Thursday, March 19, 2015

"ချင့်ချိန်ပြီးတော့ ယုံ"

"ချင့်ချိန်ပြီးတော့ ယုံ"
။။။။။။။။။။။။။။။။။။။။။။။


ဒို့ဗမာပြည်က ကောလာဟလနဲ့ ပတ်သက်ရင် အတော်ရယ်စရာကောင်းတာ၊
ဘာမှ စစ်စစ်ဆေးဆေး မရှိဘူး၊

ဒီတော့ မင်းတို့ခေတ်မှာ အဲဒီ ကောလာဟလတွေ ခဏခဏဖြစ်အောင်
လုပ်နေတယ်၊ ဘယ်အဖွဲ့အစည်း လုပ်နေသလဲ မသိဘူးပေါ့ကွာ၊
ဒါ သူတို့သိမှာပေါ့၊

ဘာမှ အကျိုးမရှိဘူး၊ ဘာဖြစ်သွားပြီ၊ ညာဖြစ်သွားပြီ၊ ဘယ့်နှယ်လုပ်လိုက်တယ်၊ ညာနှယ်လုပ်လိုက်တယ်၊
ဒါတွေကို မဆင်မခြင် မစဉ်းစားဘဲ ကြားသမျှ အကုန် မယုံရဘူး၊

မင်းတို့ ဘိုးတော်လက်ထက်က ဦးပေါ်ဦးလျှောက်ထုံး၊
ဦးပေါ်ဦး လျှောက်ထားတယ်၊ ဘိုးတော်က သူများ ကုန်းတိုက်တဲ့ဟာတွေကို
သူက နဲနဲယုံတဲ့ အလေ့အထ ရှိပုံရပါတယ်၊

အဲဒီလို ယုံတဲ့အလေ့အထရှိတော့ တနေ့ ဦးပေါ်ဦးက လျှောက်တယ်၊
"မှန်ပါဘုရား၊
အရှင်မင်းကြီးရဲ့ ဆင်ထိန်းက အရှင်မင်းကြီးရဲ့ ဆင်တော်ကြီးကို
တကောင်လုံး ပြုတ်ပြီးတော့ စားဖို့ ကြံစည်နေပါတယ်ဘုရား၊"

အဲဒီလိုလျှောက်တော့ ဘိုးတော်က ခေါင်းကုတ်ပြီး၊
"ပေါ်ဦးရယ် ဆင်ကြီးတကောင်လုံး ထည့်ရအောင် အိုးရှိမယ်
မထင်ပါဘူးကွာ၊” လို့ ပြောတော့

 ပေါ်ဦးက ထပ်လျှောက်တယ်။
"မှန်ပါဘုရား၊
ဆင်ကိုပြုတ်စားမယ်လို့ ဆိုပေမဲ့ အိုးကို ချင့်ပြီးတော ယုံရပါတယ်” တဲ့။

မင်းတို့လဲပဲ နေရာတကာ သူများပြောတာ လျှောက်ပြီးတော့ မယုံနဲ့၊
ကိုယ့်ဗမာပြည်ရဲ့အကြောင်း သိနေပြီပဲကွ၊
ဗမာပြည်ရဲ့ အလေ့အထ ဘယ်လိုလဲ?
ပညာညာဏ်နည်းတယ်၊
ပညာညာဏ်နည်းတော့ ထိုင်ပြီးတော့ ကောလာဟလတွေ လွှင့်နေကြတယ်၊
ဒါ ဗမာပြည်ရဲ့ အလေ့အထပဲ၊
ဒီတော့ ကောလာဟလသတင်းတွေ ခဏခဏဖြစ်တတ်ပါတယ်၊
မင်းတို့ အဲဒါတွေ ချင့်ချိန်ပြီးတော့ ယုံ။

(မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ)

credit to ....
မစိုးရိမ်တိုက်သစ် ရတနာပုံနေပြည်တော် မဟာအောင်မြေ

No comments:

Post a Comment