Saturday, March 28, 2015

“ဗဟိုချုပ်ကိုင်မှု့ ဆိုသည်မှာ …”

“ဗဟိုချုပ်ကိုင်မှု့  ဆိုသည်မှာ …”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တခါက ဒီမိုကရေစီ နိင်ငံတစ်နိုင်ငံနှင့်
ဗဟိုချုပ်ကိုင်မှု့စနစ် ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံတို့ အကြား
ဆွေးနွေးပွဲ ကျင်းပနေကြသည်။

ဆွေးနွေးနေကြစဉ်
ဒီမိုကရေစီ နိုင်ငံဖက်မှ အရာရှိတစ်ဦးက ခြေ ထောက်ဆန့်လိုက်ရာ
တဖက် နိုင်ငံမှ စကားပြန်အမျိုးသမီး၏ ခြေထောက်ကို မတော်တဆ
ထိမိသွားသည်။

ချက်ချင်းပင် အရာရှိက ယင်းအမျိုးသမီးအား ခွင့်လွှတ်ရန်
တောင်းပန်လိုက်သည်။

ယင်းသို့ တောင်းပန်ခြင်းကို အမျိုးသမီးက ဘာမှမတုံ့ ပြန်ဘဲ
နံဘေးရှိ သူ့နိုင်ငံမှ ဗိုလ်ကြီးတစ်ဦးကို ကပ်၍ တစုံတရာကို
တီးတိုး ပြောလိုက် သည်။ ယင်းဗိုလ်ကြီးက သူ၏ ဘေးရှိ ဗိုလ်မှုးကြီးအား တဆင့်တီးတိုး ပြောလိုက်ပြန်သည်။ ဗိုလ်မှုးကြီး ကသူ့ ဘေးရှိ
ဗိုလ်ချုပ်ကြီးအား တီတိုး ပြောလိုက်ပြန်သည်။

ဗိုလ်ချုပ်ကြီးက အစည်းအဝေးခန်းမ၏ အပြင်သို့ ထွက်ပြီး
သူ၏ နိုင်ငံရှိ ခေါင်းဆောင်ကြီးထံသို့ ဖုန်းခေါ် လိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ ပြန်ဝင် လာပြီး
ဗိုလ်မှုးကြီးအား တိုးတိုး ပြောလိုက်သည်။
ဗိုလ်မှုးကြီးက တဖန် ဗိုလ်ကြီးကို ပြန်၍ တီးတိုး ပြောလိုက်ပြန်သည်။
ဗိုလ်ကြီးက စကားပြန် အမျိုးသမီးအား နားအနား ကပ်၍ ပြောပြန်သည်။

ထိုအခါကျ မှ စကားပြန်အမျိုးသမီးက မတော်တဆ ထိမိလာသူ
တဖက်နိုင်ငံမှ အရာရှိအား
"ကိစ္စမရှိပါဘူးရှင်" ဟု ပြန်ပြော လိုက်လေတော့သည်။

(ဖုန်းလိုင်းများ ကောင်း၍ တော်ပေသေးသည်။
သို့မဟုတ်က နောက်နေ့မှပြန် ပြောနိုင်လိမ့်မည် ထင်သည်။)

(Ooba San)

credit to .... lubo601

No comments:

Post a Comment