Friday, November 20, 2015

"အပြာရောင် နေ့သစ်များဆီသို့"

"အပြာရောင် နေ့သစ်များဆီသို့"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ယမ်းငွေ့တွေကြားမှာ
ကြောက်လန့်မှုတွေစားသုံးရင်း
ဖက်နဲ့ထုပ်ထားရတဲ့အသက်တွေ
မြက်တစ်ပင်လောက်မှ တန်ဖိုးမရှိဘူးလား။

အာဃာတတွေ အမုန်းတရားတွေနဲ့
သံသယမျက်လုံးတွေနဲ့
ရန်တွေပွားနေတဲ့လူတွေကြားထဲ
အသက်ရှုကြပ်တဲ့ဘ၀ကြီး
နေ့ရက်တိုင်းဟာ လှပါနေပါဦးမလား။

တိုက်ထုတ်လိုက်စမ်းပါ၊
ရင်ထဲက အငြိုးတွေကို
သတ်ပစ်လိုက်စမ်းပါ
ဒေါသမာနတွေကို

အားလုံးကို ခဏမေ့ပြီး
ခဏလောက်လိုက်ခဲ့စမ်းပါ
သဘာဝရဲ့အလှတရားကို
အတူတူသုံးဆောင်ကြရအောင်

စစ်မဖြစ်တဲ့နေရာ
သွေးနံ့ကင်းရာမြေ
အမုန်းမရှိတဲ့ကမ္ဘာကြီးကို
အတူတူတည်ဆောက်ကြရအောင်
ငြိမ်းချမ်းရေး ချိုးငှက်ကလေးကို
လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးကြစမ်းပါ
ငါတို့အတူတူ ...
တိမ်တွေခူးစားကြမယ်လေ ... ။ ။

(Naungye)

credit to ..... poemscorner

No comments:

Post a Comment