Saturday, March 14, 2015

“ဆန္ဒ နဲ့ လက်တွေ့ဘဝ”

“ဆန္ဒ နဲ့ လက်တွေ့ဘဝ”
။။။။။။။။။။။။။။။။။။။။။။။။။။။


@ တို့ လိုချင်တာက
ဒီမိုကရေစီ အစစ်
တို့ ရနေတာက...
စစ် ဒီမိုကရေစီ ။

@ တို့တွေ အားကိုးတာက
တရားဓမ္မ
တို့တွေ ဖြစ်နေတာက
အဓမ္မ တရား ။

@ ငါတို့တွေ မျှော်မှန်းတာက
သာယာဝပြောတဲ့ ရွှေနိုင်ငံ
ငါတို့တွေ ရောက်သွားတာက
“ဝ” ပြောသမျှ
သာယာနေရတဲ့ ဟိုဝှာနိုင်ငံ ။

@ ကဲ ... ပြောပြန်ရင်လည်း
လက်ထိပ်စော်နံ
ခံနေရပြန် ရင်လည်း
သေချင်စော်နံ ။

@ အမှန်တရား ဆိုတဲ့အရာဟာ
ယောင်လို့တောင်
မရှာနိုင်သေးတဲ့ဘဝမှာ
ကျောချလည်း ဓားပြမှန်းမသိသေး ။

ဟိုဒင်းချလည်း အာသာကမပြေသေးတဲ့နောက်
မမှားလည်း မှောက်သာခံရုံမှတပါး
တစ်ခြား ဘာများတတ်နိုင်ဦးမည်နည်း ။

(ခန့်ညီဖေ)

credit to ... mr7cho

No comments:

Post a Comment