Friday, September 26, 2014

“၂၁ ရာစုမှာ အကြမ်းဖက်သမားတွေ အတွက် နေရာ မရှိဘူး”

“၂၁ ရာစုမှာ အကြမ်းဖက်သမားတွေ အတွက် နေရာ မရှိဘူး”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(ISIS News in Brief)

@ *** “အမေရိကန်က ISIS အပြင် အယ်လ်ကိုင်ဒါ ကိုပါ စတင်
တိုက်ခိုက်” *** (24 September 2014)
အလက်ပိုမြို့ အနောက်ပိုင်းတွင် လျှို့ဝှက် တပ်စွဲထားသော
ခိုရာဆန် အဖွဲ့သည် လူသိနည်း လှသော်လည်း လက်နက်ခဲယမ်း
မီးကျောက် စုံလင်လှသော အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့ဖြစ်ရာ
ယမန်နေ့ နံနက်တွင်အမေရိကန်က လေကြောင်းမှ ရှစ်ကြိမ် အထိ
တိုက်ခိုက် ခဲ့ပြီး လေ့ကျင့်ရေး စခန်းများ၊ ဖောက်ခွဲရေး နှင့်
လက်နက်ခဲယမ်း မီးကျောက် ထုတ်လုပ်ရေး စက်ရုံတစ်ရုံ၊
ဆက်သွယ်ရေး အဆောက်အအုံ တစ်လုံးနှင့် ကြီးကြပ် ကွပ်ကဲရေးရုံး
အဆောက်အအုံ များကို ဖျက်ဆီး နိုင်ခဲ့ကြောင်း
ပင်တဂွန် က ပြောသည်။

@ "IS အပေါ် အမေရိကန်နဲ့ အာရပ် ၅ နိုင်ငံ တိုက်ခိုက်"
(23 September 2014)
အခု စစ်ဆင်မှုမှာ ဆွန်နီ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်၊
ကာတာ၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က ပထမဆုံး ပါဝင်
ပံ့ပိုး ခဲ့ကြတယ်။ဆီးရီးယား အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ရှိတဲ့ IS
အဖွဲ့ရဲ့ လေ့ကျင့်ရေး ကွင်းတွေ၊ ကွပ်ကဲရေး အဆောက်အအုံတွေ၊
ယာဉ်တွေနဲ့ သိုလှောင်ရုံတွေ ပျက်စီး သွားတယ်။

@ "IS အစွန်းရောက် အဖွဲ့ကို ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ"
(20 September 2014)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဦးဆောင်ကျင်းပတဲ့
လုံခြုံရေးကောင်စီ စည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံ
စလုံးက တညီတညွတ်ထဲ အတည်ပြုပေးလိုက်ပါတယ်။
အစ္စလာမ် စစ်သွေးကြွတွေက အီရတ်နဲ့ တခြား နိုင်ငံသားတွေကို
သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ အဓမ္မပြုကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်
တာတွေ လုပ်ဆောင်နေတဲ့အတွက် အပြင်းအထန် မခံမရပ်နိုင်
ဖြစ်မိတယ်လို့ ၀န်ကြီး ကယ်ရီက ပြောပါတယ်။

@ "အီရတ်အမျိုးသမီးငယ် များကို ISIS အစ္စလာမ္မစ် စစ်သွေးကြွများက
ကျွဲ ၊ နွားများကဲ့သို့ လေလံတင် ရောင်းချလျက်ရှိ"
(16 September 2014)
ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ၄င်းတို့ သိမ်းပိုက် ခဲ့သည့်
ဒေသများ အတွင်းမှ အမျိုးသမီးငယ် ထောင်ပေါင်း များစွာကို
အဓမ္မ ပြုကျင့်ခြင်း၊ နှိပ်စက်ခြင်း နှင့် အစ္စလာမ် ဘာသာသို့ အတင်းအဓမ္မ
ကူးပြောင်း စေခြင်း စသည် တို့ကို လုပ်ဆောင် ခဲ့သည့်အပြင်
လွန်ခဲ့သည့် နှစ်လ အတွင်းက အမျိုးသမီးငယ် များစွာကို စစ်သွေးကြွ များထံ လေလံတင် ရောင်းချ ခဲ့ကြောင်း ဖော်ပြချက် အရ သိရသည်။
ထို့ပြင် အသက် ၁၂ နှစ်နှင့် ၁၃ နှစ် အရွယ် အမျိုးသမီးငယ် များကိုလည်း
အစွန်းရောက် စစ်သွေးကြွများ နှင့် လက်ထပ်ရန် အဓမ္မ ဖိအားပေး
လုပ်ဆောင် ခဲ့ကြခြင်းကြောင့် အမျိုးသမီး တချို့မှာ ၄င်းတို့ကို သတ်ရန်
စစ်သွေးကြွ များထံ တောင်းဆိုခဲ့ ကြသည်ဟု ဖော်ပြချက်တွင်
ပါရှိသည်။

@ "Syria ရှိ ISIS အစွန်းရောက် အုပ်စုအပေါ် လေကြောင်း တိုက်ခိုက်မှု
အမေရိကန်စတင်" (16 September 2014)
ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွအဖွဲ့ရဲ့ ပစ်မှတ်တွေကို အမေရိကန်က
လေကြောင်း တိုက်ခိုက်ရာမှာ ဆီးရီးယား အနေနဲ့ ၀င်ရောက်မနှောင့်ယှက်ဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။IS ကို နှိမ်နင်းရာမှာ
အီရတ်နိုင်ငံကို အကူအညီပေးဖို့ အမေရိကန်နဲ့အတူ နိုင်ငံပေါင်း ၃၀
လောက်က ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့
ကတိပြုထားကြပါတယ်။

@ "ဗြိတိန်တစ်ယောက်ကို ခေါင်းဖြတ်တဲ့ Video IS ထုတ်ပြန်"
(14 September 2014)
ဗြိတိသျှနိုင်ငံသား *** ကူညီထောက်ပံ့ရေးဝန်ထမ်း David Haines *** ကို သတ်ဖြတ်လိုက်ကြောင်း Islamic State အစ္စလာမ်စစ်သွေးကြွအဖွဲ့က
ပြောပါတယ်။

@ "IS အစွန်းရောက်တွေ အပေါ် စစ်ဆင်နွှဲနေကြောင်း ကန် ကြေညာ"
(13 September 2014)
အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းပြီး
Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်သွားမယ်လို့
ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ
သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုသွားပါတယ်။

@ "ISIS အစွန်းရောက်အုပ်စုကို ချေမှုန်းမည့် အမေရိကန် စစ်ရေးဗျုဟာ
အိုဘာမား ချပြ" (11 September 2014)
*** Islamic State အစွန်းရောက်အုပ်စုဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး
အန္တရာယ်ဖြစ်တယ်။
စစ်သွေးကြွတွေ ဘယ်နေရာမှာပဲ ရောက်ရောက် လိုက်လံ တိုက်ခိုက်မှု
လုပ်သွားမယ်။
“၂၁ ရာစုမှာ အကြမ်းဖက်သမားတွေ အတွက် နေရာ မရှိဘူး” ***
ဆိုတာကို ပြောချင်တယ်။
(Barack Obama)

@ "နောက်ထပ် အမေရိကန် သတင်းထောက် IS သတ်ဖြတ်"
(3 September 2014)
IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ က အင်တာနက် မှာထုတ်ပြန် လိုက်တဲ့ ဗီဒီယို မှာ
အမေရိကန် TIME မဂ္ဂဇင်း၊ Foreign Policy နဲ့ Christian Science
Monitor စာစောင်တွေ မှာ ရေးသားတဲ့ အမေရိကန် သတင်းထောက်
Steven Sotloff ကို ခေါင်းဖြတ်တဲ့ ပုံ ပြသ လိုက်ပါ တယ်။

@ "Islamic State ရဲ့ အန္တရာယ်ကြီးမှု အိမ်ဖြူတော်သတိပေး"
(23 August 2014)
Islamic State အစွန်းရောက်အဖွဲ့က စစ်သွေးကြွတွေ အမေရိကန်
သတင်းထောက် James Foley ကို သတ်ဖြတ်ခဲ့တာဟာ အမေရိကန်
ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုက်ရိုက်ကျူးလွန်တဲ့
သဘောဖြစ်တယ်လို့ အိုဘားမားအစိုးရက ပြောလိုက်ပါတယ်။

@ "အမေရိကန်သတင်းထောက် ခေါင်းဖြတ်ခံရဗွီဒီယို IS ထုတ်ပြန်"
(Aug 20, 2014)
အီရတ်မှာ အမေရိကန်က ဝင်ရောက် စွက်ဖက်နေတာကို ရပ်အောင်
လုပ်တာလို့ဆိုပြီး သတင်းထောက် James Wright Foley ကို ခေါင်းဖြတ်
သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေကနေ
ထုတ်ပြန်ခဲ့ပါတယ်။

@ "မိုဆူးလ် ရေကာတာကို ပြန်သိမ်းနိုင်ပြီလို့ အီရတ် ပြော"
(18 August 2014)
အီရတ်နိုင်ငံ မြောက်ပိုင်းက မဟာဗျူဟာ ကျတဲ့ မိုဆူးလ် ရေကာတာကို
ဂျီဟတ်ဒစ် အိုင်အက်စ် စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည်
သိမ်းယူနိုင်ခဲ့ပြီလို့ အီရတ်နဲ့ ကာ့ဒ် အရာရှိ တွေက ပြောပါတယ်။

@ "အကြမ်းဖက်အဖွဲ့တွေအရေး ကုလမှာ ဆုံးဖြတ်"
(16 August 2014)
အစွန်းရောက် အကြမ်းဖက် အဖွဲ့တွေ အတွက် လူသစ် စုဆောင်းပေး တဲ့၊
ငွေကြေးနဲ့ လက်နက် ထောက်ပံ့တဲ့၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အပေါ် ပစ်မှတ်ထား
ကန့်သတ် အပြစ် ယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက် ကို၊ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ၊ တခဲနက် ထောက်ခံ အတည်ပြု လိုက်ပါတယ်။

@ "အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွ ခံတပ်ကို အမေရိကန် ဖြိုခွင်းခဲ့"
(15 August 2014)
အီရတ်နိုင်ငံ Sinjar တောင်ပေါ်မှာရှိတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့
ခံတပ်ကို အမေရိကန်က ဝေဟင်တိုက်ခိုက်မှုကနေ ဖြိုခွင်းပစ်နိုင်ခဲ့ပြီလို့
အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ပြောပါတယ်။

@ "အစ္စလာမ် အစွန်းရောက်အန္တရာယ် ညီညွတ်စွာ တိုက်ဖျက်ဖို့ အိုဘားမား
တိုက်တွန်း" (12 August 2014)
အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ဖက်ခြမ်း ဒေသတွေမှာ ခြိမ်းခြောက်လာတဲ့
အစ္စလာမ်မစ် သူပုန်တွေကို တိုက်ခိုက် နှိမ်နင်းနေတဲ့ အီရတ်တပ်ဖွဲ့ တွေမှာ
အီရတ်ပြည်သူတွေ ၀င်ရောက်ပူးပေါင်းဖို့ အရေးကြီး တယ်လို့ အမေရိကန်
သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

@ "ဆူနီဂျီဟတ်ဒစ်တွေကို အစ္စလမ်မစ်နိုင်ငံ ထူထောင်ခွင့်မပြုလို့
အိုဘားမားပြော" (10 August 2014)
ဆီရီးယားနဲ့ အီရတ်မှာ ဆူနီဂျီဟတ်ဒစ်တွေ သီးခြားအစ္စလမ်မစ်နိုင်ငံတခု
ထူထောင်တာကို သူခွင့်မပြုနိုင်ဘူးလို့ အမေရိကန်သမ္မတ အိုဘားမားက
ပြောလိုက်ပါတယ်။

@ "အီရတ်စစ်သွေးကြွတွေကို ကန် လေကြောင်းတိုက်ခိုက်
(8 August 2014)
အီရတ် နိုင်ငံ မြောက်ပိုင်းက မြို့တွေကို သိမ်းယူထားတဲ့ အစ္စလာမစ်
စစ်သွေးကြွတွေ အပေါ် အမေရိကန်က လေကြောင်း တိုက်ခိုက်မှု
စတင် လိုက်ပါတယ်။"

@@@ "IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ"
http://www.thithtoolwin.com/2014/09/is_5.html
 
PS .....
"သာမာန်အစ္စလာမ်ဘာသာဝင်နဲ့ အစ္စလာမ် (အစွန်းရောက်ဝါဒီ)
နှစ်ခုကို မရောထွေးစေလိုပါ။”

credit to .... thithtoolwin / PyiChitThar / ဘီဘီစီ (မြန်မာပိုင်း) /
ဗွီအိုအေ (မြန်မာပိုင်း) & ABC Radio Australia

No comments:

Post a Comment