Friday, September 4, 2015

"အနိမ့်ဆုံးတာဝန် ထမ်းစေချင်"

"အနိမ့်ဆုံးတာဝန် ထမ်းစေချင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


သစ်ပင်တို့၏ တန်ဖိုး၊ သစ်ပင်တို့ ၏ ကောင်းကျိုးကို
ကျွန်တော်တို့ အကြိမ်ကြိမ် အဖန်ဖန်ကြားဖူးပါသည်။
သို့သော် -
ကျွန်တော်တို့သည် သစ်တစ်ပင်ကိုမျှပင် စိုက်ပျိုးခဲ့ဖူးသူများ
ဖြစ်ကောင်းမှ ဖြစ်ကြပါလိမ့်မည်။

ထို့အတူ -
ဒီမိုကရေစီ၏ ကောင်းကျိုး၊ ဒီမိုကရေစီ၏ တန်ဖိုးကို
ကြိမ်ဖန်များစွာ နားလျှံအောင်ပင် ကြားဖူးကြပါသည်။
သို့တိုင် ဒီမိုကရေစီထွန်းကားရေးအတွက် ဆောင်ရွက်ရာတွင်
သဲတစ်ပွင့်အဖြစ်ပင် ပါဝင်ကောင်းမှ
ပါဝင်ဖူးကြပေလိမ့် မည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ တိုင်းပြည်ကောင်းစေလိုလျှင်
အနိမ့်ဆုံးတာဝန်တစ်ရပ်အနေဖြင့်
သစ်တစ်ပင်စိုက်ဖြစ်အောင် စိုက်ပျိုးရမည်ဖြစ်သကဲ့သို့
ဒီမိုကရေစီရေး၏ အနိမ့်ဆုံးတာဝန်ဖြစ်သော
မဲပေးခြင်းကို မဖြစ်မနေ ဆောင်ရွက်ကြရပါမည်။

အခြားသူများကိုလည်း မဲပေးနိုင်ရေး
စည်းရုံးဆောင်ရွက်ရန်လိုပါသည်။

သစ်တစ်ပင်ရှင်သန်နိုင်မှု အတွက်
ရေသောက်မြစ်သည် အရေးပါသကဲ့သို့
မဲပေးနိုင်မှုအတွက် မဲစာရင်းမှန်ကန်ရေးမှာ
အဓိကကျပါသည်။

အဓိကကျသော မဲစာရင်းမှန်ကန်ရေးအတွက်
အစွမ်းကုန်အားထုတ် ဆောင်ရွက်ကြရန်
နှိုးဆော်တိုက်တွန်းလိုပါသည်။

“နောက်ဆုံးမဲစာရင်း စက်တင်ဘာ ၁၄ ရက်နေ့
ထုတ်ပြန်မည်။”

ဆောင်းပါးရှင် "အောင်စည်" ၏
"သစ်တစ်ပင်" ဆောင်းပါးမှ

credit to ... 7daydaily & RFA

No comments:

Post a Comment