Wednesday, November 18, 2015

"သင့်ထက်မိုက်သူ ရှိခြိမ့်လော"

"သင့်ထက်မိုက်သူ ရှိခြိမ့်လော"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


– အားပေးရှိလျက် အားမတက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– လမ်းကောင်းသိလျက် ပြောင်းမတက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– လမ်းမှားသိလျက် သွားမပျက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– ကောင်းမှန်းသိလျက် ပေါင်းမဖက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– မြတ်ခြေရှိလျက် ရှုံးတွက်တွက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

– ရှုံးမှန်းသိလျက် လျော့တွက်တွက်
သင့်ထက်မိုက်သူရှိခြိမ့်လော။

– မုန်းမှန်းသိလျက် ပေါ့ပေါ့တွက်
သင့်ထက်မိုက်သူ ရှိခြိမ့်လော။

(မဟာဗောဓိမြိုင် ဆရာတော်)

မောင်သွေးချွန် ပေးပို့ပူဇော်သည်။

credit to - Popular Journal

No comments:

Post a Comment