Thursday, November 6, 2014

"တရား(တဲ့) ဥပဒေ စိုးမိုးစေချင်"


"တရား(တဲ့) ဥပဒေ စိုးမိုးစေချင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“တရားဥပဒေ စိုးမိုးမှု မရှိခြင်းနှင့်
ဥပဒေ ချိုးဖောက်ခွင့် (ဝါ)
*** ဥပဒေအထက် တစ်စုံတစ်ယောက်၊
တစ်ဖွဲ့တစ်စု ရှိနေသကဲ့သို့ *** ဖြစ်နေခြင်းက
တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို
တစ်နေ့တခြား စိုးရိမ်ထိတ်လန့်စိတ် တိုးပွားလာစေသည်။
စိုးရိမ်ထိတ်လန့်မှုနှင့်အတူ မည်သူ့ကိုမဆို မယုံသင်္ကာ၊
သံသယစိတ်ဖြင့် အထင်အမြင်လွဲမှားမှု၊
အလွဲအဓိပ္ပာယ် ကောက်ယူမှုများ နောက်ဆက်တွဲ ဖြစ်ပေါ်
လာကာ နိုင်ငံသားအားလုံး (ဝါ) အမျိုးသား လုံခြုံရေးကိုပါ
ထိခိုက်လာနိုင်ပေသည်။”

"တရားဥပဒေ စိုးမိုးမှုမရှိ သို့မဟုတ် နိုင်ငံသား တစ်ဦးချင်း၏
လုံခြုံရေးပင် စိုးရိမ်ဖွယ် အခြေအနေ ရောက်
ရှိနေကြောင်း ပြည်သူအများ လက်တွေ့ခံစားလာ ရပြီဆိုလျှင်
အာဖရိကတိုက်ရှိ လူမျိုးတုံး သတ်ဖြတ်မှုများ
ကျူးလွန်နေသော နိုင်ငံများတွင် ကျီးလန့်စာစား နေ
ထိုင်နေကြရသည့် နိုင်ငံသားများနှင့် ဘာမျှ မကွာခြားတော့ပေ။"

အယ်ဒီတာ - " နိုင်ငံသားတစ်ဦးချင်း လုံခြုံရေး" ..... မှ
(The Voice Daily Editorial)
credit to ..... The Voice Weekly

PS .....
“သေဆုံးသွားသော အလွတ်သတင်းထောက် ကိုပါကြီး အပါအ၀င်
လူမသိ သူမသိ ဖမ်းဆီးထောင်ချ / အသတ်ဖြတ်ခံရသော နိုင်ငံရေးသမား
အားလုံး ပွင့်လင်းမြင်သာပြီး စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး
ရရှိခံစား နိုင်ကြပါစေ …… ။”

No comments:

Post a Comment