Tuesday, November 18, 2014

"ဇော"

"ဇော"
။။။။။။။
... သေဇော အကပ် မှာ
... ဇောချွေး တစ်စက် ကျတယ်
စက္ကန့်တံ တစ်ပတ် ဆိုတာ
ဝင်သက် ထွက်သက် များစွာနဲ့
ကျားကွက် ထိုးနေခဲ့ပါရဲ့… ။

သင်သေသွားသော်
သင်သည် အသက်မရှိ
သင့် အား ရပ်ကွက်မှ ရေချိုးပေးမည်
(ဂျီး) မတွန်းပေးပါ ... ။

စကားမတတ်သော
လူသေအလောင်း ဖြစ်၍
သင်ကြိုက်သော မိတ်ကပ်
လိမ်းမပေးပါ …
အပေါစား မိတ်ကပ် အချို့တော့
လိမ်းပေးကောင်း ပေးလိမ့်မည် ... ။

သင် ကြိုက်သော ပန်း အချို့
သင် ပန်ချင်မှ ပန်ရမည် သို့သော်
အပေါစား ပန်းအချို့ တော့
သင့် ဘေးမှာ ရှိနေဦးမှာပါ ... ။

သင့် အကြိုက် ဖက်ရှင်
ဝတ်ဆင်ပေးမည် ဟု
သင်ထင်ပါသလား...? ။

သင်သည် လူသေဖြစ်နေပြီ
သင့် အတွက်
ထမင်းအနည်းငယ် ရမည်
(အယ်လ်ဇေး ရှင်းမစားပါ...)
ကူးတို့ခ တမတ် ကွက်တိရမည်
(လှေ ဈေးတက်ရင် မကူးပါနဲ့တော့...)
ရေအိုး အကွဲ တစ်လုံးရမည်...

*** ခင်ဗျား က တော့
ဒီ ထက်မက ရှာခဲ့ရတယ်
ဒါပေမယ့်
ခင်ဗျား ရှာခဲ့သမျှ ရွှေငွေတွေ
ခင်ဗျား စီးခဲ့တဲ့ ကားတွေ က
ပိုင်ရှင် အသစ်ကို မျှော်နေပြီ
ခင်ဗျား လည်း တရွေ့ရွေ့ နဲ့
မီးခိုးခေါင်း တိုင်ကို မြင်နေရပြီပဲ ၊၊ ***
မပူပါနဲ့...
သူတို့ က လူသေကို လူသေလို
ဆက်ဆံကြပါတယ် ... ။

ခင်ဗျား ပေါင်ကြားကို
ဝါးလုံးနဲ့ ထိုးပြီး
လောင်စာ ဖြည့်ထားတဲ့
အခန်းငယ်လေးထဲ ထည့်လိုက်မယ် ... ။

နည်းနည်း လူကောင်ကြီးရင်
သုံးပိုင်းပိုင်း လို့ရပါတယ်
မြန်မြန် ပြာကျတာပေါ့ဗျာ .... ။

အပူရှိန်ကြောင့်
အဆီတွေ အသားတွေ ဖောင်းတက်လာရင်
သံချွန်တွေ နဲ့ ဂရုတစိုက်
ထိုးဖောက်ပေးကြလိမ့်မယ် ... ။

အသားလေး ကျက်သွားရင်
လူရုပ်မပေါက် တဲ့ ခင်ဗျားကို
ဘေးမှာ ပုံ ထားလိမ့်မယ်
စိတ်ပူပါနဲ့
အဖော်တွေ ရှိပါတယ် ... ။

ခွေးတကောင် ၀င်လာရင်တော့
ခင်ဗျား ကုသိုလ် ရပြီ ။

*** အဲဒီ အချိန်မှာ
ခင်ဗျား ရဲ့ ရာထူးကြီး က
မလုပ်ပါနဲ့လို့ မတားပါဘူး
အဲတာကြောင့်
သိပ် အတ္တ သိပ် မကြီးကြပါနဲ့ ။ ***

(ကျနော်)

credit to ... We live in Philosophy

PS .... "ယူတတ်ရင် သံဝေဂ တရား ရစရာပါ။"

No comments:

Post a Comment