Friday, November 27, 2015

"လွယ်လည်းလွယ် ခက်လည်းခက်"

"လွယ်လည်းလွယ် ခက်လည်းခက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


"အတော်" တွေကြားထဲမှာ
"အတော်ဆုံး"ကို ရွေးရသည်မှာ
လွယ်လည်းလွယ်၏။ ခက်လည်းခက်၏။

ခက်သည်မှာ မတိမ်းမယိမ်းများ
အပြိုင်ရှိနေသောကြောင့် ဖြစ်၏။

လွယ်သည်မှာ မိမိတို့၏ပမာဏကို
မိမိတို့ကိုယ်တိုင်က
အပ်ကျမတ်ကျ သိနေသောကြောင့် ဖြစ်၏။

မိမိတို့၏ပမာဏကို
မိမိတို့က အပ်ကျမတ်ကျ သိနေပါလျှင်
ရိုးသားသူများအနေဖြင့် မိမိတို့ထက်တော်သူကို
နေရာပေးရန်အတွက်
ဆုတ်ဆိုင်းစရာ ဘာမျှ အကြောင်းမရှိ။

မိမိတို့အရည်အချင်းကို မိမိတို့သိကြ၍
ရိုးသားဖြူစင်သူများ၏ အကြား၌
နေရာမှန်၊ လူမှန် ရွေးချယ်မှုသည်
များစွာပင်လွယ်ကူပါ၏။

(ဦးရွှေအောင်၏ ဓမ္မပဒမှ)

credit to ... ရနံ့စံအိမ်

No comments:

Post a Comment