Thursday, August 14, 2014

"မည်သို့ပင်ဖြစ်စေ…"



"မည်သို့ပင်ဖြစ်စေ…"
။။။။။။။။။။။။။။။။။။။။။။။။။

သင်သည် …
ချမ်းသာသည် ဖြစ်စေ၊
ဆင်းရဲသည် ဖြစ်စေ၊

သင့်ဘ၀ …
တည်ငြိမ်သည် ဖြစ်စေ၊
မတည်ငြိမ်သည် ဖြစ်စေ၊

သင်သည် …
ဥာဏ်ရည်ထက်မြက်သည် ဖြစ်စေ၊
သာမန် ဥာဏ်ရည်မျိုးပဲ ရှိသည် ဖြစ်စေ၊

သင်သည် …
ရုပ်ရည်ချောမောသည် ဖြစ်စေ၊
မချောမောသည် ဖြစ်စေ …

အချို့လူများက …
သင့်ကို နှစ်သက်သဘောကျပါလိမ့်မည်။

အခြားသူများကလည်း …
သင့်ကို ဂရုမစိုက်ဘဲ မနေနိုင်ပါ။

လူတိုင်းလူတိုင်းက …
ရာနှုန်းပြည့်
“သဘောကျ နှစ်သက် လက်ခံခြင်း ခံရသူ” ဟူ၍
လောကတွင် တစ်ဦးတစ်ယောက်မျှ မရှိပါ။

(မြတ်ငြိမ်း)

credit to ..... Beautiful thing

No comments:

Post a Comment