Saturday, November 29, 2014

" နှမြောတယ် … "

" နှမြောတယ် … "
။။။။။။။။။။။။။။။။။။။။။။
@ နှမြောတယ် …
တိုင်းပြည် လူမျိုး
နိုင်ငံရဲ့အနာဂတ်ကို ထမ်းပိုးမယ်တဲ့
အဲဒီ့လူငယ်အချို့ရဲ့ခေါင်းထဲမှာ
တရားမျှတမှုတွေခမ်းခြောက်နေတာကို
... နှမြောတယ် ..။

@ နှမြောတယ် …
" ပြည်သူရဲ့ သွေးချွေးမျက်ရည်"
တတိတိကြွေပေးခဲ့ရတဲ့ လမ်းပေါ်မှာလျှောက်
ရိုက်သွင်းခံထားရတဲ့ တစ်လမ်းသွားဦးနှောက်နဲ့
အောက်ကို တစ်ချက်လေးတောင်
ငုံမကြည့်တဲ့သူတွေကို
... နှမြောတယ် …။

@ နှမြောတယ် …
အဆင့်မြင့်ပညာရပ်တွေကို
အဆင့်မြင့်နိုင်ငံတွေမှာသင်ယူ
အညွန့်တလူလူနဲ့ လူတော်တွေ …
လူကောင်းတွေဖြစ်မလာတာကို
... နှမြောတယ် …။

@ နှမြောတယ် …
မတရားမှုတွေကို ထောက်ခံ
အမှန်ကိုအမှား အမှားကိုအမှန်
အမြင်အာရုံတွေမှာ မောဟအမှောင်တွေခံနေတဲ့
မြင်ရက်နဲ့ကန်းနေတဲ့ မျက်လုံးတွေကို
... နှမြောတယ် …။

(ဘုန်းမင်းဇွန်)

credit to ... ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်

No comments:

Post a Comment