Saturday, September 20, 2014

"ခေါင်းဆောင် နဲ့ အာဏာရှင်တို့ကြား ခြားနားချက်"


"ခေါင်းဆောင် နဲ့ အာဏာရှင်တို့ကြား ခြားနားချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ အာဏာရှင်က လူတွေကို မောင်းသည်။
ခေါင်းဆောင်က နည်းပေးလမ်းပြ လုပ်သည်။

@ အာဏာရှင်က အာဏာကို အားကိုးသည်။
ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့်
စိတ်ကောင်းစေတနာကောင်းကို အားကိုးသည်။

@ အာဏာရှင်က ကြောက်အောင် လုပ်သည်။
ခေါင်းဆောင်က စိတ်အားထက်သန်အောင်
လုပ်သည်။

@ အာဏာရှင်က “ငါ” ဟု သုံးသည်။
ခေါင်းဆောင်က “ငါတို့” ဟု သုံးသည်။

@ အာဏာရှင်က ပြသနာ ဖြစ်လျှင်
အပြစ်တင်သည်။
ခေါင်းဆောင်က ပြသာနာကို ကုစားသည်။

@ အာဏာရှင်က “သွားကြ” ဟု ပြောသည်။
ခေါင်းဆောင်က “သွားကြစို့” ဟု ပြောသည်။

(မူရင်း “အထက်လူကြီး” ဟူသောစကားရပ်ကို
“အာဏာရှင်” ဟူသောစကားရပ်ဖြင့်
အစားထိုးပါသည်။)

(Wingate Sai)
*************************************
ဆက်စပ်ပြီး စဉ်းစားမိတာလေးပါ။ …..

@ ခေါင်းဆောင်က ချစ်ခင်ရင်းနှီးမှုနှင့်
စိတ်ကောင်းစေတနာကောင်းကို အားကိုးပြီး ….
“တပ်မတော်သည်
တိုင်းပြည်အတွက်
တိုင်းပြည်သည်
တပ်မတော်အတွက်မဟုတ် ….”
ဟု ဆိုခဲ့သည်။

@ အာဏာရှင်ကတော့ အာဏာကို အားကိုးပြီး ……
“ပြောတာ နားမထောင်ရင်
ထုတ်ထားတဲ့ အမိန့်ကို ဖီဆန်ရင်
ဓားဓား ချင်း၊ တုတ်တုတ်ချင်း ရင်ဆိုင်ရလိမ့်မယ်။
စစ်တပ်ဆိုတာ သေနတ်ကို
မိုးပေါ်ထောင်ပြီး ပစ်ရိုးထုံးစံ မရှိဘူး။
တည့်တည့်ပစ်မှာ …..”
ဟု ပြောခဲ့သည်။

credit to ..... Wingate Sai / hotnewsweekly
& justfreeman

No comments:

Post a Comment