Tuesday, July 19, 2016

TRUE IMAGES (518)

“သတိတွေ ရှိပါမှ”

“အတောင်ပံအသစ်နဲ့ ပျံသန်းခြင်း”


“အတောင်ပံအသစ်နဲ့ ပျံသန်းခြင်း”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
ငှက်တစ်မျိုးဖြစ်ပြီးအသက် ၇၀ အထိ အသက်ရှင်နေထိုင်
နိုင်ပါတယ်။

ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက်
သူတို့ရဲ့အသက် ၄၀မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက်
အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချကြရပါတယ်။

သူ့အသက် ၄၀ ရောက်တဲ့အခါမှာ
သားကောင်ကိုဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။
နှုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
ကောက်လာပြီး အတောင်တွေကလဲ
အရမ်းလေးလာပါတယ်။
အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။

သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။
ဒီအတိုင်းနေပြီးဘာမှမလုပ်တော့ပဲအသေခံမလား? 
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ဖြတ်သန်းပြီး
အသက်ဆက်ရှင်မလား?
မစွန့်စားပဲသေရတာထက်စာရင်
စွန့်စားပြီးသေရတာကပိုမြတ်ပါလိမ့်မယ်။

ဒါကြောင့်အလွန်မြင့်တဲ့တောင်တစ်ခုဆီပျံသန်းသွားပြီး
အသိုက်တစ်ခုတည်ဆောက်လိုက်ပါတယ်။
ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနေပါတယ်။
နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ
ရက်ပေါင်း (150) နှစ်ဝက်နီးပါးကြာပါတယ်။

ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို
ကျောက်ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။
ပြီးတော့နှုတ်သီးအသစ်ထွက်လာတဲ့အထိ 
တိတ်ဆိပ်စွာနဲ့စောင့်ဆိုင်းနေခဲ့ရပါတယ်။

နှုတ်သီးအသစ်ထွက်လာတော့ အဲ့ဒီ နှုတ်သီးနဲ့ပဲ
ခြေသည်းတွေကိုတစ်ခုပြီးတစ်ခုဆွဲနုတ်ရပါတယ်။
ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်
ပါတယ်။

အတောင်ပံအသစ်တွေထွက်လာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက ၁၅၀ ပါပဲ ။
အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ
သူ့ရဲ့ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို
နောက်ထပ် နှစ်ပေါင်း ၃၀ မျှ
ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး အသက် ၇၀ ထိ
အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်းလဲမှုကို
ပြောချင်တာပါ။

တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက်
ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချကြရပါတယ်။

ဘဝကိုအောင်အောင်မြင်မြင်နဲ့
ဆက်လက်ဖြတ်သန်းချင်ရင်တော့
ကျွန်တော်တို့ရဲ့အကျင့်ဆိုးတွေ ထုံးစံတွေကိုလွှင့်ပစ်ရပါ
လိမ့်မယ်။

ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ
အတွေးခေါ်ဟောင်းတွေကိုစွန့်ပြစ်ရလိမ့်မယ်။

ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုတ်နိုင်ပြီး
လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။

တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့
မလိုလားအပ်တဲ့အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် 
အသိဥာဏ်ရှိတဲ့လူသားတွေကရော 
ကိုယ့်ကိုယ်ကို(change)မလုပ်နိုင်ကြဘူးလား?
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။

လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း
မကောင်းတဲ့စရိုက်တွေကိုမစွန့်လွှတ်နိုင်ကြဘူးလား?
မပြောင်းလဲ နိုင်ကြဘူးလား?
ဒီအတိုင်းဆက်သွားမလား ဆိုတာ
စဉ်းစားစေချင်ပါတယ်။

မောင်စိန်ဝင်း(ပုတီးကုန်း)
(စာပေဟောပြောပွဲမှ)

credit to ... Vegabond

TRUE IMAGES (517)

စည်းလုံးမှုမရှိခဲ့ရင် ... (သို့)
သူတလူ ငါတစ်မင်းဆိုရင် ...

“မင့်အိမ်”

“မင့်အိမ်”
။။။။။။။။။။။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက် မကောင်း
စိတ်ထောင်း ကိုယ်ကြေ၊
တခွေခွေသည်
နေထိ ကြွေမည့် ပန်းယဉ်အိ။

လှိုင်း၏အယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း၊
မင်း ယော်ယမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်။

မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်း တက်ဖာပေါ့ ...
အကာ အခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့ ...
အခွင် အနဲ့၊ အရွဲ့အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

(ဇော်ဂျီ)

credit to ... ဆရာ ဇော်ဂျီ အွန်လိုင်း စာအုပ်စင်

“နှစ်သစ်ဆုတောင်း”

“နှစ်သစ်ဆုတောင်း”
။။။။။။။။။။။။။။။။။။။။။။။

“ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့
ဒီနှစ်သစ်ကို
သူငယ်ချင်းအားလုံး
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာစွာနဲ့
ဖြတ်သန်းနိုင်ကြပြီး
ဆန္ဒနဲ့ ဘ၀ ထပ်တူကျပါစေကြောင်း
ဆုတောင်းပေးပါတယ်။”

(mhp)

Saturday, April 2, 2016

TRUE IMAGES (516)

“သန်းခေါင်ထက် ညဥ့်မနက်နိုင်ပါ”

“သူ့အလုပ်၊ ကိုယ့်အလုပ်”

“သူ့အလုပ်၊ ကိုယ့်အလုပ်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။

“လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကိုသာ
ခဲနဲ့ထုနေမယ်ဆိုရင်
မင်းသွားချင်တဲ့ ခရီးရဲ့ ပန်းတိုင်ကို
ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။”

“You Will Never Reach Your Destination
If You Stop And Throw Stones
At Every Dog That Barks.”
(Winston S. Churchill)

credit to ... Good Reads

Sunday, March 20, 2016

TRUE IMAGES (515)

“နှိုင်းယှဉ်၍ မရ”

“နိုင်ငံပြု ခေါင်းဆောင်”

“နိုင်ငံပြု ခေါင်းဆောင်”
။။။။။။။။။။။။။။။။။။။။။။။။။

“သူ့နိုင်ငံရေးကို ခင်ဗျားလက်မခံနိုင်ရင်
သူ့ကို နိုင်ငံရေးသမားလို့ ခေါ်တယ်။

အကယ်၍ လက်ခံနိုင်တယ်ဆိုရင်
သူဟာ နိုင်ငံပြု ခေါင်းဆောင်ပဲ။”

“A politician is a person with
whose politics you don't agree;
if you agree with him
he's a statesman.”
(David Lloyd George)

credit to ... မောင်ဝံသ & brainyquote

TRUE IMAGES (514)

“Before & After”

Friday, March 11, 2016

"လူဆိုတာ မှားတတ်သည် ဆိုသော်လည်း"

"လူဆိုတာ မှားတတ်သည် ဆိုသော်လည်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

- မှားမှန်းမသိတာ လူညံ့
- သိရဲ့သားနဲ့ ဆက်ပြီးမှားနေတာ လူမိုက်
- မှားဖို့ပဲကြိုးစားနေတာ လူယုတ်မာ။

credit to - Lion's ဖလော်ဆော်ဖီ

Sunday, March 6, 2016

TRUE IMAGES (513)

“ရွံ့စရာ စကားလုံးများ”

''ထွက်ပေါက် ပိတ်နေသူများ''

''ထွက်ပေါက် ပိတ်နေသူများ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


လောကတွင် ဘာမှဖြစ်မြောက်လာစရာ မရှိသည့်
လူနှစ်မျိုး ရှိသည်။

တစ်မျိုးကား
သူတစ်ပါး ခိုင်းစေသည့်အရာကို မလုပ်နိုင်သူဖြစ်၍

ကျန်တစ်မျိုးကား
ခိုင်းစေသည့် အရာကလွဲ၍
အခြား ဘာမျှမလုပ်တတ်သောသူ ဖြစ်၏။

credit to ... ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ

Saturday, February 27, 2016

“ကိုယ့်တာဝန်”

“ကိုယ့်တာဝန်”
။။။။။။။။။။။။။။။။။

လူသားတစ်ယောက်ဖြစ်လာဖို့ အတိတ်ကံက
တာဝန်ယူပါလိမ့်မယ်။

လူကြီးတစ်ယောက်ဖြစ်လာဖို့ အသက်အရွယ်က
တာဝန်ယူပါလိမ့်မယ်။

ဒါပေမယ့် ...
လူကောင်းတစ်ယောက် ဖြစ်လာဖို့ကတော့
မိမိကိုယ်တိုင်ကပဲ တာဝန်ယူရပါလိမ့်မယ်။

credit to ... original writer

Monday, February 22, 2016

Sunday, February 21, 2016

“သူ့လမ်းနဲ့သူ”

“သူ့လမ်းနဲ့သူ”
။။။။။။။။။။။။။။။။


သူကြမ်းတိုင်း လိုက်မကြမ်းနဲ့
သူရမ်းတိုင်း လိုက်မရမ်းနဲ့
အချိန်တန်ရင် လူတိုင်းက
သူ့လမ်းနဲ့ သူ … ။

(သစ္စာတမန်)

credit to ... သစ္စာတမန်

TRUE IMAGES (510)

“ဧရိယာ ပြင်ပ”

Wednesday, February 17, 2016

“လွှတ်တော်ဆိုတဲ့ နေရာ”

“လွှတ်တော်ဆိုတဲ့ နေရာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။

"ကျွန်မတို့ကိုယ်စားလှယ်အားလုံးဟာ
ကိုယ်စားလှယ်တွေဆိုတာမေ့လို့မဖြစ်ပါဘူး။

ပြည်သူကိုကိုယ်စားပြုပြီးတက်နေတာပါ။
ကိုယ့်ကိုကိုယ်ကိုယ်စားပြုပြီး တက်နေတာမဟုတ်ပါဘူး။
အဲဒါကို ကိုယ်စားလှယ်များအားလုံး စွဲစွဲမြဲမြဲနဲ့
နှလုံးသွင်းထားဖို့ဖြစ်ပါတယ်။

လွှတ်တော်ဆိုတာဟာ ကိုယ်စားလှယ်တစ်ဦးချင်း တစ်ဦးချင်း
ကိုယ့်အတွက်အသုံးချဖို့ စင်မြင့်လည်း မဟုတ်ပါဘူး။
ရာထူးနေရာရဖို့အတွက် ခုတုံးလှေကားထစ်လည်း မဟုတ်ပါဘူး။
သဘောထားမတူညီတဲ့ ပုဂ္ဂိုလ်များအကြား
နပန်းလုံးဖို့ ကြိုးဝိုင်းလည်း မဟုတ်ပါဘူး။

ဒီနေရာဟာ ကျမတို့အားလုံး ၀ိုင်းဝန်းပြီးတော့
နိုင်ငံနဲ့ပြည်သူ့အကျိုးကို အတတ်နိုင်ဆုံး ထမ်းဆောင်ရမယ့်
နေရာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ကိုယ်စားလှယ်ဆိုတာ
ပြည်သူ့မျက်နှာကို အဓိကကြည့်ရမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ အစုအဖွဲ့မျက်နှာကို အဓိကကြည့်ရမှာ
မဟုတ်ပါဘူး "

(ဒေါ်အောင်ဆန်းစုကြည်)

credit to ... 7Day News Journal

Tuesday, February 16, 2016

Monday, February 15, 2016

“ယုံကြည်ချက်”

“ယုံကြည်ချက်”
။။။။။။။။။။။။။။။။။။

“ငါလုပ်နိုင်တယ်” လို့
ယုံကြည်လိုက်တာနဲ့
အဲဒီအလုပ် တစ်ဝက်ပြီးသွားပါပြီ။

Believe you can
and you're halfway there.

(Theodore Roosevelt)

credit to ... brainy quote

Friday, February 12, 2016

TRUE IMAGES (508)

“ပရိုမိုးရှင်း ကာလ”

“ပြည်ထောင်စု”



“ပြည်ထောင်စု”
။။။။။။။။။။။။။။။။။

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုပါ၏။

"မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့်
ခွဲခြားပြီး မတွေးပါနဲ့။

ငါတို့ အားလုံးဟာ ပြည်ထောင်စုတိုင်းရင်းသားများ
ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာထားပြီး 
အတူတူလုပ်သွား စေချင်တယ်။

ဒီမိုကရေစီ နိုင်ငံတခု ဖြစ်သွာတယ်ဆိုလို့ရှိရင်
တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးများကို
ကျမတို့ ပြည့်ပြည့်စုံစုံပေးချင်တယ်။

တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု
စသည်ဖြင့် ကျမတို့ အားပေးချင်တယ်။
ဘာဖြစ်လို့လည်းဆိုတော့
အများအတွေးအခေါ်၊ အများယဉ်ကျေးမှုတွေနဲ့
တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ
ဘယ်သူတွေရဲ့ အတွေးအခေါ်နဲ့
ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့
တည်ဆောက်ခဲ့တဲ့ နိုင်ငံကြီးထက်
အများကြီး ခိုင်ခံ့လာပေမယ်၊
အများကြီးလည်း တိုးတက်နိုင်မယ်၊
အများကြီးလည်း ကျမတို့ အတွက်
အဖိုးတန်နိုင်မယ် လို့ ယုံကြည်ပါတယ်။"

(ဒေါ်အောင်ဆန်းစုကြည်)

*********************

.............
“ခွဲရမှကျေနပ်ကြမယ်ဆိုရင်
အိန္ဒိယမြေပုံကို ငါ့ရင်ဘက်ပေါ် တင်ပြီး
ဓားထက်ထက်နဲ့ ထက်ခြမ်းသာခွဲလိုက်ကြပေရော့”
ကျူးရင့်တဲ့ မဟတ္တမဂန္ဓီကြီးရဲ့စကား
ကမ္ဘာတုန်အောင် ကြားခဲ့ရပေမယ့်

အိန္ဒိယနဲ့ ပါကစ္စတန်
နေရူးနဲ့ ဂျင်းနား
တစ်ကနေ နှစ်ဖြစ်သွားတာလား … ။
တစ်ကနေ တစ်ဝက်ဖြစ်သွားတာလား … ။
စဉ်းစား … ။

ဇော်သက်ဦး(Ayatekalay)

(ဇော်သက်ဦး - Ayatekalay ၏ “ပြည်ထောင်စု”ကဗျာမှ …)

credit to … linletkyalsin & poems corner

Tuesday, February 9, 2016

TRUE IMAGES (507)

“မိုးကြီးချုပ်သွားရတဲ့ အကြောင်းအရင်း”

Sunday, February 7, 2016

“ထိုက်တန်တဲ့ ရင်းနှီးမှု”

“ထိုက်တန်တဲ့ ရင်းနှီးမှု”
။။။။။။။။။။။။။။။။။။။။။။။။။။

"အရင်တုန်းက မရခဲ့ဘူးတဲ့အရာတွေကို
လိုချင်ရချင်ရင်
အရင်တုန်းက မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို
လုပ်ရပါလိမ့်မယ်။"

If you want to achieve goals
you've never achieved before,
you have to do things
you've never done before.

(David Singleton)

credit to .... linkedin

TRUE IMAGES (506)

“အကောင်းဆုံးနည်း”

Wednesday, February 3, 2016

“စားကျက်သစ်သို့”

“စားကျက်သစ်သို့”
။။။။။။။။။။။။။။။။။။။။။


''လာဘ်ပေးလာဘ်ယူပပျောက်ဖို့ဆိုရင်
လာဘ်ပေးလာဘ်ယူ ဥပဒေရှိတယ်။
လာဘ်ပေးလာဘ်ယူပပျောက်ရေး
ကော်မရှင်လည်း ရှိတယ်။

ဒါပေမဲ့ ဥပဒေ ရှိတာကို
ဥပဒေအတိုင်း မဆောင်ရွက်လို့
တရားဥပဒေ မစိုးမိုးနိုင်တာပါ။

လာဘ်စားရင် အရေးယူရမယ်။တရားစွဲ ရမယ်။
ပြစ်ဒဏ်ပေးရမယ်။

အဲဒီလို ဥပဒေအတိုင်းမလုပ်ဘဲ
ပင်စင်ပေး တာတို့၊ နယ်ပြောင်းတာတို့က
နေရာသစ်မှာ စားကျက်သစ် ပေးလိုက်သလိုပါပဲ။''

(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်)

မှတ်ချက်-
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ
အတွင်းရေးမှူးတာဝန်ထမ်းဆောင်စဉ်က ပြောခဲ့သော
စကားပါ။
ယနေ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီမို့
လာဘ်ပေးလာဘ်ယူပြုတတ်သူများ
သတိထား ဆင်ခြင်ကြပါကုန်။
(mhp)

credit to .... Yangon Media Group

Tuesday, February 2, 2016

TRUE IMAGES (505)

“လေပိကြသူများ”

"ဥပဒေ - အဓိပ္ပါယ်ဖွင့်ဆိုချက်"

"ဥပဒေ - အဓိပ္ပါယ်ဖွင့်ဆိုချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဥပဒေဆိုတာ ပင့်ကူအိမ်နဲ့ တူတယ် ။
ယင် သေးသေးတောင် မလွတ်စေရဘူး ။
ဒါပေမယ့်
နကျယ်ကောင်မျိုးတွေတော့ ဖြတ်ခွင့်ရှိတယ် ။

Laws are like cobwebs,
which may catch small flies,
but let wasps and hornets break through.
(Jonathan Swift)

Credit to … goodreads & အတွေး

Saturday, January 30, 2016

Thursday, January 28, 2016

"မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်း"

"မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(အမေများနေ့အတွက် အမှတ်တရပါ။)

ကျွန်တော် ငယ်စဉ်ဘ၀လေးကတည်းက မေမေဟာ
ကျွန်တော့်ကို ညာပြောခဲ့ပါတယ်။
ကျွန်တော်တို့မိသားစုက ဆင်းရဲပါတယ်။
တစ်ခါတစ်လေဆို စားစရာတောင် လုံလုံလောက်လောက်
မရှိပါဘူး။ ဒါပေမဲ့ စားစရာလေးများ ရလာပြီဆိုရင် မေမေက
သူ့ဝေစုထဲကနေ ကျွန်တော့်ကို ခွဲပေးပါတယ်။
သူ့ပန်ကန် လေးထဲကနေ ကျွန်တော့ ပန်းကန်ထဲကို
ပြောင်းထည့်ပေးရင်းနဲ့
"သားလေးစားလိုက်နော်.. မေမေ သိပ်မဆာလို့ပါ”
ဒါကကျွန်တော့မေမေရဲ့ ပထမဆုံး လိမ်ညာခြင်းပါ။

ကျွန်တော် နည်းနည်း အရွယ်ရလာတော့
ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီးငါးမျှားလေ့ရှိပါတယ်။ မေမေက ငါးရလာရင် ကျွန်တော် အဟာရဖြစ်အောင် ကျွေးမယ်ဆိုတဲ့ စိတ်နဲ့ ငါးမျှားခြင်းသာ
ဖြစ်ပါတယ်။ တစ်နေ့ မေမေက ငါး၂ကောင် ဖမ်းမိလာတယ်။
ရလာတဲ့ ငါး၂ကောင်ကို ဆွပ်ပြုတ် လုပ်ပါတယ်။
ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း
အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး
ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့
အသားစလေးတွေကို စားနေပါတယ်။
ကျွန်တော်မေမေ့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်။
ဒါကြောင့် ကျန်နေသေးတဲ့ ငါး တစ်ကောင်ကို မေမေ့ကို
ပေးလိုက်တော့ မေမေက ချက်ခြင်းဘဲ ငြင်းတယ်။
“သားဘဲ စားပါကွယ် မေမေက ငါးမှမကြိုက်တာ"
ဒါက မေမေရဲ့ ၂ကြိမ်မြောက် လိမ်ညာခြင်း။

တစ်ဖြေးဖြေးနဲ ကျွန်တော့်ကျောင်းစရိတ်က ကြီးလာတယ်။
မေမေက အပိုဝင်ငွေ ရအောင်ဆိုပြီး မီးခြစ်စက်ရုံကနေ မီးခြစ်ဘူးခွံအဟောင်းတွေ တောင်းယူလာတယ်။
အိမ်ပြန်ရောက်တော့ မီးခြစ်ဆံအသစ်လေးတွေ ပြန်ဖြည့်ပြီး
ဈေးထဲမှာပြန်ရောင်းပါတယ်။ အဲဒီက ရတဲ့ ငွေကလေးနဲ့
အိမ်အတွက် လိုအပ်တာလေးတွေ ဖြည့်ဆည်းရတယ်။
ကျွန်တော့် ကျောင်းစရိတ် ထဲ ထည့်ရပါတယ်။
ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ
ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ
ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ
ရှိသေးတယ်။ ကျွန်တော်က
“မေမေ အိပ်တော့လေ.. ညနက်နေပြီ.. မနက်ကျမှ
ဆက်လုပ်လို့ ရသားနဲ့..”
မေမေက ပြုံးပြီး ပြန်ပြောပါတယ် ...
“သားလေးသာ သွားအိပ်ပါကွယ် .. မေမေက မအိပ်ချင်သေးပါဘူး”
ဒါက မေမေရဲ့ ၃ကြိမ်မြောက် လိမ်ညာခြင်းပါ။

ကျွန်တော် အတန်းတင်စာမေးပွဲဖြေမဲ့နေ့
မေမေကလဲ ကျွန်တော်နဲ့အတူ ကျောင်းကိုလိုက်လာတယ်။
ကျောင်းအပြင်ဘက် နေပူကျဲကျဲကြီးထဲမှာ ကျွန်တော်
စာမေးပွဲဖြေတာကို မေမေက ထိုင်စောင့်နေတယ်။
စာမေးပွဲပြီး ခေါင်းလောင်းထိုးတော့ မေမေ့ဆီ
ကျွန်တော်ပြေးသွားတယ်။
မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ
ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့
ပေးတယ်။ မေမေရဲ့ လ္ဘက်ရည်က မေမေရဲ့ မေတ္တာလောက်
မချိုဘူးဆိုတာကျွန်တော် ပြောရဲပါတယ်ဗျာ။
နေပူထဲရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကိုကြည့်ပြီး
ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက “သားဘဲ သောက်စမ်းပါသားရယ်.. မေမေက ရေမငတ်ပါဘူး”
ဒါက မေမေရဲ့ ၄ကြိမ်မြောက် လိမ်ညာမှု။

ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေတစ်ယောက်တည်း
ဖခင်နေရာကရော အမေနေရာကနေပါ အိမ်တာဝန်ထမ်းရပါ
တော့တယ်။ မေမေ့အရင် အလုပ်ဟောင်းကိုဘဲဆက်လုပ်တယ်။
မေမေတစ်ယောက်တည်း ရုန်းကန်နေရတော့ ကျွန်တော်တို့
စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာတယ်။
ငတ်လုနီးပါး ဖြစ်လာတယ်။ အခြေအနေက ပိုပိုပြီး ဆိုးဆိုးလာတယ်။
အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့
သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က
မကြာခန ရောက်ရောက်လာပြီး
ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန်
သူဘဲ ဖြေရှင်းပေးပါတယ်။ ဒါတွေကို မြင်တဲ့ အိမ်နီးချင်းတွေက
မေမေ့ကို အိမ်ထောင် ထပ်ပြုဖို့ အကြံပေးကြတယ်။
တိုက်တွန်းကြတယ်။ ဒါပေမဲ့ မေမေက တွင်တွင်ငြင်းတယ်။
“ကျွန်မ အိမ်ထောင်ရေးကို စိတ်မ၀င်စားတော့ပါဘူး။
အချစ်ဆိုတာလဲ ကျွန်မအတွက် မလိုအပ်တော့ပါဘူး”
ဒါက မေမေရဲ့ ၅ကြိမ်မြောက် လိမ်ညာခြင်းပါ။

ကျွန်တော် ကျောင်းတွေပြီးလို့ တစ်မြို့တစ်ရွာမှာ အလုပ်ရတော့
မေမေ့ကို အနားပေးဖို့အချိန်ရောက်ပြီ။
ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို
အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက
မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ။
ကျွန်တော်က အမေသုံးဖို့ဆိုပြီး ငွေတွေ ပို့ပေးရင် ဘယ်တော့မဆို
မေမေက ကျွန်တော့်ကို ပြန်ပို့ပေးတယ်။
“မေမေ့မှာ ငွေတွေ သုံးဖို့ ရှိပါသေးတယ် သားရယ်
အမေ ငွေမလိုပါဘူး”
ဒါက မေမေ့ရဲ့ ၆ကြိမ်မြောက် လိမ်ညာခြင်းပါ။

ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့
အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့အချိန်ပိုင်း ကျောင်းတက်ပါတယ်။
မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ မေမေ့ကို ကျွန်တော် ထားချင်
ပါသေးတယ်။ ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ
ကရိကထ များမှာကို မလိုလားတဲ့အတွက် ကျွန်တော်ခေါ်တာကို
ငြင်းပါတယ်။
“မေမေ မလာတော့ ပါဘူးသားရယ် .. မေမေက သား အခု
ရောက်နေတဲ့ အဆင့်အတန်းမြင့်တဲ့
အသိုင်းအ၀ိုင်း မျိုးမှာ နေသားမကျပါဘူး
မေမေပျော်မှာ မဟုတ်ပါဘူးကွယ်”
မေမေရဲ့ ၇ကြိမ်မြောက် လိမ်ညာခြင်းပါ။

မေမေ အသက်အရွယ် တော်တော်ရလာတော့ ကင်ဆာကြောင့်
ဆေးရုံမှာ ရောက်နေပြီ။ကျွန်တော် ကြားကြားချင်းဘဲ ပင်လယ်ကို ဖြတ်ပြီး မေမေ့ကို တွေ့ဖို့အိမ်ကို ပြန်လာခဲ့တယ်။
မေမေက ရောဂါရဲ့ နှိပ်စက်မှုကြောင့် ခွဲစိတ်ကုသမှု ခံထားရတယ်။
အိပ်ရာပေါ်ကနေ မထနိုင် တော့ဘူး။
ကျွန်တော့်ကိုတွေ့တော့ မေမေက ပြုံးပြဖို့ ကြိုးစားတယ်။
ပိန်လှီပြီး အားနည်းဖျော့တော့ နေတဲ့ မေမေရဲ့ ရုပ်က
ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို
မတူတော့ဘူး။ မေမေ့ကို ကြည့်ပြီး ကျွန်တော် စိတ်ထိခိုက်မိတယ်။
မျက်ရည်တွေ အလိုလို ကျလာတယ်။ မေမေက လေသံယဲ့ယဲ့လေးနဲ့ ကျွန်တော့်ကို ပြောတယ်။
“မငိုပါနဲ့ သားရယ် မေမေ မနာပါဘူး .. မေမေ နေကောင်းပါတယ်”
ဒါကတော့ မေမေရဲ့ ၈ကြိမ်မြောက် လိမ်ညာခြင်းပါ။

၈ကြိမ်မြောက် လိမ်ညာပြီးတဲ့နောက် ကျွန်တော့်မေမေ
ဆုံးသွားခဲ့ပါတယ်။ မေမေရဲ့ လိမ်ညာခြင်းကို ဘယ်လောက်ဘဲ ကျွန်တော် ပြန်လိုချင် ပြန်ကြားချင်ပေမဲ့ ပြန်မရနိုင်တော့ပါဘူးဗျာ။

******

ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ်ထားတဲ့
အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ
သဘော ပေါက်မိပါတယ်။
ကျွန်တော်တို့ရဲ့ အမေတွေ ကလည်း ကျွန်တော်တို့ အပေါ်မှာ
ခုလို မုသား ဖြူဖြူလေးတွေနဲ့ လိမ်ညာခဲ့ကြ ဖူးပါတယ်နော်။
သားသမီးတွေကို ချစ်ခြင်းအားဖြင့် လိမ်ညာတဲ့ အတွက်
အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ၊
ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ။
ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံးမှာ အမေတွေရဲ့ မုသားတွေနဲ့
အခါခါ ကြုံခဲ့ကြ ဖူးပါလိမ့်မယ်။
သားသမီးတွေဘက်ကရော ...
အမေတွေရဲ့ အဖြူရောင် မုသားလေးတွေအတွက်
ဘာတွေများ ပြန်ပေးဆပ်နိုင်ကြပြီလဲ ...
ပေးဆပ်ဖို့ ကြိုးစားကြပြီလဲ ... ကျွန်တော်တို့ အမေတွေရဲ့
မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လား .... ။

*************************

“သည်ကနေ့ ကျွန်တော်ဖြစ်နေသမျှ
နောင်တစ်နေ့ ကျွန်တော်ဖြစ်ဖို့ မျှော်မှန်းနိုင်သမျှ
အားလုံးပင်
အမေ ကျေးဇူးချည်း ဖြစ်သည်။”

All that I am,
or hope to be,
I owe to my angel mother.

(Abraham Lincoln)

credit to ... phonemaung & brainyquote

Sunday, January 24, 2016

TRUE IMAGES (503)

“စာဖတ်ပါ … စာအုပ်ကောင်းတစ်အုပ်ဟာ
သင့်ဘ၀ကို ပြောင်းလဲပေးနိုင်ပါတယ်။”

"နေရာချင်းလဲကြည့်မှ"

"နေရာချင်းလဲကြည့်မှ"
။။။။။။။။။။။။။။။။။။။။။။။။။


“ကိုယ့်အမြင်နဲ့ မတူလို့
သူတစ်ပါး အယူအဆတွေ မှားတယ်လို့
မထင်ပါနဲ့။
တစ်ခါတစ်လေ
အမှန်တရားဆိုတာ နေရာချင်းလဲကြည့်မှ
သိနိုင်ပါတယ်။”

အရှင်စန္ဒာဝရ(တောင်တွင်း)

****************************

ဖတ်ဘူးခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

လူတစ်ယောက်က မြစ်ကမ်းစပ် တစ်ခုမှာ ထိုင်နေပါတယ်။
အဲဒီအချိန်မှာ လူတစ်ယောက် မြစ်ထဲမှာ ရေနစ် နေပါတယ်။
ရေနစ်နေသူက အခုလို အော်ပါတယ်။
“ ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော် ရေမကူးတတ်ဘူး ” တဲ့။
အဲဒီတော့ ကမ်းစပ်မှာ ထိုင်နေသူက အခုလို ပြောပါသတဲ့။
“ ငါလည်း ရေမကူးတတ်ပါဘူး။
ဒါပေမဲ့ အဲဒီလိုတော့ အော်မနေပါဘူး ” တဲ့။