Sunday, March 1, 2015

"အမဲစက်လေး တစ်စက်"

"အမဲစက်လေး တစ်စက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဆရာက အဖြူရောင်စက္ကူ  ပေါ်မှာ
အနက်ရောင်မှင်စက်လေးတခုကိုချ ပြပြီး
ကျောင်းသားတစ်ယောက်ကိုမေးတယ်
"ဘာမြင်လဲ? ... ဖြေတဲ့ ...."

ကျောင်းသားကလည်း
"အနက်ရောင်အစက်လေးမြင်ပါတယ်"
လို့ဖြေတယ်။

ဆရာက
"ဒါပဲမြင်တာလား" လို့ ထပ်မေးတယ်။

ကျောင်းသားက
"ဟုတ်တယ် ဒါပဲမြင်ပါတယ်" တဲ့ ...

ဒီလိုနဲ့ ဆရာက ကျောင်းသားတွေအားလုံးကို
မေးလိုက်တယ်
ဘာမြင်လည်းဖြေပေါ့ ....

ကျောင်းသားအားလုံးကလည်း
"အနက်ရောင်အစက်လေးပဲ မြင်ပါတယ်"
လို့ဖြေတယ်။

အဲဒီမှာဆရာက ကျောင်းသားတွေအားလုံးကို
ထပ်ပြီးမေးလိုက်တယ်
"ဒီလောက်ကြီးတဲ့အဖြူရောင် စက္ကူ  ကိုမမြင်ကြပဲ
အနက်ရောင်အစက်ကလေးကိုမှ ဘာလို့မြင်ကြတာလဲ? တဲ့ ...

အဲဒီမေးခွန်းလေးကို ကျနော်အရမ်းကြိုက်တယ် ...

ကျနော်တို့လူ့လောကမှာလည်း
လူတစ်ယောက်ရဲ့
အမဲစက်လေးတစ်စက်ကိုပဲမြင်နေမဲ့အစား
သူ့မှာရှိတဲ့ အဖြူ  ရောင်စက္ကူ  လေးကို
ကိုယ်စားပြုတဲ့ ကောင်းကွက်လေးတွေကို
မြင်အောင်ကြည့်ပေးကြမယ်ဆိုရင်
လူ့လောကကြီးဟာ ပျော်ရွှင်စရာကောင်းလာမယ်
ဆိုတာ သေချာပါတယ် ။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to ... LIFE

PS ...
အောက်ဆုံးအပိုဒ်ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)

No comments:

Post a Comment