Sunday, November 16, 2014

"ရေးချင်မိတဲ့ စာ(၃)"

"ရေးချင်မိတဲ့ စာ(၃)"
။။။။။။။။။။။။။။။။။။။။။။။။
အမေစု နဲ့ အမေရိကန် သမ္မတ အိုဘားမား တို့ diplomacy သဘောအရ
ရင်းရင်းနှီးနှီး ဆက်ဆံနေကြ တဲ့ ပုံတွေကို post တွေ၊ comment တွေနဲ့
ရိုင်းစိုင်းစွာရေးသားတိုက်ခိုက် နေတာတွေ့တော့
အလွန်စိတ်မကောင်းဖြစ်မိပါတယ်။


အမေအရွယ်နဲ့ သားအရွယ်လောက် ကိုအသက်ကွာတဲ့ ခေါင်းဆောင်နှစ်ဦးရဲ့
ဂုဏ် နဲ့ သိက္ခာကိုတော့ လေးစားသင့်ပါတယ်။ အမေစု က19 June 1945 ဖွါး
အသက် က ၆၉ နှစ်၊ သမ္မတ အိုဘားမား က August 4, 1961 ဖွါး အသက်က
၅၃ နှစ်ပါ။ အဲဒါကို ကိုယ် ကြည့်တတ်တဲ့ တဏှာအမြင်၊
တဏှာအတွးတွေနဲ့  ရေးသား ဆဲဆို ပုတ်ခတ်နေကြတာတွေ ဟာ
ကိုယ့် ဂုဏ်နဲ့ အဆင့်အတန်းကို လှစ်ဟပြသလိုပါပဲ။

“ရိုင်းစိုင်းမှု” ဆိုတာ “ယဉ်ကျေးမှု” ရဲ့ ဆန့်ကျင်ဘက်ပါ။ လူကြားကောင်းအောင်
“မြန်မာ့ယဉ်ကျေးမှု” “မြန်မာ့ယဉ်ကျေးမှု” ဆိုတာကြီးကို ဗန်းပြပြီး
ကိုယ်ရိုင်းစိုင်းစွာ ဆဲဆိုနေတာတွေဟာ အဲဒီ “မြန်မာ့ယဉ်ကျေးမှု” ဆိုတာနဲ့
ကိုက် / မကိုက် ဦးစွာအရင်ဆန်းစစ်စေချင်ပါတယ်။

ဆန်းစစ်ပြီးပြီ ဆိုရင် နိုင်ငံတကာက ခေါင်းဆောင်တွေ diplomacy သဘောတရား
အရ “ရင်းနှီးရင်… ရင်းနှီးသလောက်” နွေးထွေစွာ ဘယ်လိုကြိုဆိုနှုတ်ဆက်တတ်ကြ
တယ် ဆိုတာ တဏှာအမြင်၊တဏှာအတွေးမပါပဲ ကမ္ဘာ့အမြင်၊ကမ္ဘာ့အတွေးနဲ့
ကြည့်ဖို့ တင်ပေးလိုက်ပါတယ်။

(အရှေ့တိုင်း နဲ့ အနောက်တိုင်း ယဉ်ကျေးမှု ကွာတယ်ဖြစ်မှာစိုးလို့ …)
1 to 4 က အရှေ့တိုင်း ခေါင်းဆောင် တွေဖြစ်ပြီး
5 to 8 က အနောက်တိုင်း ခေါင်းဆောင် တွေဆိုပြီး ခွဲခြားတင်ပေးပါတယ်။

1. China's President and Brazil's President
2. President U Thein Sein (in Auckland, New Zealand)
3. Prime Minister of India and BJP senior leader
4. Prime Minister of Japan and Prime Minister of Turkey
5. Pope Francis and (former) Israel's President
6. German Chancellor and French President
7. U.S. President and Jay Carney (29th White House Press Secretary)
8. (former) President of Israel and (former) U.S. Secretary of State

ပုံတွေမှာမြင်ရတဲ့ အတိုင်း ….
မိန်းမနဲ့ ယောက်ျား တွေ့မှသာ ရင်းရင်းနှီးနှီး ဆက်ဆံကြတာမဟုတ်ပဲ
ယောက်ျား၊ယောက်ျား ချင်းလည်း တရင်းတနှီး နွေးထွေစွာဆက်ဆံ ကြတယ်ဆိုတာ
မြင်တတ်ပါစေ။ အဲဒါကိုလည်း gay တွေ .. sissy တွေ ဆိုပြီး မလုပ်လိုက်နဲ့ဦးနော်။

(mhp)

credit to …. Original photo uploaders

No comments:

Post a Comment