Monday, September 1, 2014

"ညစာ အတူတူစားချင်လို့ပါ"



"ညစာ အတူတူစားချင်လို့ပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လူတစ်ယောက် အလွန်ပင်ပန်းနွမ်းနယ်စွာနဲ့ အိမ်ပြန်ရောက်
လာတဲ့အချိန် အိမ်တံခါးဝမှာ သူပြန်အလာကို စောင့်နေတဲ့ သူ့ရဲ့ရှစ်နှစ်အရွယ်သားငယ်လေးကို တွေ့လိုက်ရတယ် …

သား: - “အဖေ့ ကို သားတစ်ခုလောက်မေးလို့ရမလားဟင်??”

အဖေ - “သားက ဘာသိချင်လို့လဲ??”

သား: - “အဖေ တစ်နာရီကို ပိုက်ဆံဘယ်လောက်ရလဲ??”

အဖေ: - “အဲ့ဒါ သားအလုပ်မှ မဟုတ်တာ …
ဘာလို့ဒီလိုမေးတာလဲ??”

သား: - “သားသိချင်လို့ပါ … ပြောပြပါနော် .. အဖေတစ်နာရီကို
ပိုက်ဆံဘယ်လောက်ရလဲ??”

အဖေ: - “သားသိချင်တယ်ဆိုလည်း ပြောပြပါ့မယ် …
အဖေ့ဝင်ငွေက တစ်နာရီကို ငါးထောင်လောက်ရှိတယ်”

သား: - “အော် …”

သားငယ်ဟာ ဒီလောက်ပဲပြောပြီး ခေါင်းလေးငိုက်စိုက်ကျသွားတယ်
ပြီးတော့ သူဆက်ပြောတယ် …

သား: - “အဖေသားကို ပိုက်ဆံသုံးထောင်လောက်
ခဏပေးပါလား??”

အဖေ: - “အဖေ့ဆီက ပိုက်ဆံတောင်းဖို့ ဒီလိုမေးခွန်းမျိုးကိုမေးခဲ့တာ
လား? အသုံးမကျတဲ့အရုပ်တွေနဲ့ အဓိပ္ပာယ်မရှိတဲ့ ပစ္စည်းတွေဝယ်ဖို့
အတွက် ဒီပိုက်ဆံကိုတောင်းနေတယ်ဆိုတာ အဖေသိတယ် …
သွား ... အခန်းထဲသွားအိပ်တော့!”

အဖေကသားကို တင်းမာတဲ့လေသံနဲ့ ပြောလိုက်တယ် …
သားကလည်း တိတ်ဆိတ်စွာပဲ အခန်းထဲဝင်သွားတယ် …

အဖေဟာ ခုံတစ်ခုံမှာ ၀င်ထိုင်လိုက်တယ် …
သူ့သားရဲ့မေးခွန်းတွေအတွက်လည်း စိတ်တွေဆိုးနေခဲ့တယ် …
တစ်နာရီလောက်ကြာပြီးတဲ့နောက်မှာ သူ့ဒေါသတွေပြေလာတယ် …
သူစပြီးစဉ်းစားခဲ့တယ် …
သူ့သားဟာ တစ်ခုခုဝယ်ဖို့ တကယ်လိုအပ်နေလို့သာ သူ့ဆီက ဒီပိုက်ဆံကိုတောင်းတာ ဖြစ်နိုင်တယ် …
သူဟာ မကြာခဏ ပိုက်ဆံတောင်းနေတတ်တဲ့ ကလေးမျိုးလည်း
မဟုတ်ဘူးလေ …

အဲ့ဒီနောက်တော့ အဖေဖြစ်သူဟာ သူ့သားအခန်းထဲကိုဝင်သွားပြီး
မေးလိုက်တယ် …

“သားအိပ်နေပြီလား?”

“ဟင့်အင်း” သားက ပြန်ဖြေတယ် …

“အဖေခုနက သားကို ဒေါသထွက်မိသွားတယ် …
ရော့ ဒီမှာ သားတောင်းတဲ့ ပိုက်ဆံ သုံးထောင်”

သားက အိပ်နေရာကနေ ထထိုင်ပြီး ပြုံးလိုက်တယ် …

“ကျေးဇူးတင်ပါတယ် အဖေ”

အဲ့ဒီနောက် သားဟာ ခေါင်းအုံးအောက်ထဲက သူစုထားတဲ့
ပိုက်ဆံတွေကို ထုတ်လိုက်တယ် …

သူ့သားမှာ ပိုက်ဆံတွေရှိနေတာမြင်တော့ အဖေဟာ
နောက်တစ်ကြိမ် ဒေါသထွက်လာပြန်တယ် …

သားကတော့ သူ့ပိုက်ဆံတွေကို ဖြည်းဖြည်းချင်း ရေတွက်နေခဲ့
တယ် … ပြီးတော့ သူ့အဖေကိုကြည့်လိုက်တယ် …

“သားမှာပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့အဖေ့ဆီက ထပ်တောင်းရတာလဲ?”
အဖေက သားကိုဟောက်လိုက်တယ် ..

“သားမှာရှိတာနဲ့မလောက်လို့ပါ … ဒါပေမယ့် အခုပြည့်သွားပြီ …
သားမှာ အခု ပိုက်ဆံငါးထောင်ရှိနေပြီလေ … သားအဖေ့ဆီက
အချိန်တစ်နာရီလောက် ၀ယ်လို့ရမလားဟင်? မနက်ဖြန်ကျရင်
အိမ်ကို တစ်နာရီလောက် စောပြန်ခဲ့ပါနော် … သားအဖေနဲ့
တစ်ခါလောက် ညစာ အတူတူစားချင်လို့ပါ”

သူ့သား ပြန်ပြောတဲ့ စကားကိုကြားလိုက်ရချိန်မှာတော့
အဖေဟာ ဘာမှမပြောနိုင်လောက်အောင် စိတ်ထိခိုက်သွားခဲ့ပြီး
သူ့သားကို ရင်ခွင်ထဲ ဆွဲဖက်လိုက်ပါတော့တယ် …

***********************************************************
*** "တကယ်တော့ လူတွေဟာ ....
ငွေကြေးဂုဏ်ဒြပ်တွေနောက်သာ လိုက်နေကြပြီး
ကိုယ်ချစ်ရမယ့်လူတွေကို မေတ္တာတရားတွေ ဂရုစိုက်မှုတွေ
ပေးဖို့ကိုတော့ မေ့နေတတ်ကြတယ် …" ***

(Heart Canteen)

PS …
“ဆက်စပ်ပြီး တွေးဆ/ဆင်ခြင်နိုင်ကြပါစေ။”

credit to .... Myanmar Scanner

No comments:

Post a Comment