Wednesday, August 27, 2014

"ကိစ္စမရှိဘူး ဆိုရင်လည်း"



"ကိစ္စမရှိဘူး ဆိုရင်လည်း"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

…………………အတွက်
ဆိုပြီး

ထိုင်နေလေ
ကုန်းဘောင်ခေတ်အတွေးအခေါ်တွေထဲမှာ

ထိုင်နေလေ
ကိုလိုနီနယ်ချဲ့တွေနဲ့အတူ

ထိုင်နေပေါ့
ဖက်ဆစ်အလံအောက်မှာ

ထိုင်နေပေါ့
ကားလ်မာစ်ရဲ့အရင်းကျမ်းကိုဖတ်ပြီး

ထိုင်နေကြပေါ့
မြန်မာ့နည်းမြန်မာ့ဟန်နဲ့

*** "ထိုင်နေကြပေါ့
အမိန့်အတိုင်း
ဒါမှမဟုတ်
ဘယ်သူမှ ဘာမှမပြောမချင်း ...." ***

ကိစ္စမရှိဘူး
ငါတို့မှာ သစ်တောတွေရှိတယ်

ကိစ္စမရှိဘူး
ငါတို့မှာ မြစ်မင်းဧရာရှိတယ်

ကိစ္စမရှိဘူး
ငါတို့မှာ ရေနံနဲ့ကျောက်မျက်တွေရှိတယ်

ကိစ္စမရှိဘူး
ငါတို့မှာ အဆင့်မြင့်တဲ့ယဉ်ကျေးမှုရှိတယ်

"ကိစ္စမရှိဘူး” ဆိုရင်လည်း..
ထိုင်နေကြပေါ့။

“စာရွက်ပေါ်ရေးထားတဲ့သမိုင်း
ပြင်ရေးလို့ရတယ်

"ကိစ္စမရှိဘူး” ဆိုရင်လည်း
ထိုင်နေကြပေါ့။

ကမ္ဘာကြီးလည်းပြားသွားပြီ

ရွာလည်းတည်ပြီးပြီ

iPad mini ထွက်လာပြီ

"ကိစ္စမရှိဘူး" ဆိုရင်လည်း ....
ထိုင်နေကြပေါ့။

ခရမ်းပြာထက်လူ ၏
“ရိုဒင် ငါတော့လစ်ပြီ” ကိုခံစားရေးဖွဲ့သည်။

(Cooo)

credit to .... Beautiful thing

No comments:

Post a Comment