“သမိုင်းမှာ မင်းတရားခံဖြစ်မယ် ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်။
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်။
တရားဆိုတာ
ညှာလဲမညှာ၊
ညာလဲမညာ၊
သာစေ နာစေမရှိ၊
ပကတိ သူ့သဘောသူ ဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အတ္ထုပ္ပတ္တိ၊
ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အနာဂတ်၊
မပတ်သက်ချင်လို့ မရ၊
မစပ်ဆက်ချင်လို့ မရ၊
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ ။ ။
( တင်မိုး )
credit to ... floating air
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ်။
ငါမမှန်ရင်
ငါတရားခံဖြစ်မယ်။
တရားဆိုတာ
ညှာလဲမညှာ၊
ညာလဲမညာ၊
သာစေ နာစေမရှိ၊
ပကတိ သူ့သဘောသူ ဆောင်ခြင်းပဲ။
ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အတ္ထုပ္ပတ္တိ၊
ဒီနေ့ မင်းရဲ့ လုပ်ရပ်ဟာ
နောင်နေ့ မင်းရဲ့ အနာဂတ်၊
မပတ်သက်ချင်လို့ မရ၊
မစပ်ဆက်ချင်လို့ မရ၊
မင်းဘဝကို မင်းကသာပြဌာန်းတယ်။
မင်း ဘာလဲ
မင်း ဘယ်သူလဲ
မင်းဟာ မင်းပဲ ။ ။
( တင်မိုး )
credit to ... floating air

No comments:
Post a Comment