက်သော
အမှုမဟုတ်ပါလား။ ကျွန်တော်တို့ ကျောင်းသားဘ၀ကလည်း
ဒီလိုပင်ပြူကျင့်ခဲ့ကြသောကြောင့် ရှက်စရာဟုလားလားမျှ မထင်သည့်ပြင်
ဝတ္တရားကျေသည် ဟုပင် ထင်လိုက် မိပါသေးသည်။ သို့သော် ၀ိုင်းလှောင်
ခြင်းကိုပင် ခံနေရပါလေပြီ။

တစ်ခု စဉ်းစားမိသည်က-

*** "လူတို့သည် ယုတ်နိမ့်မှု ကိုလည်း သိသည်။
မြင့်မြတ်မှုကိုလည်း သိသည်။ သို
့သော် မြင့်မြတ်မှုကို လူတိုင်း လုပ်နိုင်ကြသည် မဟုတ်။
ထိုကြောင့် မိမိမလုပ်နိုင်သည်ကို သူတစ်ပါးလုပ်လိုက်သည်ကို
တွေ့လိုက်သောအခါ မိမိ အဖြစ်ကို လိပ်ပြာငယ် လာတတ်သည်။
ထိုလိပ်ပြာငယ်ခြင်းကို ဖျောက်ချင်သောကြောင့်
မြင့်မြတ်သော အမှုကို ပြုသူအားလှောင်ပြောင် သရော် လိုက်ခြင်းအားဖြင့်
မိမိစိတ်ကို ကုစားလိုက်ကြသည်ဟုထင်မိသည်။" ***

သူတို့လှောင်ကြသလိုသာဆိုရင်ဖြင့် ကျွန်တော်တို့ခေတ်က
ကျောင်းသားတိုင်းဟာ သူရဲကောင်းကြီးတွေ လူစွမ်းကောင်းကြီး တွေသာဖြစ်လို့ နေပါလေရော့မည်ဟုလည်း
တွေးလိုက်မိပါသေးသည်။

(ဆရာအောင်သင်း)

credit to .... The Commerce Journal
via kyauklonegyi

TRUE IMAGES (240)


“သူတို့ တကယ်ချစ်တာက -----
ပြည်သူကတော့ ထုံးစံအတိုင်း မြေစာပင်”

"ဆန်ကာသုံးခု"


 
"ဆန်ကာသုံးခု"
။။။။။။။။။။။။။။။။။။

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည်သူ့ထံသို့
ပြေးလာပြီး ....
“ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်”
ဟူ၍ ပျာပျာသလဲပြောသည်။

ဆိုကရေးတီးက
“ ခဏနေဦး.... အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့
စစ်ပြီးပြီလား”
ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော
တပည့်မှာ ခေါင်းခါပြသည်။

ဆိုကရေးတီးက ဆက်၍
“တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်။
ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။
ငါ့ကို ပြောမယ့် သတင်းက အမှန်လား”

“မှန်မမှန် ကျွန်တော်လဲ မသိဘူး။
လူတွေပြောတာ ကြားလိုက်လို့”

“မှန်တယ်၊ မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို
ဒုတိယဆန်ကာနဲ့ စစ်ကြည့်။
ငါ့ကိုပြောမယ့် သတင်းက အကောင်းလား”

“မဟုတ်ဘူး”

“ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်။
ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက
အရေးကြီးတဲ့ သတင်း လား”

“ မကြီးပါဘူး”

“အရေးမကြီးတဲ့ သတင်း။ နောက်ပြီး အကောင်းပြောမယ့်
သတင်းလဲ မဟုတ်ပြန်ဘူး။
သတင်းမှန် ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့
ဘာလို့ ပြောပြချင်ရတာလဲ။
ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ်တာပဲ
အဖတ်တင်မယ်။
မဟုတ်မမှန်ပြောတတ်တဲ့ လူတွေရဲ့စကားကို မယုံနဲ့။
ဖြားယောင်းသွေးဆောင်သူတွေရဲ့စကားတွေ နားထဲ
မ၀င်စေနဲ့။
သူတို့ဟာ စေတနာပါလို့ ပြောတာထက်
သူတစ်ပါးကို ချောက်တွန်းဖို့က များတယ်။
အဲဒီလို လူမျိုးနဲ့ပေါင်းရင်
တစ်နေ့ကိုယ်လည်း ချောက်တွန်းခံရတတ်တယ်။
ဒါကြောင့် ကိုယ်ပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့
အရင်စစ်ဆေးသင့်တယ်”

*** "အတင်းဆိုတာ ထက်မြက်တဲ့ ဓားသွားထက်
ကြောက်ဖို့ကောင်းတယ်။
လူတစ်ယောက် ကို ဒဏ်ရာဒဏ်ချက် မမြင်စေဘဲ
ထိခိုက်နိုင်တယ်။
တစ်ခြားလူထိခိုက်မှ ရလာမယ့် ပျော်ရွှင်မှုမျိုးကို
တစ်ချို့က နှစ်သက် တတ်ကြ တယ်။
စကားကို လူတိုင်းပြောတတ်တယ်။
ဒါပေမယ့် စကားကောင်းတွေကို
လူတိုင်း မပြောတတ်ကြဘူး။" ***

(ညိုလင်းထွဏ်း)

******************************************************
(in short)

Socrates' Three Filters are...
1. Is it True?
2. Is it Good?
3. Is it Useful?

credit to .... nyanhline & grasscity