Wednesday, November 19, 2014

“မင်းသားကြီးများ .... သို့"

“မင်းသားကြီးများ .... သို့"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“မင်းသားကြီး မလုပ်ရလျှင် မနေနိုင်သော
ထိုခေါင်းဆောင်တစ်စုတို့သည်
ပတ်မကြီးကို ထိုးဖောက်လျက် ရှိကြသည်။
၎င်းတို့ အတွက်မှာမူ ….
၎င်းတို့ခေါင်းဆောင်ဖြစ်မှုသာလျှင်
အဓိကဖြစ်သည်။
လူထု လွတ်လပ်ရေးမှာ သူတို့ ခေါင်းဆောင် ဖြစ်မှုလောက်
အရေးမကြီးပေ။

ထို့ကြောင့်လည်း သူတို့ခေါင်းဆောင် ဖြစ်ရသည့်အခါတွင်
ဗမာ့ လွတ်လပ်ရေး လမ်းစဉ်ကို မည်သို့ပင် ထိခိုက်စေကာမူ
ဂရုမစိုက်ဘဲ ထိုမင်းသားကြီး မလုပ်ရသူများသည်
ပတ်မကြီးကို ထိုးဖောက်ရန်
လုံ့လပြုခဲ့ကြသည်ကို တိုင်းပြည်လူထု၏
မျက်မြင်ပင်မဟုတ်လော။”

(ဗိုလ်ချုပ်အောင်ဆန်း)

၁၉၄၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့ ည ၆ နာရီ ၃၈ မိနစ် အချိန်တွင်
"ဗိုလ်ချုပ်အောင်ဆန်း ၏ မေတ္တာရပ်ခံချက် စာတမ်း" ကို
ဗိုလ်ချုပ် ကိုယ်စား မြန်မာ့အသံထုတ်လွှင့်ချက်မှ .....

credit to .... ourbogyoke

No comments:

Post a Comment