Friday, August 22, 2014

"မြန်မာ့နည်း မြန်မာ့ဟန်"



"မြန်မာ့နည်း မြန်မာ့ဟန်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့တဲ့ ...
လူအများစုကြီး သာယာဝပြောတဲ့ လူ့ဘောင်မျိုး
မြန်မာနိုင်ငံ မှာ ပေါ်ပေါက်ဖို့ အလှမ်း ဝေးခဲ့ရတာ ဟာ၊
စစ်တပ်ရဲ့ နိုင်ငံရေးအရ စွက်ဖက်ခဲ့မှုက
အဓိက တရားခံ ပါ။

ဗိုလ်ချုပ် ရည်မှန်းခဲ့တဲ့ ဆိုရှယ်လစ် လမ်းစဉ်တွေ
ဖော်ဆောင်ဖို့ ရာ စစ်တပ်ရဲ့ အကြီးအကဲတွေက
သူတို့ဖော် ဆောင် ပေးမှ ရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့၊
တကယ်လည်း ဆိုရှယ်လစ် စံနစ်ရဲ့ အနှစ်သာရကို
မဖော်ဆောင် နိုင်ခဲ့ပဲ၊
(မြန်မာ့နည်း မြန်မာ့ဟန်) ဆိုပြီး စခန်းသွားခဲ့တဲ့ အတွက်
တိုင်းပြည် ချွတ်ခြုံကျခဲ့ရပါတယ်။

တပ်မတော်ဟာ ….
နိုင်ငံရေး နဲ့ ဘောဂဗေဒ ဆိုင်ရာ ကိစ္စတွေ မှာ
အထူးလေ့ကျင့် သင်ကြားခံထားရသူတွေ မဟုတ်ပါပဲနဲ့၊
အရာရာကို သူတို့ စွမ်းဆောင်နိုင်တယ် ဆိုတဲ့
ခံယူချက်မျိုး ရှိခဲ့လို့ပဲ။”

(ကာကွယ်ရေး ဦးစီးချုပ်ဟောင်း
ဘဘ သူရဦးတင်ဦး)

PS ...
“မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်
မြန်မာ့နည်း မြန်မာ့ဟန် စီမံအုပ်ချုပ်မှု
မြန်မာ့နည်း မြန်မာ့ဟန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
မြန်မာ့နည်း မြန်မာ့ဟန် လွှတ်တော်
မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ
ဆိုပြီး စခန်းသွားခဲ့ ကြလို့ တိုင်းပြည် ချွတ်ခြုံကျနေဆဲ
မကြာမီ ….
မြန်မာ့နည်း မြန်မာ့ဟန် PR စနစ်
ဆိုပြီး ဆက်စခန်းသွား ကြ ဦးမှာလား ?”

credit to ..... ဘီဘီစီ (မြန်မာပိုင်း)
via thithtoolwin

No comments:

Post a Comment