Saturday, February 27, 2016

“ကိုယ့်တာဝန်”

“ကိုယ့်တာဝန်”
။။။။။။။။။။။။။။။။။

လူသားတစ်ယောက်ဖြစ်လာဖို့ အတိတ်ကံက
တာဝန်ယူပါလိမ့်မယ်။

လူကြီးတစ်ယောက်ဖြစ်လာဖို့ အသက်အရွယ်က
တာဝန်ယူပါလိမ့်မယ်။

ဒါပေမယ့် ...
လူကောင်းတစ်ယောက် ဖြစ်လာဖို့ကတော့
မိမိကိုယ်တိုင်ကပဲ တာဝန်ယူရပါလိမ့်မယ်။

credit to ... original writer

Monday, February 22, 2016

Sunday, February 21, 2016

“သူ့လမ်းနဲ့သူ”

“သူ့လမ်းနဲ့သူ”
။။။။။။။။။။။။။။။။


သူကြမ်းတိုင်း လိုက်မကြမ်းနဲ့
သူရမ်းတိုင်း လိုက်မရမ်းနဲ့
အချိန်တန်ရင် လူတိုင်းက
သူ့လမ်းနဲ့ သူ … ။

(သစ္စာတမန်)

credit to ... သစ္စာတမန်

TRUE IMAGES (510)

“ဧရိယာ ပြင်ပ”

Wednesday, February 17, 2016

“လွှတ်တော်ဆိုတဲ့ နေရာ”

“လွှတ်တော်ဆိုတဲ့ နေရာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ကျွန်မတို့ကိုယ်စားလှယ်အားလုံးဟာ
ကိုယ်စားလှယ်တွေဆိုတာမေ့လို့မဖြစ်ပါဘူး။

ပြည်သူကိုကိုယ်စားပြုပြီးတက်နေတာပါ။
ကိုယ့်ကိုကိုယ်ကိုယ်စားပြုပြီး တက်နေတာမဟုတ်ပါဘူး။
အဲဒါကို ကိုယ်စားလှယ်များအားလုံး စွဲစွဲမြဲမြဲနဲ့
နှလုံးသွင်းထားဖို့ဖြစ်ပါတယ်။

လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တစ်ဦးချင်း တစ်ဦးချင်း
ကိုယ့်အတွက်အသုံးချဖို့ စင်မြင့်လည်း မဟုတ်ပါဘူး။
ရာထူးနေရာရဖို့အတွက် ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး။
သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြား
နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး။

ဒီနေရာဟာ ကျမတို့အားလုံး ၀ိုင်းဝန်းပြီးတော့
နိုင်ငံနဲ့ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့်
နေရာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဆိုတာ
ပြည်သူ့မျက်နှာကို အဓိကကြည့်ရမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ အစုအဖွဲ့မျက်နှာကို အဓိကကြည့်ရမှာ
မဟုတ်ပါဘူး "

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... 7Day News Journal

Tuesday, February 16, 2016

Monday, February 15, 2016

“ယုံကြည်ချက်”

“ယုံကြည်ချက်”
။။။။။။။။။။။။။။။။။။

“ငါလုပ်နိုင်တယ်” လို့
ယုံကြည်လိုက်တာနဲ့
အဲဒီအလုပ် တစ်ဝက်ပြီးသွားပါပြီ။

Believe you can
and you're halfway there.

(Theodore Roosevelt)

credit to ... brainy quote

Friday, February 12, 2016

TRUE IMAGES (508)

“ပရိုမိုးရှင်း ကာလ”

“ပြည်ထောင်စု”



“ပြည်ထောင်စု”
။။။။။။။။။။။။။။။။။

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုပါ၏။

"မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့်
ခွဲခြားပြီး မတွေးပါနဲ့။

ငါတို့ အားလုံးဟာ ပြည်ထောင်စုတိုင်းရင်းသားများ
ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာထားပြီး 
အတူတူလုပ်သွား စေချင်တယ်။

ဒီမိုကရေစီ နိုင်ငံတခု ဖြစ်သွာတယ်ဆိုလို့ရှိရင်
တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးများကို
ကျမတို့ ပြည့်ပြည့်စုံစုံပေးချင်တယ်။

တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု
စသည်ဖြင့် ကျမတို့ အားပေးချင်တယ်။
ဘာဖြစ်လို့လည်းဆိုတော့
အများအတွေးအခေါ်၊ အများယဉ်ကျေးမှုတွေနဲ့
တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ
ဘယ်သူတွေရဲ့ အတွေးအခေါ်နဲ့
ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့
တည်ဆောက်ခဲ့တဲ့ နိုင်ငံကြီးထက်
အများကြီး ခိုင်ခံ့လာပေမယ်၊
အများကြီးလည်း တိုးတက်နိုင်မယ်၊
အများကြီးလည်း ကျမတို့ အတွက်
အဖိုးတန်နိုင်မယ် လို့ ယုံကြည်ပါတယ်။"

(ဒေါ်အောင်ဆန်းစုကြည်)

*********************

.............
“ခွဲရမှကျေနပ်ကြမယ်ဆိုရင်
အိန္ဒိယမြေပုံကို ငါ့ရင်ဘက်ပေါ် တင်ပြီး
ဓားထက်ထက်နဲ့ ထက်ခြမ်းသာခွဲလိုက်ကြပေရော့”
ကျူးရင့်တဲ့ မဟတ္တမဂန္ဓီကြီးရဲ့စကား
ကမ္ဘာတုန်အောင် ကြားခဲ့ရပေမယ့်

အိန္ဒိယနဲ့ ပါကစ္စတန်
နေရူးနဲ့ ဂျင်းနား
တစ်ကနေ နှစ်ဖြစ်သွားတာလား … ။
တစ်ကနေ တစ်ဝက်ဖြစ်သွားတာလား … ။
စဉ်းစား … ။

ဇော်သက်ဦး(Ayatekalay)

(ဇော်သက်ဦး - Ayatekalay ၏ “ပြည်ထောင်စု”ကဗျာမှ …)

credit to … linletkyalsin & poems corner

Tuesday, February 9, 2016

TRUE IMAGES (507)

“မိုးကြီးချုပ်သွားရတဲ့ အကြောင်းအရင်း”

Sunday, February 7, 2016

“ထိုက်တန်တဲ့ ရင်းနှီးမှု”

“ထိုက်တန်တဲ့ ရင်းနှီးမှု”
။။။။။။။။။။။။။။။။။။။။။။။။။။

"အရင်တုန်းက မရခဲ့ဘူးတဲ့အရာတွေကို
လိုချင်ရချင်ရင်
အရင်တုန်းက မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို
လုပ်ရပါလိမ့်မယ်။"

If you want to achieve goals
you've never achieved before,
you have to do things
you've never done before.

(David Singleton)

credit to .... linkedin

TRUE IMAGES (506)

“အကောင်းဆုံးနည်း”

Wednesday, February 3, 2016

“စားကျက်သစ်သို့”

“စားကျက်သစ်သို့”
။။။။။။။။။။။။။။။။။။။။။


''လာဘ်ပေးလာဘ်ယူပပျောက်ဖို့ဆိုရင်
လာဘ်ပေးလာဘ်ယူ ဥပဒေရှိတယ်။
လာဘ်ပေးလာဘ်ယူပပျောက်ရေး
ကော်မရှင်လည်း ရှိတယ်။

ဒါပေမဲ့ ဥပဒေ ရှိတာကို
ဥပဒေအတိုင်း မဆောင်ရွက်လို့
တရားဥပဒေ မစိုးမိုးနိုင်တာပါ။

လာဘ်စားရင် အရေးယူရမယ်။တရားစွဲ ရမယ်။
ပြစ်ဒဏ်ပေးရမယ်။

အဲဒီလို ဥပဒေအတိုင်းမလုပ်ဘဲ
ပင်စင်ပေး တာတို့၊ နယ်ပြောင်းတာတို့က
နေရာသစ်မှာ စားကျက်သစ် ပေးလိုက်သလိုပါပဲ။''

(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်)

မှတ်ချက်-
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ
အတွင်းရေးမှူးတာဝန်ထမ်းဆောင်စဉ်က ပြောခဲ့သော
စကားပါ။
ယနေ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီမို့
လာဘ်ပေးလာဘ်ယူပြုတတ်သူများ
သတိထား ဆင်ခြင်ကြပါကုန်။
(mhp)

credit to .... Yangon Media Group

Tuesday, February 2, 2016

TRUE IMAGES (505)

“လေပိကြသူများ”

"ဥပဒေ - အဓိပ္ပါယ်ဖွင့်ဆိုချက်"

"ဥပဒေ - အဓိပ္ပါယ်ဖွင့်ဆိုချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဥပဒေဆိုတာ ပင့်ကူအိမ်နဲ့ တူတယ် ။
ယင် သေးသေးတောင် မလွတ်စေရဘူး ။
ဒါပေမယ့်
နကျယ်ကောင်မျိုးတွေတော့ ဖြတ်ခွင့်ရှိတယ် ။

Laws are like cobwebs,
which may catch small flies,
but let wasps and hornets break through.
(Jonathan Swift)

Credit to … goodreads & အတွေး