Thursday, November 12, 2015

"ရဲရဲနီတော့မည်။"


"ရဲရဲနီတော့မည်။"
။။။။။။။။။။။။။။။။။။။


(fri တို့ရေ … update news ပါ။

"ဒီချုပ်အစိုးရဖွဲ့နိုင်ရန် တစ်နေရာသာလို"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ယနေ့ည ၉ နာရီတွင် ပြည်သူ့လွှတ်တော်အနိုင်ရ ၃၁ ဦးစာရင်းကို
ထပ်မံကြေညာရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၁ နေရာ
ထပ်မံရရှိသည်။

ထို့အပြင် အမျိုးသားလွှတ်တော်အတွက် အနိုင်ရသော ၂၂ နေရာစာ
ထပ်မံကြေညာရာ ဒီချုပ်က ၁၅ ဦး ထပ်မံရရှိသည်။

ဒီချုပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း
၃၆ နေရာထပ်မံရရှိသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၂၇ နေရာရရှိထားပြီး၊
အစိုးရဖွဲ့ရန်လိုအပ်သော ပြည်ထောင်စုလွှတ်တော်နေရာကို ရရှိရန်
တစ်ဦးသာ လိုတော့သည်။

မူလက ရွေးကောက်ပွဲမကျင်းပဖြစ်သော နေရာ ၇ နေရာသာရှိသည်ဟု
သိရှိထားသော်လည်း ယနေ့ည ကော်မရှင်က
ရွေးကောက်ပွဲမကျင်းပဖြစ်သောနေရာ ၉ နေရာရှိခဲ့သည်ဟု
ကြေညာသည့်အတွက်
အစိုးရဖွဲ့ရန်မှာ ယခင်တွက်ချက်ထားသော ၃၂၉ ဦးထက်လျှော့သွားပြီး
၃၂၈ ဦး(အတိအကျဆိုရလျှင် ၃၂၇.၅ ဦး)ရလျှင်
တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့ရန် လုံလောက်သွားပြီဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ဒီချုပ်က ၃၂၇ ဦးရရှိထား၍
တစ်ဦးသာလိုတော့သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင်
ရလဒ်မကြေညာရသေးသောနေရာ ၈၂ နေရာရှိသေးသည်။

source - 7Day News Journal)

**********************

(ယခင် post များ)

“ဒုတိယသမ္မလောင်းနှစ်ဦး ဒီချုပ်တင်မြှောက်ခွင့်ရရှိ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
နိုဝင်ဘာ ၁၂ရက်မွန်းတည့် ၁၂နာရီအထိ တရားဝင်ထုတ်ပြန်သော
ရွေးကောက်ပွဲရလဒ်များအရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော်အတွက် ဒုတိယသမ္မတနှစ်ဦးအမည်စာရင်းတင်သွင်းခွင့်
ရရှိသွားပြီဖြစ်သည်။

ဒီချုပ်သည် ပြည်သူ့လွှတ်တော်အတွက်
ကိုယ်စားလှယ်၁၉၆ နေရာ အထိအနိုင်ရထားရာ
ပြည်သူ့လွှတ်တော် ထိုင်ခုံစုစုပေါင်း ၃၃၀၏
ထက်ဝက် ၁၆၅ထက်
၃၁ခုံပင်ပိုမိုရရှိနေပြီဖြစ်သည်။

အမျိုးသားလွှတ်တော်အတွက်မူ ၉၅ နေရာအနိုင်ရထားရာ
အမျိုးသားလွှတ်တော် ထိုင်ခုံစုစုပေါင်း ၁၆၈၏ထက်ဝက်
၈၄ထက် ၁၁ နေရာပင်ပိုမိုရရှိနေပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွင်း
၂၅%အလိုအလျှောက်ရထားသော
တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က
သမ္မတလောင်းတစ်ဦး(ဒုသမ္မတတစ်ဦး)တင်သွင်းခွင့်ရ
မည်ဖြစ်သည်။

"အစိုးရဖွဲ့ရန်"
။။။။။။။။။။။။။။။။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းထားသော ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ် ၆၆၄ ဦးရှိရမည်ဖြစ်သော်လည်း မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့၍
ပြည်သူ့ လွှတ်တော်တွင် ၄၃၃ ဦးနှင့်
အမျိုးသားလွှတ်တော်တွင် ၁၆၈ ဦး
စုစုပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ၆၅၇ ဦး
ရှိမည်ဖြစ်သည်။

လွှတ်တော် နှစ်ရပ်နှင့် တပ်ကိုယ်စားလှယ်များ
တင်မြှောက်သည့် ဒုတိယသမ္မတ သုံးဦးအနက်
မဲအများဆုံးရရှိသူက သမ္မတ ဖြစ်မည်ဖြစ်ရာ
ပြည်ထောင်စုလွှတ်တော်တွင်
ကိုယ်စားလှယ် ၆၅၇ ဦး၏ ထက်ဝက်ကျော်
၃၂၉ ဦး ရရှိမည့်ပါတီကသာ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

(fri တို့ရေ …
ဒီချုပ်အစိုးရဖွဲ့နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် မှာ 
ဒီချုပ်ကိုယ်စားလှယ် ၃၂၉ ဦး ရအောင်
ဆက်လက်ဆုတောင်းကြပါစို့ …. ။)

credit to ... 7Day News Journal &
Eleven Media Group

No comments:

Post a Comment