Monday, August 11, 2014

"တွေးဆ/ဆင်ခြင်ဖို့"


 
"တွေးဆ/ဆင်ခြင်ဖို့"
။။။။။။။။။။။။။။။။။။။။။။။။

@ “ပင်လယ်ကို ခြေထောက် ရေမစိုပဲ
ကူးလို့ရရင် ရပါလိမ့်မယ်။
ဘဝကိုတော့ မျက်လုံးမှာ
မျက်ရည်မစိုပဲ မကူးခတ်နိုင်။”

@ “သင့်မျက်စိက ကောင်းတာမြင်ခဲ့ရင်
လောကကြီးကို သင် ချစ်လာမယ်။
သင့်လျှာက ကောင်းတာပြောခဲ့ရင်တော့
လောကကြီးက သင့်ကို ချစ်လာပါလိမ့်မယ်။”

@ “သင် ပြောတာထက် ပိုများအောင်
လုပ်ပါ၊
သင် လုပ်တာထက် ပိုနည်းအောင်
ပြောပါ။”

@ “ကျောင်းမှာက သင်ခန်းစာကို
အရင် သင်ရတယ် ..
ပြီးမှ စာမေးပွဲကို ဖြေရတယ်။
ဘဝမှာတော့ စာမေးပွဲကိုဖြေပြီးမှ
သင်ခန်းစာကိုရတယ်။”

@ “မှန်သောစကားတိုင်း မလှသလို၊
လှသောစကားတိုင်းလည်း မမှန်။”

( ငြိမ်းလဲ့)

credit to ..... စိတ်ခွန်အားပေး စာစုများ

No comments:

Post a Comment