Tuesday, August 19, 2014

"သရဲ"


 
"သရဲ"
။။။။။။။

ခေါင်းမပါတဲ့ သရဲက
မျက်လုံးပြူးပြတယ် ... တဲ့

ယုံတဲ့သူကယုံတယ်
တုန်တဲ့သူကတုန်တယ်

* အဆေးခံရတာလား
* ပုံသွင်းခံရတာလား
* ပျင်းတာလား
ဒါမှမဟုတ်
* မွေးကတည်းက
---- မပါတာလား။

ငန်းဗိုက်ထဲက
ရွှေဥတွေကို
အိုးတွေနဲ့ထည့်
သက်ကယ်ခင်းထဲ
မြုပ်ခဲ့သတဲ့ ...

အဲဒီ ...
ခေါင်းမပါတဲ့သရဲက
ငါကိုပြောသွားတာ ... ။

(Cooo)

PS ..... သူတို့ပြောတဲ့ မည်သည့် ယုံတမ်းစကား မဆို
ကျိုးကြောင်းဆက်စပ်ပြီး စဉ်းစားပါလေ .....
အမေစု သမ္မတ ဖြစ်ရင် မွတ် ....... ဆိုပဲ .... ဆိုပဲ

credit to ... Beautiful thing

No comments:

Post a Comment