Sunday, August 10, 2014

"လုပ်ယူမှရသော သာသနာ"



"လုပ်ယူမှရသော သာသနာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သြကာသနဲ့ ဝန်ချခြင်းဟာ
ရတနာသုံးပါးပြစ်မှားခြင်းနဲ့သာ ဆိုင်ပြီး
ဟိုဖားသတ် ငါးသတ်ခဲ့တာတွေ
တို့ဆီ ယူမလာခဲ့နဲ့ကွယ့်။

အဲ - ယူလာလို့ ကျေပါတယ်ဆိုလည်း
ဝမ်းဖောဝမ်းကားနေဦးမှာပဲ။

အတုံ့အလှည့် အမြဲရှိနေလိမ့်မယ်။
တံငါသေ ငါးဖြစ်၊ ငါးသေ တံငါဖြစ်တာလည်း
ဒီအတိုင်းပဲ ရှိလိမ့်မယ်။

ဘယ်သူမှ ဓါးခုတ်ရာ လက်ဝင်လျှိုလို့ မရဘူး။
ဘုရားလည်း အာမခံ မလိုက်နိုင်ဘူး။
သိကြားလည်း အာမခံ မလိုက်ရဲဘူး။
မိမိစေတနာကို ကျော်လွန်ပြီး ကောင်းအောင်၊
ဆိုးအောင် ဝင်ကူပေးလို့ မရဘူး။

တို့သာသနာက တောင်းယူလို့ရတဲ့
*** သာသနာ မဟုတ်ဘူး။
လုပ်ယူမှရတဲ့ သာသနာမျိုး။
ဆုတောင်းတယ်ဆိုတာ ဆန္ဒပြုတာ။
သွားရမယ့် လမ်းမှန်းဆတမ်းတနေတာ။
ဆုတောင်းပြည့်ဖို့က ပြောသလိုလုပ်မှကွယ့်။

(မဟာဗောဓိမြိုင် ဆရာတော်ကြီး)

credit to ..... ဓမ္မဒါနကုသိုလ်ရှင်

No comments:

Post a Comment