Friday, August 1, 2014

"မိုးပေါ်ပျံတက်စေတဲ့အရာ"



"မိုးပေါ်ပျံတက်စေတဲ့အရာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိုးပျံပူပေါင်းတွေကို ဈေးပွဲမှာရောင်းပြီးအသက်မွေးသူတစ်ယောက်
ရှိပါတယ်။ သူ့မှာ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် တွေအပါ
အ၀င် မိုးပျံပူပေါင်းရောင်စုံရောင်းပါတယ်။

သူဟာ ဈေးရောင်းမကောင်းတဲ့အခါတိုင်း ဟီလီယံဓာတ်ငွေ့ဖြည့်ထား
တဲ့ မိုးပျံပူပေါင်းတွေကို ကလေးတွေရှေ့မှာ ကောင်းကင်ကိုလွှတ်တင်ပြ
ပါတယ်။ အဲဒါကိုမြင်တဲ့ကလေးတွေဟာ မိုးပျံပူပေါင်းတွေကို ၀ယ်ချင်
လာပါတယ်။ ကလေးတွေလာဝယ်ကြတဲ့အခါမှာသူဟာ ဈေးရောင်းကောင်း
လာပြန်ပါတယ်။ဒီလိုနည်းနဲ့သူ တနေကုန်အောင်ရောင်းချပါတယ်။
ဒီလိုနဲ့ မိုးပျံပူပေါင်းရောင်းသမားရဲ့အိတ်ဟာ တစ်နေ့အရောက်မှာ
ဖောင်းလာရပါတယ်။

သူဈေးလှည့်ရောင်းနေတဲ့ တစ်နေ့မှာ ကောင်လေးတစ်ယောက်က
သူ့ကိုမေးတယ်။

“ဈေးသည်ကြီး၊ အနက်ရောင်ပူပေါင်းကို လွှတ်တင်လိုက်ရင်လည်း
မိုးပေါ်ကိုပျံမှာပဲလား၊ သားမသိလို့ ...." လို့မေးလာပါတယ်။

အဲဒီအခါမှာ မိုးပျံပူပေါင်းရောင်းတဲ့ ဈေးသည်ကြီးဟာ ကလေးငယ်ကို
ဂရုဏာသက်စွာနဲ့ အခုလိုဖြေပေးပါတယ်။

“သားငယ်လေးရေ၊ မိုးပေါ်ပျံတက်ဖို့ရာ အရေးကြီးတာ ပူပေါင်းရဲ့
အရောင်အဆင်းမဟုတ်ပါဘူး။ ပူပေါင်းအတွင်းထဲမှာ ထည့်ထားတဲ့
အရာပါ။”

*** ကျွန်တော်တို့တွေရဲ့ဘ၀တွေဟာလည်း ထိုနည်းတူစွာပါပဲ။
အတွင်းပိုင်းမှာ ရှိသောအရာကပဲ အရေးပါတာပါ။
အတွင်းပိုင်းမှာရှိတဲ့ မိုးပေါ်ကိုပျံတက်စေတဲ့အရာကတော့
ကျွန်တော်တို့တွေရဲ့ သဘောထားပါပဲ။ ***

(English-မြန်မာ စာပဒေသာ)

credit to ...... Rich Marme Education

No comments:

Post a Comment