Sunday, September 20, 2015

"ရှက်တတ်ကြပါ"

"ရှက်တတ်ကြပါ"
။။။။။။။။။။။။။။။။။။။။

"ထပ်မံထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် 
မဲစာရင်း အမှားများနှင့် ပတ်သက်၍
သူတို့၏ စကားသံများ"       

“မှားပြီးသားကလည်း ထပ်မှားတယ်။
ပြင်တယ်သာ ပြောတယ်။
မှန်ပြီးသားတွေ ပြန်မှားသွားတာကို ကြားရတယ်။
မဲစာရင်းကိုတောင် မှန်အောင် မလုပ်နိုင်ဘူးဆိုရင်
တိုင်းပြည် တစ်ပြည်ကိုဘယ်လိုတည်ထောင်နေကြလဲ
ဆိုတာကို မေးခွန်းတစ်ခု မေးစရာဖြစ်နေတယ်။”

(ဒါရိုက်တာ ၀ိုင်း)

=====
"မဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူနိုင်မယ် ဆိုတာက
ကော်မရှင်က ကိုယ့်တာဝန် ကိုယ်မကျေတာပေါ့။
ရွေးကောက်ပွဲ တစ်ခုဆိုတာက မဲစာရင်းပေါ် အခြေခံပြီး
ရွေးကောက်ပွဲ လုပ်ရတာလေ။
အစကတည်းကမှ ရွေးကောက်ပွဲမှာ မဲစာရင်းက မမှန်ကန်ဘူး၊
၃၀ ရာခိုင်နှုန်းလောက်ပဲ တာဝန်ခံနိုင်မယ်။
ကျန်တဲ့ ၇၀ ရာခိုင်နှုန်းလောက်က တာဝန်မခံ နိုင်ဘူးဆိုရင်
အဲဒီမဲစာရင်းပေါ် အခြေခံပြီးလုပ်တဲ့ ရွေးကောက်ပွဲ
ဘယ်လိုမှန်နိုင်မှာလဲ” 

ဦးဝင်းမြင့်
(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)

=====

"ခဏ ခဏ မှားယွင်းတယ်ဆိုတာ ယုတ္တိမရှိပါဘူး။
လက်ရှိမဲစာရင်း အခြေအနေတွေအရ ဆိုရင်တော့
ဥက္ကဋ္ဌ ဦးတင်အေးအပေါ်မှာ
ဂျာနယ်လစ် တစ်ယောက် အနေနဲ့ရော၊
မဲဆန္ဒရှင်တစ်ယောက် အနေနဲ့ရော
သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကို
စနစ်တကျ ကျင်းပပြုလုပ် ပေးနိုင်လိမ့်မယ်လို့
မယုံကြည်ပါဘူး”

ဒေါက်တာ သန်းထွဋ်အောင်
(CEO-Eleven Media Group)

"မဲစာရင်း အမှားများက ရွေးကောက်ပွဲ ကော်မရှင်အပေါ်
သံသယ ပိုများလာစေခဲ့" သတင်းဆောင်းပါး မှ

credit to ... Eleven Media Group

No comments:

Post a Comment