Tuesday, December 29, 2015

Monday, December 28, 2015

“ပထမခြေလှမ်း”

“ပထမခြေလှမ်း”
။။။။။။။။။။။။။။။။။။။။


"သဘာဝလောက,က
မျက်လှည့်ဆရာတစ်ဦးနဲ့ တူတယ်။
သူဟာ သင့်ရှေ့မှာ လိုက်ကာတစ်ခု
ကာထား ပေးတယ်။
သင် ရှေ့တစ်လှမ်းတိုးတိုင်း လိုက်ကာက
အလိုလို နောက်တစ်လှမ်းရွေ့တယ်။
တကယ်လို့ ဒီခြေလှမ်းကို သင်မလှမ်းရင်
ရှေ့ကအခြေအနေကို
သင်ပြတ်ပြတ်သားသား တွေ့မြင်နိုင်မှာ
မဟုတ်ဘူး။
အနာဂတ်အတွက် စီမံချက်ကို သိပ်စေ့စေ့စပ်စပ်
စီမံထားစရာ မလိုပါဘူး။
အဓိက,က ပထမခြေလှမ်းကို သင်စလှမ်းဖို့ပါပဲ။”

(Brian Tracy)

credit to ... 1919

Tuesday, December 22, 2015

TRUE IMAGES (493)

“လက်ရှိ နေရပ်လိပ်စာ”

“စိတ်သာလျှင် အဓိက”

“စိတ်သာလျှင် အဓိက”
။။။။။။။။။။။။။။။။။။။။။။။။။။


ပိုင်ဆိုင်ခဲ့ဖူးတာ
အမှတ်တရ ထားလိုက်ပါ။

ပိုင်ဆိုင်နေတာ
တန်ဖိုးထားပါ။

ဆုံးရှုံးသွားတာ
မေ့လိုက်ပါ။

မရသေးတာ
ကြိုးစားပါ။

မရနိုင်တာ
ဥပေက္ခာပြု လိုက်ပါ။

Sunday, December 20, 2015

Saturday, December 19, 2015

“တာဝန်”

“တာဝန်”
။။။။။။။။။
 

သူတို့ သဘောင်္
မငေးမောလင့်
ငယ်သော တို့လှေ
ကြိုးဖြုတ်ဖြေ၍
ကမ်းခြေ ဦးတည်
လှော်တက်ချီလျက်
ညီညီ လှော်ခတ်ကြပါစို့။

(ဥသျှောင်)

credit to ... သစ္စာအိမ်

Friday, December 18, 2015

Thursday, December 17, 2015

"ချစ်သောသူ၏ စကားတစ်ခွန်း"

"ချစ်သောသူ၏ စကားတစ်ခွန်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(ပရေသံ သတဂိရာပိ၊ ပိယေဿကာဝ နဂ္ဃတိ။
ပိယော ပိယဿ      ဘာသေယျ၊ ပိယံ ဓမ္မူ  ပသံဟိတံ။)

“အခြားသူတွေရဲ့ စကားတစ်ခွန်းထက်
ချစ်သောသူရဲ့ စကားတစ်ခွန်းက ပိုတန်ဖိုးရှိပါတယ်။

ပိုထိရောက်ပါ တယ်။

ချစ်သောသူသည် ချစ်သောသူအား
တရားနည်းလမ်းကျတဲ့ ချစ်ဖွယ်စကားကိုသာ
ပြောဆိုပါတယ်။”

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

credit to ... Eleven Media Group

Tuesday, December 15, 2015

Monday, December 14, 2015

“အနာဂတ်ရဲ့ ဖန်တီးရှင်”

“အနာဂတ်ရဲ့ ဖန်တီးရှင်”
။။။။။။။။။။။။။။။။။။။။။။။။။။။


“ကျွန်မတို့က အတိတ်ရဲ့ ကျွန်တွေ
မဖြစ်ချင်ဘူး။

ကျွန်မတို့က အနာဂတ်ရဲ့ ဆရာတွေသာ
ဖြစ်ချင်တယ်။

အနာဂတ်ကို ဖန်တီးရှင်တွေသာ
ဖြစ်ချင်ပါတယ်။

အတိတ်ရဲ့ ကျွန်တွေ
မဖြစ်ချင်ပါဘူး။” 

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... Eleven Media Group

TRUE IMAGES (489)

“ကွာခြားလိုက်ပုံက”

“ကိုယ့်လုပ်ရပ်နဲ့ ကိုယ့်ဥာဏ်ရည်”

“ကိုယ့်လုပ်ရပ်နဲ့  ကိုယ့်ဥာဏ်ရည်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“ဥာဏ်ရည်နိမ့်ပါးသူတွေဟာ
ကိုယ့်ကိုယ်ကို တည်ဆောက်မယ့်အစား
သူတပါးကိုဖြိုခွင်းမှ
သူတို့နေရာရလိမ့်မယ်လို့  
အောက်မေ့တတ်ကြပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to … light city

Wednesday, December 9, 2015

TRUE IMAGES (488)

“မျှော်လင့်ချက်တွေ ပြည့်စေချင်”

Tuesday, December 8, 2015

" စိတ်ထားတတ်ပါစေ "

" စိတ်ထားတတ်ပါစေ "
။။။။။။။။။။။။။။။။။။။။။။။။။။။


ကိုယ့်စိတ်ကိုမှ
ကိုယ်ချမ်းသာအောင်
မထားတတ်ဘူးဆိုရင်
မိမိမှာ ...
ဘာပညာမှ
မရှိသေးဘူးမှတ်ပါ။

(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ)

credit to ... ပညာရေးလမ်းညွှန်

Monday, December 7, 2015

Saturday, December 5, 2015

“ရွှေအိုးပေးသူနဲ့ ရွှံ့အိုးပေးသူ”

“ရွှေအိုးပေးသူနဲ့ ရွှံ့အိုးပေးသူ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အပြစ်ထောက်ပြသူတိုင်း
ရွှေအိုးပေးသူ မဟုတ်ပါဘူး။

သဘောထားမှန်မှန်၊ အသိဥာဏ်ပါပါနဲ့
အကျိုးရှိအောင် အပြစ်ထောက်ပြသူသာ
ရွှေအိုးပေးသူပါ။

ကိုယ့်အကြိုက်နဲ့ မကိုက်တိုင်း
မကောင်းဘူးလို့ သတ်မှတ်ပြီး
အပြစ်ပြောသူကတော့
ရွှေအိုးပေးသူမဟုတ်ပါဘူး၊
ရွှံ့အိုးပေးသူပါ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

credit to ... စီးဆင်းနေတဲ့ အတွေးများ

Friday, December 4, 2015

Thursday, December 3, 2015

“ဤလူ(၃)မျိုး”

“ဤလူ(၃)မျိုး”
။။။။။။။။။။။။။။။


“အဆိုးမြင်သမားက
လေတိုက်နေတာကို ညည်းညူတယ်။

အကောင်းမြင်သမားက
လေကြောင်းပြောင်းသွားလိမ့်မယ်လို့ မျှော်လင့်တယ်။

လက်တွေ့သမားက
လှေရွက်တွေကို လေနဲ့အလိုက်သင့် ဖြစ်အောင်ပြင်ယူတယ်။”

**************

The Pessimist Complains About The Wind;
The Optimist Expects It To Change;
The Realist Adjusts The Sails.

(William Arthur Ward)

credit to … Brainy Quote

Wednesday, December 2, 2015

Tuesday, December 1, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ ပထမအသုတ် တွေ့ဆုံပွဲ မိန့်ခွန်းမှ ကောက်နုတ်ချက် အချို့  -


ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ
ပထမအသုတ် တွေ့ဆုံပွဲ မိန့်ခွန်းမှ ကောက်နုတ်ချက် အချို့  -


"သိနေတယ်"
=========
ကိုယ်စားလှယ်တွေ ရဲ့အကြောင်းကို သူတို့ကိုယ်တိုင်သိတာထက်
ကျမတို့က ပိုသိအောင် စုံစမ်းထားပါတယ်။
ဘယ်သူတွေက တကယ်ကို ပင်ပင်ပန်းပန်း စည်းရုံးရေးဆင်းခဲ့ရတယ်။ ဘယ်သူတွေက မျှောလိုက်ပြီး ပါခဲ့တယ်ဆိုတာ
ကျမတို့ အားလုံးသိပါတယ်။
ရှေ့လျှောက်လည်း အမြဲပဲ စောင့်ကြည့်နေမှာပါ။

"ပြည်သူကို ကတိပေးခဲ့"
================
အပြစ်ရှိလာရင် ကျမတို့ရဲ့ ကိုယ်စားလှယ်တွေကို
သူများတွေ အပြစ်မရှာခင် ကျမတို့က အရင် အရေးယူမှုလုပ်မှာပါ။
ပြည်သူက အပြစ်ပေးတဲ့ အဆင့်မရောက်စေရဘူး လို့
ကျမက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတွက်
စည်းကမ်းနဲ့ပတ်သက်ပြီး လုံးဝခွင့်လွှတ်မှာ မဟုတ်ပါဘူး။

"ထောင်ဝင်စာ"
==========
အဖွဲ့ချုပ် ကိုယ်စားလှယ်ပဲဖြစ်ပါစေ အမှားလုပ်လို့ ကတော့
အမှားကို အမှန်ဖြစ်အောင် ကူညီပြီး လုပ်ပေးမှာ မဟုတ်ပါဘူး။
အလွဲသုံးစား ပြုလုပ်လို့ ဥပဒေအတိုင်း အပြစ်ဒဏ်ခံရမှာပါ။
ကျမတို့ ကူညီနိုင်တာ ကတော့ ထောင် ဝင်စာ တွေ့ပေးဖို့ပါပဲ။
ဒါတောင် မိသားစုဝင်တွေ ဖြစ်သွားလို့ပါ။

"ပြည်သူ့ကျေးဇူး"
===========
ပြည်သူ့ ကျေးဇူးကြောင့် ဒီနေ့ မှာ ဒီလို အခမ်းအနားကျင်းပခွင့် ရတာ။
ပြည်သူ့ကျေးဇူး သိပ်ကြီးတယ်။
ကျေအောင်ဆပ်ဖို့ ပြင်ဆင်ထားတော့။
လူထုကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒီနေ့ကစပြီး
ကိုယ်စားလှယ်များ အလုပ်လုပ်ကြပါ။
အမတ်လစာထဲကလည်း ဖြတ်တောက်ပါမယ်။
ပြည်သူအတွက် အသုံးပြုပါမယ်။
အဖွဲ့ချုပ် ရဲ့ ကိုယ်စားလှယ် ဖြစ်လို့တော့ ချမ်းသာဖို့တော့ မစဉ်းစားနဲ့။
ပြည်သူ့မေတ္တာရဖို့ ပဲ စဉ်းစား။
ပြည်သူ့  မေတ္တာဆုံးရှုံးသွားရင် ဘာငွေကြေးနဲ့မှ
လဲလို့ မရဘူး ဆိုတာ မြဲမြဲမှတ်ထား။

"စာကျက်ထားကြ"
============
ကိုယ်စားလှယ်များအတွက် သင်တန်းများလည်း အမြန်ဆုံး စတင်ပါမယ်။ စာမေးပွဲအတွက်လည်း ရေးဖြေ ဖြေကြရပါမယ်။
စာကျက်ထားကြပါ။
တိုင်းရင်းသား ကိုယ်စားလှယ်များအတွက် သင်တန်းများကို
ပထမဆုံးနဲ့ အမြန်ဆုံး စတင်ပါမယ်။
လွှတ်တော်ထဲမှာ အချိန်နဲ့ အချက်အလက်နဲ့
မေးတတ် မြန်းတတ်အောင် ပြင်ဆင် လေ့ကျင့်ထားကြပါ။

"ဆွေးနွေးတိုင်ပင်"
============
ကိုယ်စားလှယ်များ အနေနဲ့ အခက်အခဲရှိရင်လည်း
လူကြီးတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပါတယ်။
နောက်ဆုံးအနေနဲ့ ပြောလိုတာက
အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကို တင်းတင်းကျပ်ကျပ်
ကိုင်တွယ်ပါမယ်။
အဖွဲ့ချုပ် လူဟောင်းများကို လူသစ်များက တိုင်ပင်ပါ။ ဆွေးနွေးပါ။
ဒီလှိုင်းကိုလည်း ကြိုးစားဖတ်ကြပါ။
တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ် ဆိုတဲ့ အတွက်လည်း
စိတ်ဓာတ်မကျပါနဲ့။
အရည်အချင်း တိုးတက်မှု ရှိအောင် လေ့ကျင့်ပေးတယ်လို့ မှတ်ပါ။

****************************************

အထက်ပါမိန့်ခွန်းများအပေါ်  ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေရဲ့
အမြင်ပါ။

“ကျနော်မြင်တာကတော့ လိုအပ်တယ်လို့ထင်တယ်။
ဘာကြောင့်လဲဆိုတော့ အခုလိုမျိုး
စံပြဖြစ်လောက်တဲ့ မိန့်မှာကြားမှုမျိုးက
ပတ်ကြမ်းတိုက် သလိုတောင် ထင်ရလိမ့်မယ်။

သို့သော် ဒါဟာ ပတ်ကြမ်းတိုက်တာမဟုတ်ဘဲနဲ့
တကယ့်ကို ဗမာနိုင်ငံရဲ့လိုအပ်ချက်ကို ဖော်ပြပြီးတော့
ပထမဦးဆုံး လွှတ်တော်မှာ တက်ကြရမယ့်
လွှတ်တော်ကိုယ်စားလှယ်တွေကနေ
စံပြလုပ်ကြရမယ့် သတင်းစကားကောင်းတရပ်၊
ဒီဟာမျိုးမလုပ်ရင်လည်း ဗမာပြည်က အီရောအီရောပေါ့နော်။

လှည်းကြမ်းကြီးကနေပြီးတော့
ကားအိုကြီး ပြောင်းမောင်းသလို အဆင့်ပဲ ဖြစ်မှာကိုး။

အဲတော့
တနည်းအားဖြင့် အစအဆုံးနီးနီး ပြောင်းရမယ့်
အနေအထားတရပ်ကို ဗမာပြည်က ဖြစ်နေတော့ကာ
ဒီဟာ လိုအပ်ချက်လို့ ကျနော် သဘောတူပါတယ်ခင်ဗျ။”

credit to ... The Ladies News Journal &
VOA News

Monday, November 30, 2015

TRUE IMAGES (484)

“အာဏာခေတ်၏ စေညွှန်ရာ”

"Self-perfection is culture."

"Self-perfection is culture."
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Self-perfection is culture. ဆိုတာ
“ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင်
ချို့ယွင်းချက် ကင်းအောင် လုပ်တာဟာ ယဉ်ကျေးမှုပါ။ ”

ကိုယ့်ဘ၀ကို တကယ်ပိုကောင်းအောင်
လုပ်တဲ့အခါမှာ သေချာတဲ့နေရာက စပါ။

စိတ်ထားကောင်းအောင် အရင်လုပ်ပါ။
တည်ငြိမ်အေးချမ်းအောင်၊
ရိုးသားဖြောင့်မတ်အောင်၊
ကိုယ်ချင်းစာတတ်အောင်၊
ကူညီတတ်အောင်၊
မနာလို ၀န်တိုစိတ် နဲအောင်၊
မုဒိတာများအောင်၊
တစ်ကိုယ်ကောင်း မဆန်အောင်၊
ခွင့်လွှတ်တတ်အောင်၊
အကောင်းမြင်တတ်အောင်
နေ့စဉ် စိတ်ကို သတိနဲ့ စောင့်ကြည့်ရင်း
လေ့ကျင့်ယူပါ။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရဆရာတော်)

credit to ... ၀ိမုတ္တိသုခ

Friday, November 27, 2015

"လွယ်လည်းလွယ် ခက်လည်းခက်"

"လွယ်လည်းလွယ် ခက်လည်းခက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


"အတော်" တွေကြားထဲမှာ
"အတော်ဆုံး"ကို ရွေးရသည်မှာ
လွယ်လည်းလွယ်၏။ ခက်လည်းခက်၏။

ခက်သည်မှာ မတိမ်းမယိမ်းများ
အပြိုင်ရှိနေသောကြောင့် ဖြစ်၏။

လွယ်သည်မှာ မိမိတို့၏ပမာဏကို
မိမိတို့ကိုယ်တိုင်က
အပ်ကျမတ်ကျ သိနေသောကြောင့် ဖြစ်၏။

မိမိတို့၏ပမာဏကို
မိမိတို့က အပ်ကျမတ်ကျ သိနေပါလျှင်
ရိုးသားသူများအနေဖြင့် မိမိတို့ထက်တော်သူကို
နေရာပေးရန်အတွက်
ဆုတ်ဆိုင်းစရာ ဘာမျှ အကြောင်းမရှိ။

မိမိတို့အရည်အချင်းကို မိမိတို့သိကြ၍
ရိုးသားဖြူစင်သူများ၏ အကြား၌
နေရာမှန်၊ လူမှန် ရွေးချယ်မှုသည်
များစွာပင်လွယ်ကူပါ၏။

(ဦးရွှေအောင်၏ ဓမ္မပဒမှ)

credit to ... ရနံ့စံအိမ်

Wednesday, November 25, 2015

TRUE IMAGES (482)

“ကာတွန်း ၀ိဇ္ဇာကြီး ဦးဘဂျမ်း၏
မရိုးနိုင်သော တစ်ကွက်ကာတွန်းပါ။”

Tuesday, November 24, 2015

“စာပေ ဖတ်ကြ မှတ်ကြစို့”

“စာပေ ဖတ်ကြ မှတ်ကြစို့”
။။။။။။။။။။။။။။။။။။။။။။။။။။။။။


@ သုတပညာ၊ ကင်းတုံပါမူ၊
ရေရာမသိ၊ ငုံးတိတိနှင့်၊
နွား၏အလား၊ ပုံမခြားဟု၊
ဘုရားဘဂ၀န်၊ ဟောမိန့်ညွှန်၏။

@ သိဥာဏ်ေ၀၀ါး၊ ယောင်မှားမှားမို့၊
အများတကာ၊ ဟားစရာနှင့်၊
လိမ်ညာသမျှ၊ ခံခဲ့ရ၏။

@ သုတပညာ၊ ပြည့်စုံပါမှ၊
ရေရာပိုင်းဖြတ်၊ တွေးခေါ်တတ်၍၊
တည့်မတ်ကျန၊ အခြေလှလျက်၊
ဘ၀တက်လမ်း၊ ဖြူးဖြောင့်တန်း၏။

@ ရည်မှန်းချက်များ၊ ကြီးကြီးထား၍၊
ကြိုးစားမသွေ၊ တို့တစ်တွေ၊
စာပေဖတ်ကြ၊ မှတ်ကြစို့။

(တိပိဋကဓရ အရှင်အဘိဇာတာဘိဝံသ)

credit to ... နဒီမင်္ဂလာ

TRUE IMAGES (481)

“သိက္ခာရှိသောအရှုံးမျိုးသာဖြစ်စေချင်”

Sunday, November 22, 2015

“ပြည်ထောင်စု ပုံဖော်ဖို့ဆိုတာ”

“ပြည်ထောင်စု ပုံဖော်ဖို့ဆိုတာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု ရှိပြီဆိုရင်
ပြည်ထောင်စု ပုံစံတစ်ခု ဖော်ထုတ်ဖို့ဆိုတာ
သိပ် ခက်ခက်ခဲခဲ မဟုတ်ပါဘူး။

အရေးကြီးတာက တစ်ယောက်နဲ့ တစ်ယောက်
ယုံကြည်နိုင်ဖို့၊ လေးစားဖို့
အားလုံးက အတူလက်တွဲပြီး လုပ်ရင်
လက်မတွဲတာထက် အများကြီးကောင်းတယ်ဆိုတာ
နှလုံးသွင်းနိုင်ဖို့ပဲ။

အဲဒီလို အခြေအနေ မဖြစ်သရွှေ့တော့ ခက်ခဲဦးမှာပဲ။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... RFA

Saturday, November 21, 2015

TRUE IMAGES (480)

"အသုံးမ၀င်တဲ့ ကဖျက်ယဖျက် စုန်းပြူး"

Friday, November 20, 2015

"အပြာရောင် နေ့သစ်များဆီသို့"

"အပြာရောင် နေ့သစ်များဆီသို့"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ယမ်းငွေ့တွေကြားမှာ
ကြောက်လန့်မှုတွေစားသုံးရင်း
ဖက်နဲ့ထုပ်ထားရတဲ့အသက်တွေ
မြက်တစ်ပင်လောက်မှ တန်ဖိုးမရှိဘူးလား။

အာဃာတတွေ အမုန်းတရားတွေနဲ့
သံသယမျက်လုံးတွေနဲ့
ရန်တွေပွားနေတဲ့လူတွေကြားထဲ
အသက်ရှုကြပ်တဲ့ဘ၀ကြီး
နေ့ရက်တိုင်းဟာ လှပါနေပါဦးမလား။

တိုက်ထုတ်လိုက်စမ်းပါ၊
ရင်ထဲက အငြိုးတွေကို
သတ်ပစ်လိုက်စမ်းပါ
ဒေါသမာနတွေကို

အားလုံးကို ခဏမေ့ပြီး
ခဏလောက်လိုက်ခဲ့စမ်းပါ
သဘာဝရဲ့အလှတရားကို
အတူတူသုံးဆောင်ကြရအောင်

စစ်မဖြစ်တဲ့နေရာ
သွေးနံ့ကင်းရာမြေ
အမုန်းမရှိတဲ့ကမ္ဘာကြီးကို
အတူတူတည်ဆောက်ကြရအောင်
ငြိမ်းချမ်းရေး ချိုးငှက်ကလေးကို
လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးကြစမ်းပါ
ငါတို့အတူတူ ...
တိမ်တွေခူးစားကြမယ်လေ ... ။ ။

(Naungye)

credit to ..... poemscorner

Thursday, November 19, 2015

Wednesday, November 18, 2015

"သင့်ထက်မိုက်သူ ရှိခြိမ့်လော"

"သင့်ထက်မိုက်သူ ရှိခြိမ့်လော"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


– အားပေးရှိလျက် အားမတက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– လမ်းကောင်းသိလျက် ပြောင်းမတက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– လမ်းမှားသိလျက် သွားမပျက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– ကောင်းမှန်းသိလျက် ပေါင်းမဖက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– မြတ်ခြေရှိလျက် ရှုံးတွက်တွက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– ရှုံးမှန်းသိလျက် လျော့တွက်တွက်
သင့်ထက်မိုက်သူရှိခြိမ့်လော။

– မုန်းမှန်းသိလျက် ပေါ့ပေါ့တွက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

(မဟာဗောဓိမြိုင် ဆရာတော်)

မောင်သွေးချွန် ပေးပို့ပူဇော်သည်။

credit to - Popular Journal

TRUE IMAGES (478)

"ဆက်လှော်"

Monday, November 16, 2015

"ပြည်သူ့ အားဖြင့် ...."

"ပြည်သူ့ အားဖြင့် ...."
။။။။။။။။။။။။။။။။။။။။။။။။။။

“ကြည့်လိုက်တော့
လက်သန်းလေးတွေပေါ့။
ဒါပေမဲ့ …
တိုင်းပြည်ကို ချောက်ထဲက
ကလော်ထုတ်ခဲ့တယ် … ။”

(ဂန္ထ၀င်ညှပ်ကြီး)

credit -  7day daily

**********

NLD ပါတီ = ပြည်သူ့ ပါတီ
NLD အောင်ပွဲ = ပြည်သူ့ အောင်ပွဲ

(mhp)

Thursday, November 12, 2015

"ရဲရဲနီတော့မည်။"


"ရဲရဲနီတော့မည်။"
။။။။။။။။။။။။။။။။။။။


(fri တို့ရေ … update news ပါ။

"ဒီချုပ်အစိုးရဖွဲ့နိုင်ရန် တစ်နေရာသာလို"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ယနေ့ည ၉ နာရီတွင် ပြည်သူ့လွှတ်တော်အနိုင်ရ ၃၁ ဦးစာရင်းကို
ထပ်မံကြေညာရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၁ နေရာ
ထပ်မံရရှိသည်။

ထို့အပြင် အမျိုးသားလွှတ်တော်အတွက် အနိုင်ရသော ၂၂ နေရာစာ
ထပ်မံကြေညာရာ ဒီချုပ်က ၁၅ ဦး ထပ်မံရရှိသည်။

ဒီချုပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း
၃၆ နေရာထပ်မံရရှိသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၂၇ နေရာရရှိထားပြီး၊
အစိုးရဖွဲ့ရန်လိုအပ်သော ပြည်ထောင်စုလွှတ်တော်နေရာကို ရရှိရန်
တစ်ဦးသာ လိုတော့သည်။

မူလက ရွေးကောက်ပွဲမကျင်းပဖြစ်သော နေရာ ၇ နေရာသာရှိသည်ဟု
သိရှိထားသော်လည်း ယနေ့ည ကော်မရှင်က
ရွေးကောက်ပွဲမကျင်းပဖြစ်သောနေရာ ၉ နေရာရှိခဲ့သည်ဟု
ကြေညာသည့်အတွက်
အစိုးရဖွဲ့ရန်မှာ ယခင်တွက်ချက်ထားသော ၃၂၉ ဦးထက်လျှော့သွားပြီး
၃၂၈ ဦး(အတိအကျဆိုရလျှင် ၃၂၇.၅ ဦး)ရလျှင်
တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့ရန် လုံလောက်သွားပြီဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ဒီချုပ်က ၃၂၇ ဦးရရှိထား၍
တစ်ဦးသာလိုတော့သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင်
ရလဒ်မကြေညာရသေးသောနေရာ ၈၂ နေရာရှိသေးသည်။

source - 7Day News Journal)

**********************

(ယခင် post များ)

“ဒုတိယသမ္မလောင်းနှစ်ဦး ဒီချုပ်တင်မြှောက်ခွင့်ရရှိ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
နိုဝင်ဘာ ၁၂ရက်မွန်းတည့် ၁၂နာရီအထိ တရားဝင်ထုတ်ပြန်သော
ရွေးကောက်ပွဲရလဒ်များအရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်အတွက် ဒုတိယသမ္မတနှစ်ဦးအမည်စာရင်းတင်သွင်းခွင့်
ရရှိသွားပြီဖြစ်သည်။

ဒီချုပ်သည် ပြည်သူ့လွှတ်တော်အတွက်
ကိုယ်စားလှယ်၁၉၆ နေရာ အထိအနိုင်ရထားရာ
ပြည်သူ့လွှတ်တော် ထိုင်ခုံစုစုပေါင်း ၃၃၀၏
ထက်ဝက် ၁၆၅ထက်
၃၁ခုံပင်ပိုမိုရရှိနေပြီဖြစ်သည်။

အမျိုးသားလွှတ်တော်အတွက်မူ ၉၅ နေရာအနိုင်ရထားရာ
အမျိုးသားလွှတ်တော် ထိုင်ခုံစုစုပေါင်း ၁၆၈၏ထက်ဝက်
၈၄ထက် ၁၁ နေရာပင်ပိုမိုရရှိနေပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင်း
၂၅%အလိုအလျှောက်ရထားသော
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က
သမ္မတလောင်းတစ်ဦး(ဒုသမ္မတတစ်ဦး)တင်သွင်းခွင့်ရ
မည်ဖြစ်သည်။

"အစိုးရဖွဲ့ရန်"
။။။။။။။။။။။။။။။။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းထားသော ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ် ၆၆၄ ဦးရှိရမည်ဖြစ်သော်လည်း မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့၍
ပြည်သူ့ လွှတ်တော်တွင် ၄၃၃ ဦးနှင့်
အမျိုးသားလွှတ်တော်တွင် ၁၆၈ ဦး
စုစုပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ၆၅၇ ဦး
ရှိမည်ဖြစ်သည်။

လွှတ်တော် နှစ်ရပ်နှင့် တပ်ကိုယ်စားလှယ်များ
တင်မြှောက်သည့် ဒုတိယသမ္မတ သုံးဦးအနက်
မဲအများဆုံးရရှိသူက သမ္မတ ဖြစ်မည်ဖြစ်ရာ
ပြည်ထောင်စုလွှတ်တော်တွင်
ကိုယ်စားလှယ် ၆၅၇ ဦး၏ ထက်ဝက်ကျော်
၃၂၉ ဦး ရရှိမည့်ပါတီကသာ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

(fri တို့ရေ …
ဒီချုပ်အစိုးရဖွဲ့နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် မှာ 
ဒီချုပ်ကိုယ်စားလှယ် ၃၂၉ ဦး ရအောင်
ဆက်လက်ဆုတောင်းကြပါစို့ …. ။)

credit to ... 7Day News Journal &
Eleven Media Group

Saturday, November 7, 2015

“(မနက်ဖြန်) မဲပေးမယ်”

“(မနက်ဖြန်) မဲပေးမယ်”
။။။။။။။။။။။။။။။။။။။။။။။။။။။။


@ သေနတ်တွေကို ငါကြောက်တယ်။
သေနတ်ပစ်ခံရပြီး မချိမဆန့်သေသွားတဲ့
ပြည်သူရာချီ ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
သေနတ်မကိုင်သူတွေကိုပဲ မဲပေးမယ်။

@ မီးလောင်ဗုံးတွေကို ငါကြောက်တယ်။
မီးလောင်ဗုံးပစ်ခံရပြီး မချိမဆန့်တွန့်လိတ်နေတဲ့
ဒါဏ်ရာဗရပွနဲ့ ရဟန်းတော်တွေ
ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
မီးလောင်ဗုံးမပစ်တတ်သူတွေကိုပဲ မဲပေးမယ်။

@ နံပါတ်တုတ်တွေကို ငါကြောက်တယ်။
လဲကျ လက်မြှောက်နေတာတောင်
နံပါတ်တုတ်ကွေးအောင်
ဆင့်ကာဆင့်ကာ အရိုက်ခံနေရရှာတဲ့
ကျောင်းသားလေးတွေ ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
နံပါတ်တုတ်မကိုင်တတ်သူတွေကိုပဲ မဲပေးမယ်။

@ စွမ်းအားရှင်တွေကို ငါကြောက်တယ်။
ဆံပင်နီကြောင်ကြောင် ကလေကချေရုပ်နဲ့
ပေရေစုတ်ပြတ်နေတဲ့ လက်ပတ်နီပတ်ထားသူတွေက
လမ်းမလည်ခေါင် လည်ပင်းညှစ်ဖမ်းတာ
ငါမြင်ဘူးထားတယ်။
ဒါ့ကြောင့် …
စွမ်းအားရှင်နဲ့ ဆန့်ကျင်ဘက်ကိုပဲ မဲပေးမယ်။

(Thorn Nay Soe)

***********************

"မဲပေးခြင်းဟာ အခွင့်အရေးဖြစ်သလို
တာဝန်လည်းဖြစ်တယ်။
နိုင်ငံအတွက် အဓိကတာဝန်ယူရမှာက
နောက်ဆုံးတော့ ပြည်သူတွေပါပဲ။
နိုင်ငံအတွက်တာဝန်ယူတယ်ဆိုတာ
ကိုယ့်ရဲ့ဘ၀အတွက်
တာဝန်ယူတာဖြစ်ပါတယ်"

“သတ္တိရှိရှိ၊ ယုံကြည်ချက်ရှိရှိနဲ့ ရွေးကောက်ပွဲမှာ
ဘယ်ဘက်က ပြည်သူတွေရပ်တည်လဲဆိုတာ
ပေါ်လွင်ပါ စေ။
ပြည်သူတွေရဲ့ သဘောထားဟာ
မရှင်းလို့၊ မပြတ်လို့ဆိုတဲ့ ဆင်ခြေနဲ့
ပြည်သူလူထု လိုချင်တဲ့အစိုးရကို မဖွဲ့ရအောင်လို့
မဖြစ်ပါစေနဲ့။
ဒါကြောင့်မို့ အဖွဲ့ချုပ်ကို ၁၀၀ရာနှုန်းပြည့် ထောက်ခံပါ။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ....
7daydaily/ Eleven Media Group  & လူဗိုလ်ဟူသည်

(စာကြွင်း)

နောင်အနာဂတ်မှာ
အကြောက်တရားတွေ ဖိနှိပ်မှုတွေကနေပြီးတော့
လွတ်မြောက်အောင် လုပ်ပေးနိုင်မယ့်
တစ်ခုတည်းသော ဒီအခွင့်အရေးကို
လက်လွှတ် အဆုံးရှုံးမခံပါနဲ့။

သဘာဝမကျတဲ့ အကြောက်တရားတွေ
ခြိမ်းခြောက်ဖိနှိပ်မှုတွေကနေ ကင်းရှင်းတဲ့
လှပလာမယ့် အနာဂတ် လူ့ဘောင်သစ်တစ်ခု
ဖြစ်လာစေဖို့ အတွက်
ကိုယ့်လက်ထဲကမဲတစ်ပြားသည်
တည်ဆောက်ရေး အုတ်တစ်ချပ် ဖြစ်ပါစေကြောင်း
အကြံပြုပါတယ်။

(mhp)

TRUE IMAGES (476)

“တစ်နိုင်ငံလုံးရဲ့ တောင်းဆု”

"အပြတ်အသတ် နိုင်ဖို့လိုတယ်"

"အပြတ်အသတ် နိုင်ဖို့လိုတယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


“နှစ် ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ
နေခဲ့ရတဲ့နိုင်ငံကို
ပြောင်းဖို့ဆိုတာ အင်အားတွေ
အများကြီးလိုပါတယ်။

ဘယ်လိုအင်အားလဲဆိုတော့
နံပါတ် (၁) အဓိက - ကတော့
ပြည်သူ့ရဲ့ထောက်ခံမှုအင်အားပဲ၊

ဒါကြောင့်မို့လို့
၂၀၁၅ ရွေးကောက်ပွဲကို နိုင်ဖို့လိုတယ်ဆိုတာ
ရိုးရိုးနိုင်လို့မဖြစ်ပါဘူး၊

အပြတ်အသတ် နိုင်ဖို့လိုတယ်ဆိုတာ
ပြောပါရစေ။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to .... burmese voanews

Friday, November 6, 2015

TRUE IMAGES (475)

“အစမကောင်းခဲ့လေသောအခါ”

Thursday, November 5, 2015

"ခေါင်းဆောင်စစ်မှ ကောင်းကောင်းသိတာ"

"ခေါင်းဆောင်စစ်မှ ကောင်းကောင်းသိတာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ကျွန်မတို့အဖွဲ့ချုပ်က
လက်နက်အားကိုးတာ မဟုတ်ဘူး။
အာဏာအားကိုးတာ မဟုတ်ဘူး။

ကျွန်မတို့အဖွဲ့ချုပ် အားကိုးရာက
တစ်ခုပဲဖြစ်ပါတယ်။

အဲဒါဟာ
ပြည်သူလူထုရဲ့ထောက်ခံမှုပဲ ဖြစ်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

***
"ခေါင်းဆောင်ကောင်း"

ပြည်သူကိုချစ်လို့ ပြည်သူကချစ်တာ၊
ပြည်သူကိုမြတ်နိုးလို့ ပြည်သူကမြတ်နိုးတာ၊
အသွားအပြန်မှာ မာယာမပါဘူး၊
လှည့်ဖြားတာမပါဘူး၊၊

ပြည်သူကိုအလေးထားလို့
ပြည်သူကအလေးထားတာ၊
ပြည်သူကိုဦးထိပ်ပန်လို့ ပြည်သူကဦးထိပ်ပန်တာ၊
အစုန်အဆန်မှာ ဂုဏ်ပါဝါမပါဘူး
အမိန့်အာဏာမပါဘူး၊၊

နိုင်ငံတစ်ခုပိုင်စိုးရာ အာဏာ
ပြည်သူသာ "မူလ" ပိုင်ဆိုင်သူလို့
ခေါင်းဆောင်စစ်မှ
ကောင်းကောင်းသိတာ။

(မင်းငြိမ်းခ)

Wednesday, November 4, 2015

Tuesday, November 3, 2015

‘‘ဗဟိုမှာ ဒီမိုကရေစီရှိပါမှ”

‘‘ဗဟိုမှာ ဒီမိုကရေစီရှိပါမှ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။


‘‘ဗဟိုမှာ ဒီမိုကရေစီမရှိသရွေ့
ဘယ်ပြည်နယ်မှ ဒီမိုကရေစီရမှာမဟုတ်ပါဘူး။
ဒါကြောင့်
ကျွန်မတို့ ဗဟိုအစိုးရဖြစ်ဖို့အတွက် ရနိုင်သမျှ
ကိုယ်စားလှယ်တွေ များများရနိုင်အောင်လို့ 
ပြည်နယ်တွေမှာလည်း ကျွန်မတို့
ယှဉ်ပြိုင်ရတာပါ။
တိုင်းရင်းသားပါတီတွေနဲ့ မရင်းနှီးလို့လည်း
မဟုတ်ပါဘူး။
တိုင်းရင်းသားပါတီတွေရဲ့ အခွင့်အရေးတွေကို
ချိုးဖဲ့ချင်လို့လည်း မဟုတ်ပါဘူး’’

(ဒေါ်အောင်ဆန်းစုကြည်)

credit to .... 7Day News Journal

TRUE IMAGES (473)

“ခင်ဗျားတို့ ကျွန်သက် တိုချင်ရင်
ဖဆပလ အဖွဲ့ဝင်တွေကို မဲပေးကြ။
ကျွန်သက်ရှည်ချင်ရင် အခုနက ပြောခဲ့တဲ့
စားဖားကြီးတွေကို မဲပေးကြပေတော့”
(ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲက
စကားတစ်ခွန်းပါ။)

Sunday, November 1, 2015

"အာဏာရှင်စနစ် ဖြစ်ခဲ့လို့ပါ"

"အာဏာရှင်စနစ် ဖြစ်ခဲ့လို့ပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ရှင်းရှင်းလေးပဲ ပြောရပါစေ။

ဒီမိုကရေစီစနစ်အောက်မှာ
အများပြည်သူရဲ့ ဆန္ဒနဲ့မကိုက်ညီတဲ့ ဟာတွေကို
ဘယ်အစိုးရမှ လုပ်လို့မရပါဘူး။

အခု အစိုးရအဆက်ဆက်က
ပြည်သူတွေရဲ့ ဆန္ဒမပါဘဲနဲ့
လုပ်ချင်သလို လုပ်နေတာဟာ
အာဏာရှင်စနစ် ဖြစ်ခဲ့လို့ ဖြစ်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)  

credit to ... Eleven Media Group

TRUE IMAGES (472)

“အဟန့်အတားတိုင်းကို သိမြင်ကျော်ဖြတ်နိုင်ကြပါစေ။”

Friday, October 30, 2015

"ပြတ်ပြတ်သားသားနိုင်ဖို့ လိုတယ်"

"ပြတ်ပြတ်သားသားနိုင်ဖို့ လိုတယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ကျွန်မတို့ ပြောင်းလဲချင်တယ်ဆိုတာ
စနစ်ကို ပြောင်းလဲချင်တာပါ။

ကျွန်မတို့ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ
ထိခိုက်စေချင်လို့ မဟုတ်ဘူး။

သို့သော်ငြားလည်း
ကျွန်မတို့ စနစ်ကိုပြောင်းဖို့အတွက်
အစိုးရကိုပဲ ပြောင်းရမှာပါ။”

“အစိုးရပြောင်းဖို့ဆိုတာ
ကျွန်မတို့အဖွဲ့ချုပ် ရွေးကောက်ပွဲ မှာ
ပြတ်ပြတ်သားသားနိုင်ဖို့ လိုတယ်လို့
ပြောချင်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

****************************
(အမေ့စကားကို
လေးစားယုံကြည်လက်ခံတယ်ဆိုရင်
ကျမတို့ငယ်ငယ်က ရွတ်ဆိုခဲ့ကြတဲ့
အောက်က ကဗျာလေးကို
အတွေးများစွာနဲ့ စဉ်းစားပြီး
နှလုံးသွင်းထားကြရအောင် … )
  
ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲ ကျွံနေသည်။
ကူ၍ တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင်
ရွေ့နိုင်ပါသည်။

credit to .... Eleven Media Group

Thursday, October 29, 2015

Tuesday, October 27, 2015

“ပြည်သူ့ဆန္ဒကို မဆန့်ကျင်သင့်ပါ"

“ပြည်သူ့ဆန္ဒကို မဆန့်ကျင်သင့်ပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 
 
“ဝေသန္တရာဟာဆိုရင်
အလွန်တရာမှ မြင့်မြတ်တဲ့
အလောင်းတော်မင်းတရားဖြစ်ပေမယ့်လည်း
ပြည်သူလူထုကို ဆန့်ကျင်ပြီး
ဆင်ဖြူတော်ကို လှူလိုက်တဲ့အခါ
ပြည်နှင်ဒဏ်ခံရတယ်၊

ပြည်သူလူထုရဲ့ဆန္ဒကို
မလိုက်လျောတဲ့မင်းဆိုတာ
မင်းကျင့်တရားဆယ်ပါးနဲ့လည်း မကိုက်ညီဘူး၊

ပြည်သူလူထုကလည်း လက်မခံဘူးဆိုတာ
ကျမတို့ ဗုဒ္ဓဘာသာတရားအရလည်း လက်ခံခဲ့တယ်၊
ခရစ်ယာန်တရားမှာလည်း မင်းကောင်းမင်းမြတ်များဟာ
ဂရုဏာနဲ့ မေတ္တာနဲ့ ဆက်ဆံရမယ်ဆိုတာ ပါပါတယ်၊

ဒါကြောင့်မို့လို့ …
ဘယ်ဘာသာပဲဖြစ်ဖြစ်၊ဘာသာမရွေး၊ လူမျိုးမရွေး
မင်းကောင်းမှန်ရင်
ပြည်သူလူထုကို မဆန့်ကျင်သင့်ပါဘူး။”

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... လှမ်းဝင့်လို့ချီ ခေတ်သစ်ဆီသို့