Monday, September 14, 2015

"ဖတ်ပါ၊မှတ်ပါ၊လိုက်နာပါ"

"ဖတ်ပါ၊မှတ်ပါ၊လိုက်နာပါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။


(၁) စာမဖတ်တတ်သောသူသည်
“မျက်မမြင်” နှင့် တူ၏။

(၂) စာဖတ်တတ်ပါလျက် မဖတ်သောသူသည်
အသွားရှိပါလျက် မခုတ်ဘဲထားသော “ဓား” နှင့် တူ၏။

(၃) စာဖတ်ပါလျက် မှတ်သားခြင်း မရှိသောသူသည်
“ရေပြင်၌ ရေးထား သော အရုပ်” နှင့် တူ၏။

(၄) မှတ်သားပါလျက် ကျိုးကြောင်းမှန်မှား
မစဉ်းစားသောသူသည်
အစာအာဟာရကို ညက်ညက်ဝါးမစားဘဲ
မျိုချ၍ ၀ါးစားသောသူနှင့် တူ၏။

(၅) ကျိုးကြောင်းမှန်မှား စဉ်းစားပြီး၊
အမှန်ကိုသိပါလျက် လက်ခံကျင့် သုံးခြင်းမရှိသောသူသည်
ဟင်းလျာ၏ အရသာကို မြည်းစမ်းကြည့်ပြီး၊
ကောင်းမှန်းသိပါလျက်
“မစားသုံးသော သူ”နှင့်တူ၏။

(လေးအိမ်စု အရှင်ဝိစိတ္တသာရ)

(ဗုဒ္ဓဓမ္မလောက စာစောင်မှ)

credit to .... Aung Gratis Education Centre

PS -

ထို တူခြင်း (ငါး) မျိုးထဲမပါအောင်
စာကောင်းပေကောင်းများကို
ဖတ်ရုံနှင့်မပြီး
မှတ်သားဖို့လည်း လိုပါသည်။
မှတ်သားထားသည်တို့ကိုလည်း
လိုက်နာကျင့်သုံးနိုင်မှသာ
စာပေ၏တန်ဖိုးကို
ရရှိခံစားနိုင်ပေမည်။

(mhp)

No comments:

Post a Comment