Thursday, March 12, 2015

“လူမှန်ဆို … Sorry”

“လူမှန်ဆို … Sorry”
။။။။။။။။။။။။။။။။။။။။။။။။

ဥက္ကဌကြီးက မန်နေဂျာ သုံးယောက်ကို ခေါ်ပြီး
မေးခွန်း တစ်ခုမေးတယ် ။

၂+၂ = ၅ မှန်သလား ?

ပထမ မန်နေဂျာက
"လုံးဝ တစ်ရာ ရာခိုင်နှုန်းမှန်ပါတယ် .. ဥက္ကဌကြီး "

ဒုတိယ မန်နေဂျာက
"၂ + ၂ မှာ ၁ ထပ်ပေါင်း လိုက်ရင် ၅ မှန်ပါတယ်"
လို့ ဖြေတယ် ။

တတိယ မန်နေဂျာက
"လုံးဝ မှားပါတယ် ၂ + ၂ = ၄" ရပါတယ် ။

နောက်တစ်နေ့ ရုံးတက်ချိန်မှ စပြီး တတိယ မန်နေဂျာကို
ရုံးမှာ နောက်ထပ် မတွေ့ရတော့ပါ ။

တတိယ မန်နေဂျာ ကိုမှ ဘာကြောင့် အလုပ်ဖြုတ်လိုက်တာလဲ ဆိုပြီး
ဥက္ကဌ ကြီး လက်ထောက်က စောဒက တက်တယ် ။

ဥက္ကဌကြီးက ရှင်းပြတယ် ။

ပထမ မန်နေဂျာ က
"လူလိမ် ဖြစ်တယ် သူ လူလိမ် ဆိုတာလည်း သူသိတယ်။"
[သူနဲ့ အလုပ်ဖြစ် နိုင်တယ်။]

ဒုတိယ မန်နေဂျာ က
"ဥာဏ်ပညာ ရှိတယ် ။ သူ ဥာဏ်ပညာ ရှိတာလည်း သူသိတယ်။"
[သူလည်း အလုပ်ဖြစ်တယ်။]

တတိယ မန်နေဂျာက
"လူမှန် ။ သူ လူမှန်ဆိုတာလည်း သူသိတယ်။"
[သူကျတော့ လူ့ဂွစာ အရမ်း လက်ပေါက်ကပ် ပြီး
ပေါင်းသင်းရ ခက်မယ်။]

ဒါကြောင့် သူ့ကို မလိုတာ ရှင်းပြပြီးတာ နဲ့
သူ့လက်ထောက်ကိုပါ မေးခွန်း ထုတ်လိုက်တယ်။
မင်းရော ဖြေပါအုံး

"၂ + ၂ = ၅ မှန်သလား ?"

လက်ထောက်က ပျာပျာသလဲ နဲ့
"ဆရာကြီး အခုလို ရှင်းပြလို့ သဘောပေါက်သွားတာ ။
ဆရာ့ ပညာ အရမ်း မြင့်တယ် နက်နဲတယ် ။
ဆရာ့ လို ပညာရှိ စကားကို တပည့်လို ဘာမဟုတ်တဲ့ ကောင်က
ဖွင့်ဆို နိုင်စွမ်း မရှိပါဘူး" ဆိုတော့

ဥက္ကဌ ကြီးက
"မင်းက လူလည် လူပါး။လူ ချစ်ခင်တယ်။"

ဝမ်းနည်းစရာပဲ ဒါ ... ဒို့ ရဲ့ ဒီခေတ်ရဲ့ လက်ရှိ အခြေနေတွေပါပဲ ။

"ဒီလို မေးခွန်းတွေကို မိတ်ဆွေတို့ ဆိုရင်ရော ဘယ်လို ဖြေကြမလဲ ?"

(အတွေး)

credit to .... အတွေး

No comments:

Post a Comment