Thursday, November 27, 2014

"ရေးချင်မိတဲ့ စာ(၅)"

"ရေးချင်မိတဲ့ စာ(၅)"
။။။။။။။။။။။။။။။။။။။။။။။။
(Fair Play)
၂၂ နိုဝင်ဘာလ ၊ ၂၀၁၄ နေ့က
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်
ဗွီအိုအေသတင်းဌာနတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင်
ဗိုလ်ချုပ်မှူးကြီး ကအခြေခံဥပဒေ ပြင်ဆင်ရေးသော့ချက်ဖြစ်သော
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူဦးရေ ငါးသန်းက လက်မှတ်ရေးထိုးတောင်းဆိုထားသည့်အပေါ်အောက်
ပါအတိုင်းပြောကြားခဲ့ပါသည်။
“အကယ်၍ မဲဆန္ဒ ငါးသန်းပေါ့၊ ဒီငါးသန်းရဖို့အတွက်
ဘယ်လိုကောက်လဲ၊ ပြုလဲဆိုတာတော့
ကျွန်တော်တို့ မသိပါဘူး။ ဒါကတော့ ပုံစံအမျိုးမျိုးရှိမှာပေါ့။
ဘယ်လောက်အထိ ခိုင်မာမှုရှိမယ်၊ မရှိမယ်ဆိုတာလည်း
ကျွန်တော်မပြောနိုင်ပါဘူး။ နောက်ဒီငါးသန်းဆိုတဲ့ သူတို့ပြောတဲ့
ပမာဏက လက်ရှိကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့လူဦးရေ ၅၁ သန်း
နဲ့ဆိုရင်တော့ ဆယ်ပုံ၊ တစ်ပုံပဲ ရှိတာပေါ့။
ဒီငါးသန်းရဲ့ ဆန္ဒကို အလေးထားရမှာဖြစ်သလို
တစ်ဖက်ကလည်း စောစောကကျန်နေတဲ့ ၄၆သန်းသော
ပုဂ္ဂိုလ်များ၊ လူများရဲ့အထဲမှာ ၁၈ နှစ်အထက်လူများလည်း ရှိကြမှာပေါ့။
သူတို့ရဲ့ဆန္ဒတွေကိုလည်း ကျွန်တော်တို့ကကြည့် ဖို့ လိုမှာပေါ့” .....

***********************

နောက်တစ်နေ့
၂၃ နိုဝင်ဘာ၊၂၀၁၄ နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ
သတင်းဌာနတို့ သီးသန့် တွေ့ဆုံ မေးမြန်းခန်းပြုလုပ်ရာတွင်
ဗွီအိုအေ က
“ ပြည်သူ့ဆန္ဒတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကလည်း သူတို့ရဲ့သဘောထားဆန္ဒလက်မှတ်တွေကို (၅) သန်းကောက်ယူပြီးလွှတ်တော်
ကို တင်ပြထားတာရှိပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကတော့ ကျန်တဲ့လူတွေရဲ့သဘောထားဆန္ဒတွေကို ကြည့်ဖို့တော့ လိုအုံးမယ်လို့တော့ ပြောပါတယ်။” ဟု ဆွေးနွေးတင်ပြရာ
ဒေါ်အောင်ဆန်းစုကြည် က
“ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။
ကျမတို့ကတော့ အဆင်သင့်ပဲ။”
ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။

***************************
အထက်ပါ သီးသန့်တွေ့ဆုံမေးမြန်းခန်း နှစ်ခုကို သာမန်ပြည်သူ
တစ်ယောက် အနေနဲ့ နှိုင်းယှဉ်ပြီး တွေးမိပါသည်။
ခံစားချက်တစ်ခုတော့ ရရှိမိပါရဲ့ …. “Fair Play”

(mhp)

credit to ..... original news agencies

No comments:

Post a Comment