Thursday, November 5, 2015

"ခေါင်းဆောင်စစ်မှ ကောင်းကောင်းသိတာ"

"ခေါင်းဆောင်စစ်မှ ကောင်းကောင်းသိတာ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ကျွန်မတို့အဖွဲ့ချုပ်က
လက်နက်အားကိုးတာ မဟုတ်ဘူး။
အာဏာအားကိုးတာ မဟုတ်ဘူး။

ကျွန်မတို့အဖွဲ့ချုပ် အားကိုးရာက
တစ်ခုပဲဖြစ်ပါတယ်။

အဲဒါဟာ
ပြည်သူလူထုရဲ့ထောက်ခံမှုပဲ ဖြစ်ပါတယ်။”

(ဒေါ်အောင်ဆန်းစုကြည်)

***
"ခေါင်းဆောင်ကောင်း"

ပြည်သူကိုချစ်လို့ ပြည်သူကချစ်တာ၊
ပြည်သူကိုမြတ်နိုးလို့ ပြည်သူကမြတ်နိုးတာ၊
အသွားအပြန်မှာ မာယာမပါဘူး၊
လှည့်ဖြားတာမပါဘူး၊၊

ပြည်သူကိုအလေးထားလို့
ပြည်သူကအလေးထားတာ၊
ပြည်သူကိုဦးထိပ်ပန်လို့ ပြည်သူကဦးထိပ်ပန်တာ၊
အစုန်အဆန်မှာ ဂုဏ်ပါဝါမပါဘူး
အမိန့်အာဏာမပါဘူး၊၊

နိုင်ငံတစ်ခုပိုင်စိုးရာ အာဏာ
ပြည်သူသာ "မူလ" ပိုင်ဆိုင်သူလို့
ခေါင်းဆောင်စစ်မှ
ကောင်းကောင်းသိတာ။

(မင်းငြိမ်းခ)

No comments:

Post a Comment