Wednesday, February 3, 2016

“စားကျက်သစ်သို့”

“စားကျက်သစ်သို့”
။။။။။။။။။။။။။။။။။။။။။


''လာဘ်ပေးလာဘ်ယူပပျောက်ဖို့ဆိုရင်
လာဘ်ပေးလာဘ်ယူ ဥပဒေရှိတယ်။
လာဘ်ပေးလာဘ်ယူပပျောက်ရေး
ကော်မရှင်လည်း ရှိတယ်။

ဒါပေမဲ့ ဥပဒေ ရှိတာကို
ဥပဒေအတိုင်း မဆောင်ရွက်လို့
တရားဥပဒေ မစိုးမိုးနိုင်တာပါ။

လာဘ်စားရင် အရေးယူရမယ်။တရားစွဲ ရမယ်။
ပြစ်ဒဏ်ပေးရမယ်။

အဲဒီလို ဥပဒေအတိုင်းမလုပ်ဘဲ
ပင်စင်ပေး တာတို့၊ နယ်ပြောင်းတာတို့က
နေရာသစ်မှာ စားကျက်သစ် ပေးလိုက်သလိုပါပဲ။''

(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်)

မှတ်ချက်-
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ
အတွင်းရေးမှူးတာဝန်ထမ်းဆောင်စဉ်က ပြောခဲ့သော
စကားပါ။
ယနေ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပြီမို့
လာဘ်ပေးလာဘ်ယူပြုတတ်သူများ
သတိထား ဆင်ခြင်ကြပါကုန်။
(mhp)

credit to .... Yangon Media Group

No comments:

Post a Comment