Sunday, August 24, 2014

“ခဲတံ ကပေးတဲ့ တွေးစရာ”



“ခဲတံ ကပေးတဲ့ တွေးစရာ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပညာရှိတွေက ခဲတံ ကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့
တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ
သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။
အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့
ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို
သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်
ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင်
ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်
မဟုတ်ဘူး.. သင့်ရဲ့အတွင်း "အဆံ"ဆိုတာကို
အမြဲမှတ်ထားပါ။

လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို
မှတ်သားရပါတယ်။

(၁) “သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ဆိုတာ
ခံနိုင်ရည်ရှိမှ သင့် စိတ်ကူးအိပ်မက်ကို သင်အကောင်အထည်
ဖော်ဖြစ်နိုင်မှာဖြစ်တယ်။”

(၂) “ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစည်းခံနိုင်မှ
စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေကို
သင်ပိုင်ဆိုင်မှာဖြစ်တယ်။”

(၃) “သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။
အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့
တခြားသူရဲ့အကူအညီကို ယူပါ။ဒါမှ လှပတဲ့ဘဝကို
သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။"

(၄) “ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ
သင် အားစိုက်ထုတ် ကြိုးစားရလေပါ။
ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။”

(၅) “သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပ
အရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို
မြဲမြဲမှတ်ထားပါ။”

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to …. လွတ်လပ်ခြင်းကောင်းကင်

No comments:

Post a Comment