Thursday, November 20, 2014

"ရေးချင်မိတဲ့ စာ(၄)"

"ရေးချင်မိတဲ့ စာ(၄)"
။။။။။။။။။။။။။။။။။။။။။။။။
18 November 2014 သတင်းမှာ
“၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေ ပြင်မည်ဟု
သူရဦးရွှေမန်း ပြော” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်
ဖတ်လိုက်ရတယ် … အမေ ။


အဲဒီ့ သတင်းအပေါ်အမေ ဘယ်လို
တုန့်ပြန်မလဲဆိုတာ စောင့်ဆိုင်းနေရင်း ….

19 November 2014 သတင်းမှာ
“သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြောဆိုချက် ဒေါ်အောင်ဆန်း
စုကြည် လက်ခံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ နောက်ထပ်သတင်းတစ်ပုဒ်
ဖတ်မိပါတယ် ... အမေ။

ဘာတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကိုယ့်အသိဥာဏ်နဲ့
သဲသဲကွဲကွဲ နားမလည်နိုင်သေးပေမယ့် ….....

8 November 2014 အမေ့ရဲ့ ကယား ပြည်နယ်လွိုင်ကော်မြို့
ခရီးစဉ်မှာ ဒေသခံတွေကိုပြောခဲ့တဲ့ အမေ့ မိန့်ခွန်းကိုတော့ ပြန်အမှတ်
ရမိပါရဲ့ အမေ … ။ အဲဒီ့မှာ အမေပြောခဲ့တာက ....
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက
တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ်နေတယ် ….
ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်းချမ်းနဲ့ ပြည်သူလည်း
မနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်
လုပ်သွားပါ့မယ် လို့ပြောလိုပါတယ် …”
လို့ အမေပြောခဲ့တယ်နော် ….။

အမေပြောတဲ့ “ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း
သိက္ခာမကျအောင်” … ဆိုတဲ့ ပြောစကားကို ထပ်ခါထပ်ခါ ဖတ်ပြီး
(စဉ်းစား) ကြည့်မိပါရဲ့ …. ။
စဉ်းစားရင်း ရေးရေးမြင်မိတဲ့ အသိအရတော့ ....
"ယုံပါတယ် အမေ …အမေ့ စိတ်ထဲမှာ တိုင်းပြည် နဲ့ ပြည်သူသာ
အဓိက" ဆိုတာကို ….။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်းမှာ
(အများစုသော) သူတို့ ….. သူတို့ …. တွေရဲ့ အတ္တတွေ ကြားထဲ
လုပ်ရကိုင်ရတာအမေ ဘယ်လောက် စိတ်ပင်ပန်း ...
လူပင်ပန်း ဖြစ်နေမလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ် … အမေ။

နောက်ဆုံး .... အခြေအနေ နဲ့ အချိန်အခါ အလိုက် ....
ဘာတွေ ဘယ်လိုပဲဖြစ် လာလာ .... ကျိန်းသေတာ
တစ်ခုတော့ရှိတယ် …. အမေ ....။
အမေကတိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူကိုအလေးထားတဲ့ “ပြည်သူရဲ့ခေါင်းဆောင်၊လူထုရဲ့ခေါင်းဆောင်” ...
နောက်ပြီး .. အမေ လုပ်ဆောင်နေသမျှ အရာတွေဟာ
"တိုင်းပြည် နဲ့ ပြည်သူ့ အကျိုး အတွက်" ပဲ
ဆိုတာအကြွင်းမဲ့ ယုံကြည်ထားတော့ ....

အမေ ... ဘယ်လမ်းကိုညွှန်ညွှန် ဘယ်လမ်းကိုသွားသွား
အမေချပြတဲ့ လမ်းပေါ်မှာ အမေ့အပေါ် လုံးဝဥသုံ ယုံကြည်ချက်အပြည့်အ၀နဲ့ ထောက်ခံရင်းလိုက်ခဲ့မယ်
ဆိုတာတော့ သံဓိဋ္ဌာန် ချထားပါတယ်အမေ …. ။

(mhp)

credit to ..... original news agencies

No comments:

Post a Comment